သံချေးရောဂါ ကာကွယ်နှိမ်နင်းခြင်း(ပဲတီစိမ်း/မတ်ပဲ)
- မြန်မာအမည် = သံချေးရောဂါ
- အင်္ဂလိပ်အမည် = Rust disease
- မှိုအမျိုးအစား = Uromyces phaseoli typica (Syn: U. appendiculatus)
သံချေးရောဂါဟာ ပဲတီစိမ်း၊ မတ်ပဲနဲ့ ပဲမျိုးစုံမှာ ကျရောက်တဲ့ အရေးကြီးမှိုရောဂါတမျိုးပါ။
သံချေးရောဂါဝင်ပြီဆိုရင် အရွက်မျက်နှာပြင်တွေမှာ အနီဖု/အနီစက်တွေ ဖြစ်ပြီး အရွက်တွေ အစာမချက်နိုင်ဘဲ ခြောက်သွေ့ ကြွေကျကုန်ပါတယ်။ ကုသရလွယ်ကူတယ်ဆိုပေမယ့်၊ အချိန်နှောင်းမှသိရင်တော့ ကုန်ကျစရိတ်များပြီး အထွက်နှုန်းကို များစွာထိခိုက်စေပါတယ်။
ဒါကြောင့် ပေါ့ပေါ့ဆဆမနေဘဲ ကြိုတင်ကာကွယ် ပြင်ဆင်နိုင်ကြဖို့ ရေးသားတင်ပြပေးလိုက်ပါတယ်။
ရောဂါလက္ခဏာ

- သံချေးရောဂါ ကျရောက်နေပြီဆိုတာ သိနိုင်တဲ့ အဓိကလက္ခဏာကတော့ အရွက်မျက်နှာပြင်ပေါ်မှာ သံချေးရောင် အစက်အပြောက်လေးတွေ စတင်တွေ့ရခြင်းပါ။
- ရွက်ပြောက်ရောဂါနဲ့ ဆင်သယောင်ရှိပေမယ့် သံချေးရောဂါကတော့ အရွက်ပေါ်ကို လက်နဲ့စမ်းကြည့်ရင် ကြမ်းရှရှလေးတွေ စမ်းမိပါလိမ့်မယ်။ (ရွက်ပြောက်ရောဂါဆိုရင် အဖုမရှိပါဘူး)
- အရွက်မှာ အဓိကကျတတ်ပေမဲ့ ရိုးတံနဲ့ အသီးတွေပေါ်မှာလည်း အနည်းငယ်တွေ့ရတတ်ပါတယ်။
- အချိန်မီ ဆေးမဖျန်း/မကုသဘူးဆိုရင် သံချေးပြောက်တွေ များလာပြီး အရွက်တရွက်လုံး၊အပင်တပင်လုံး ပျံ့နှံ့ပြီး တခင်းလုံး ခြောက်သွေ့ကာ အပင်သေသွားနိုင်ပါတယ်။
ရောဂါကူးစက်ပုံ
- သံချေးရောဂါဖြစ်သော မှိုစပိုးတွေဟာ မြေကြီးထဲမှာ ရှိနေတဲ့အတွက် မိုးအုံ့ပြီး စွတ်စိုနေချိန် (သို့မဟုတ်) တညလုံး ဆီးနှင်းကျချိန်(သို့မဟုတ်) အခါမဲ့မိုး ရွာသွန်းပြီးချိန်မှာ ယူရီဒီယို စပိုးတွေ ပွားများတတ်ပါတယ်။
- မြေထဲကတဆင့် ရိုးပြတ်အကြွင်းအကျန်တွေမှာ ခိုအောင်းနေပြီး..သီးနှံစိုက်ချိန်မှာ အပင်တလသား ကျော် အပွင့်အဖူးဝင်ချိန်မှာ အောက်ဆုံး အရွက်အောက်မျက်နှာပြင်ကတဆင့် အပေါ်မျက်နှာပြင်ကိုပျံ့နှံ့ကာ သံချေးအဖုလေးတွေဖြစ်စေပါတယ်။
- ရာသီဥတု ပူနွေးစွတ်စိုချိန်မှာ မှိုစပိုးတွေဟာ လေနဲ့အတူ အခြားအပင်/အခင်းတွေကို ထပ်ဆင့် ပျံ့နှံ့ ကူးစက်စေပါတယ်။
ကြိုတင်ကာကွယ်ခြင်း
- ရိုးပြတ်အကြွင်းအကျန်များကို ရှင်းလင်းပြီးမှ စိုက်ပါ။
- ပေါင်းမြက်များ စောစီးစွာ ရှင်းလင်းပါ။
- မျိုးရင်းတူသော သီးနှံများနဲ့ သီးညှပ်စိုက်ခြင်း၊ သီးလှည့်စိုက်ခြင်းကို ရှောင်ပါ။
- ရောဂါဒဏ်ခံနိုင်သောမျိုးကို အသုံးပြုပါ။
- နိုက်ထြိုဂျင်ပမာဏ များသော ရွက်ဖျန်းများအသုံးပြုခြင်းကို ရှောင်ပါ။
အော်ဂင်းနစ်နည်းဖြင့် ကာကွယ်ခြင်း
- Salvia officinalis (ဆေးဖက်ဝင်ကလျာဏီပင်မျိုး)အပင်၊ ပူဒီနာပင် မျိုးရင်းဝင်အပင်များနှင့် Potentilla erecta( နှင်းဆီမျိုးရင်းဝင်အပင်) များမှ ညှစ်ယူရရှိသော အရည်ဖြင့် သံချေးရောဂါကိုကာကွယ်နိုင်ပါသည်။
ဓာတုမှိုသတ်ဆေးဖြင့်ကာကွယ်နှိမ်နင်းခြင်း
ရောဂါလက္ခဏာ စတွေ့တာနဲ့ အောက်ဖော်ပြပါ မှိုသတ်ဆေးတမျိုးမျိုးကို အညွှန်းပါအတိုင်း ချက်ချင်း ဖျန်းဖို့လိုပါတယ်။
- မန်ကိုဇက်/ကော့ပါး (ကြိုတင်ကာကွယ်သည့်အဆင့်)
- ဟက်ဇာကိုနာဇိုး (Hexagon) ( ဟက်ဇာဂွန်/ ပရိုမို့စ်/.....)
- ပရိုပီကိုနာဇိုး (Propiconazole) (ပရိုဝမ်း/ဂရေ့စ်/.....)
- အဇိုဇီစထရိုဘင်(Azoxystrobin) (အေဇို/ အဇို/ .....)
- သိုင်အိုဖီနိတ်မီသိုင်း (thiophanate methyl)
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Lynn
လွန်ခဲ့သော ၁ နှစ် ကGolden Lionထုပ် အေးဇိုတက်က ပိုကောင်းပါတယ် မှုိရောဂါ အားလုးဲကိုနိုင်ပါတယ်
ကိုထွေးကို
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါတယ်ဗျ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....