တောင်သူများအတွက် ငရုတ် ရွက်လိပ်ဗိုင်းရပ်စ်ရောဂါ
ငရုတ်သည် ဟင်းသီးဟင်းရွက်များထဲတွင် အရေးပါသော ဟင်းခက်အမွှေးအကြိုင်တစ်ခု ဖြစ်ပါတယ်။ ငရုတ်ပင်က များစွာသောဗိုင်းရပ်စ်ဖျက်ပိုးများ ဖျက်ဆီးမှုကို ခံနိုင်ရည်မရှိဘဲ အထွက်နှုန်းကို ဆိုးဆိုးရွားရွားလျော့နည်းစေတယ်ဗျ။ များစွာသော ဗိုင်းရပ်စ်ရောဂါများဖြစ်စေပြီး မှိုရောဂါ၊ အ၀ါရောင်မှိုရောဂါ၊ အရွက်များကွေးခြင်း၊ ရွက်လိပ်ခြင်း၊ အပင်များပုသွားခြင်းနှင့် အပင်ရောင်မညီကွက်ကြားဖြစ်ခြင်း စသည့်လက္ခဏာများ ဖြစ်စေသည်။ ငရုတ်ရွက်လိပ် ရောဂါဖြစ်စေသော ဗိုင်းရပ်စ် ၆၄ မျိုးရှိတယ်ဗျာ့။ ၎င်းဗိုင်းရပ်စ်ရောဂါကို ယင်ဖြူက သယ်ဆောင်လာတာပါ။
ရောဂါဖြစ်စေသောသက်ရှိ = ဂျီမီနီဗိုင်းရပ်စ် ၊ ဘီဂိုမိုဗိုင်းရပ်စ်။
ကူးစက်ပျံနှံ့ပုံ = ကိုင်းကူးကိုင်းဆက်ခြင်း။
ဖျက်ဆီးနှုန်း = တစ်နှစ်ခံပင် (သို့မဟုတ်)နှစ်ရှည်ခံပင်များ။
ရောဂါလက္ခဏာများ
၁။ အရွက်များကွေးနေခြင်း၊ ရွက်ကြောများတွင် အဖုများဖြစ်ပေါ်နေခြင်း။
၂။ အပင်၏ ကြီးထွားမှုကိုရပ်တန့်စေခြင်း၊ အရွက်၏အရွယ်အစားကိုသိသိသာသာ လျော့နည်းစေခြင်း။
၃။ ပန်းပွင့်အဖူးများ ကောင်းမွန်စွာကြီးထွားမှု မရှိခြင်း။
၄။ အစာနှင့် ရေ အသုံးပြုမှုကို လျော့နည်းစေခြင်း။
ကာကွယ်နှိမ်နင်းနည်းများ
• ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပေးရပါမယ်။
• ငရုတ်မျိုးမဟုတ်သော သီးနှံများအား အလှည့်ကျစိုက်ပျိုးပေးပါ။
• လေ၀င်လေထွက်ကောင်းစေရန်နှင့် အခြားသောပေါင်းမြက်များကို ရှင်းလင်းပေးပါ။
• စိုက်ခင်းအတွင်းရေမ၀င်စေရန် အထူးဂရုပြုပါ။
• ဖျက်ဆီးခံထားရသော အပင်များကိုစိုက်ခင်းအတွင်းရှင်းလင်းပေးပါ။(မီးရှို့ဖျက်ဆီးပါ)
• ကာဆူမင်ဆေးကို ဆေး(၁)ဆ ရေ(၁၀၀၀)ဆနှုန်းဖြင့်ဖျော်၍ ပျိုးပင်များကို ငါးမိနစ်ခန့်စိမ်၍ စိုက်ပါ။
ပိုးသတ်ဆေးများ အသုံးပြုခြင်းဖြင့်ကာကွယ်ခြင်းသည် ရောဂါသယ်ဆောင်သောဖျက်ပိုးကိုထိရောက်စွာကာကွယ်နှိမ်နှင်းနိုင်မည်မဟုတ်ပါ။ ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်ရှိပြီး နောက်ပိုင်းမှာဖျက်ပိုးများပိုွားများလာနိုင်ပါတယ်။ လိုအပ်ချိန်မှသာ ဆေးသုံးကာကွယ်ပါ။
Lin Lin Htet
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
ချစ်မင်းသန့်
လွန်ခဲ့သော ၄ နှစ် ကအပင်တွေကအလို့ဖြစ်နေတာ
ချစ်မင်းသန့်
လွန်ခဲ့သော ၄ နှစ် ကဆေးမရှိတတ်လို့ပါဆရာ
ချစ်မင်းသန့်
လွန်ခဲ့သော ၄ နှစ် ကဆရာအဒါဘာဆေးဖျန်ရတာလဲဆရာ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from လင်းလင်းထွန်း
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....