စေးကပ်ထောင်ချောက်များအား အကျိုးရှိရှိအသုံးပြုခြင်း
တောင်သူဦးကြီးများအနေဖြင့် သီးနှံစိုက်ခင်းများတွင် ဖျက်ပိုးများကာကွယ်နှိမ်နင်းရန် ဖျက်ပိုးကာကွယ်နည်းအမျိုးမျိုးတို့ကို အသုံးပြုလာကြပါသည်။ ပတ်ဝန်းကျင်ကိုထိခိုက်စေသော ပိုးသတ်ဆေးအသုံးပြုခြင်းကို လျော့နည်းစေရန် တစ်ခြားသော ကာကွယ်နည်းများကို အသုံးပြုလာကြသည်။ ကာကွယ်နှိမ်နင်းရာမှာ သီးနှံ၏အရည်အသွေး၊ လူသားတို့၏ ကျန်းမာရေးနှင့်လည်း ညီမျှစေရန် လိုအပ်လာပါသည်။ ယခုတင်ပြအပ်သော ဖျက်ပိုးကာကွယ်နှိမ်နင်းနည်းမှာ တောင်သူဦးကြီးများ အသုံးပြုနေသော စေးကပ်အင်းဆက် ဖျက်ပိုးကာကွယ်နည်း ဖြစ်ပါသည်။
ဖျက်ပိုးထောင်ချောက်များအသုံးပြုရာမှာ စိုက်ကွင်းအတွင်း ကျရောက်နေသော ဖျက်ပိုးများကို ပုံမှန်စောင့်ကြည့်ခြင်းအားဖြင့် အရေအတွက်လျော့ကျခြင်းဖြစ်သည်။ ထိုနည်းလမ်းကိုအသုံးပြုရခြင်းမှာ ဖျက်ပိုးများသည် စေးကပ်ထောင်ချောက်များကို ၎င်းတို့အစာအဖြစ် အသုံးပြုခြင်းကြောင့် ထောင်ချောက်အတွင်းပါရှိသော အဆိပ်များသည် ဖျက်ပိုးများကို သေစေပါသည်။ နဂျယ်များနှင့် တစ်ခြားသောပျံသန်းကောင်များသည်လည်း ထောင်ချောက်အတွင်းပါဝင်သော ကစီဓာတ်များကြောင့် ထိုဖျက်ပိုးများကို ကာကွယ်နှိမ်နင်းနိုင်သည်။ ခြင်နှင့် တစ်ခြားသောဖျက်ပိုးများကို တောက်ပသောအရောင်များဖြင့် ဆွဲဆောင်နှိမ်နင်းနိုင်သည်။
အမျိုးအစားများ
- အဝါရောင်စေးကပ်ထောင်ချောက်
- အနီရောင်စေးကပ်ထောင်ချောက်
- အပြာရောင်စေးကပ်ထောင်ချောက်
- အဝါရောင်စေးကပ်ထောင်ချောက်
အဝါရောင်စေးကပ်ထောင်ချောက်
များစွာသောဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရန် အဝါရောင်စေးကပ်ထောင်ချောက်ကို အများဆုံးအသုံးပြုကြသည်။ ကန်ဇွန်းဥတွင်ကျရောက်သော ယင်ဖြူကို ၎င်းထောင်ချောက်ဖြင့် ကာကွယ်နိုင်သည်။ ၎င်းထောင်ချောက်သည် ယင်ဖြူ၏အကောင်ကြီးအဆင့်နှင့် အရွယ်ရောက်ကောင်များ၏ အရေအတွက်ကိုပါ ကာကွယ်နိုင်ပါသည်။ အဝါရောင်စေးကပ်ထောင်ချောက်သည် တစ်ခြားသောဖျက်ပိုးများကိုလည်းကာကွယ်နိုင်ပါသည်။ ၎င်းတို့မှာ -ပျများ၊ ခြင်များ၊ ရွက်ထွင်းယင်များ၊ နဂျယ်ကောင်များ၊ ရှုးယင်ကောင်များ၊ လှေပိုးများ၊ ယင်ဖြူများ စသည်တို့ဖြစ်ပါသည်။ အဝါရောင်စေးကပ် ထောင်ချောက်သည် အထူးသဖြင့် သရက်တွင်ကျရောက်သော သီးထိုးယင်ကို ကာကွယ်ရာတွင် အလွန်အသုံးဝင်ပါသည်။ ဖျက်ပိုးများသည် အခြားသော စေးကပ်ထောင်ချောက်များထက် အဝါရောင်စေးကပ်ထောင်ချောက်တွင် ပိုမိုကပ်တွယ်မှုများသည်။
အနီရောင်စေးကပ်ထောင်ချောက်
အနီရောင်စေးကပ်ထောင်ချောက်သည် လိပ်ပြာ၊ ဖလံနှင့် နဂျီကောင်များ ကျရောက်မှုကို ထိရောက်စွာ ကာကွယ်ဟန့်တားနိုင်ပါသည်။
အပြာရောင်စေးကပ်ထောင်ချောက်
အပြာရောင်စေးကပ်ထောင်ချောက်သည် အကျိုးပြုအင်းဆက်ပိုးများဟန့်တားရန် (သို့မဟုတ်) လှေးပိုးကျရောက်မှုကို စောင့်ကြည့်စစ်ဆေးရာတွင် အသုံးဝင်သည်။ ၎င်းကို ဖျက်ပိုးအရေအတွက်များပြားလာချိန်ကျမှ ကာကွယ်ခြင်းထက် အစောပိုင်းအချိန်များတွင် အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် စေးကပ်ထောင်ချောက်များ အသုံးပြုခြင်းသည် တောင်သူဦးကြီးများအတွက် ပိုးသတ်ဆေးအသုံးပြုရန် ကုန်ကျစရိတ်ကို သက်သာစေပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေပါသည်။ ထို့ပြင် တစ်ခြားသော ဖျက်ပိုးကာကွယ်နှိမ်နင်းနည်းများဖြင့်လည်း အတူတကွ တွဲဖက်၍ ကာကွယ်အသုံးပြုနိုင်သောကြောင့် အကျိုးကျေးဇူးများစွာကို ပိုမိုရရှိမည်ဖြစ်ပါသည်။
လင်းလင်းထွန်း
Zaw Naing Soe
လွန်ခဲ့သော ၁ နှစ် ကဘယ်မှာ မှာလို့်ရသလဲ
ဦးသက်နိုင်ဦး
လွန်ခဲ့သော ၄ နှစ် ကဘာကော်ကိုသုံးရမလဲ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from လင်းလင်းထွန်း
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....