ပန်းသီးအပင်ပုပ်ရောဂါ ဖိုက်တိုပသိုရာ
Phytophthora ဟာ အပင်တစ်ပင်ရဲ့ ကျန်းမာသန်စွမ်းမှုကို ယုတ်လျော့စေတဲ့ မှို ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သူဟာ ပင်စည်နဲ့ အမြစ်အပါအဝင် အပင်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးကို တိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။
ပန်းသီးပင်ဟာ Phytophthora ရောဂါကူးစက်ခံရတယ်လို့ သံသယရှိပါက arborvitae ချုံပင် (Thuja) သေဆုံးခြင်း ရှိ၊ မရှိ သိရှိရန် စမ်းသပ်မှု ပြုလုပ်ပြီးလေ့လာနိုင်ပါတယ်။ ချွန်ထက်တဲ့ ဓားတစ်ချောင်းကိုယူပြီး ပင်စည်ရဲ့အပြင်ဘက်အခေါက်ကို အနည်းငယ်ဖယ်ထုတ်ပြီး အောက်ခံအသားရဲ့ အရောင်ကို စစ်ဆေးရပါမယ်။ ကျန်းမာတဲ့ အပင်ရဲ့အသားဟာ စိမ်းနေမှာဖြစ်ပြီး ရောဂါရှိပါက အသားဟာ လိမ္မော်ရောင် (သို့မဟုတ်) အညိုရောင်ဖြစ်နေပါလိမ့်မယ်။
ဒီရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ညစ်ညမ်းခြင်းကြောင့် ဖြစ်ပါတယ်။ စိုက်ခင်းရဲ့ မြေဆီလွှာ၊ သွင်းရေ (သို့မဟုတ်) အပင်ကိုယ်တိုင် ညစ်ညမ်းမှု (ရောဂါရှိနေပြီးသား) ရှိတာကြောင့် ဖြစ်ပါတယ်။

ကြိုတင်ကာကွယ်ဖို့အတွက် အထက်ဖော်ပြပါ ညစ်ညမ်းမှုတွေကို သတိထားရမဲ့အပြင် မှိုပေါက်ပွားမှုတွေကို ကာကွယ်ဖို့တွက် အစိုဓာတ်ကိုလည်း သတိပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Phytophthora ဟာ စိုစွတ်တဲ့ အခြေအနေမှာ ရှင်သန်ပေါက်ပွားနိုင်တာကြောင့် ဖြစ်ပါတယ်။
ပန်းသီးပင်မှာ ကျရောက်တတ်တဲ့ ရောဂါတွေကိုကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုက ပန်းသီး ခူးဆွတ်ရိတ်သိမ်းပြီးနောက် မှိုသတ်ဆေးအသုံးပြုခြင်းဖြစ်ပါတယ်။ မှိုရောဂါတွေကို ထိရောက်စွာကာကွယ်ပေးနိုင်တဲ့ မှိုသတ်ဆေးများစွာ ရှိပါတယ်။
အချို့သော စီးပွားဖြစ် စိုက်ပျိုးသူတွေကတော့ အဖျက်ပိုးမွှားများနဲ့ ရောဂါများကို တိုက်ဖျက်ဖို့အတွက် ကော့ပါး ပါဝင်တဲ့ ဆေးများကို အသုံးပြုကြလေ့ရှိပါတယ်။
ဇင်ထူးနိုင်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026