မိုးရာသီနှင့် ရော်ဘာသီးပုပ်ရွက်ကြွေရောဂါ
ရော်ဘာပင်ကို ကမ္ဘာ့နိုင်ငံတော်တော်များများတွင် စိုက်ပျိုးကာ ကမ္ဘာကြီးတွင် ဟက်တာပေါင်း ခြောက်သန်းကျော်ထိ ရော်ဘာစိုက်ကြပါသည်။ ယခုအခါ မိုးရာသီသို့ ရောက်လာပြီဖြစ်သောကြောင့် ရော်ဘာစိုက်ခင်းများတွင် ရော်ဘာသီးပုပ်ရွက်ကြွေရောဂါသည် ကျရောက်လာတတ်ပါသည်။
ရော်ဘာသီးပုပ်ရွက်ကြွေရောဂါဆိုသည်မှာ မိုးရာသီတွင် မိုးလေးရက်ဆက်တိုက်ရွာသွန်းသော အခြေအနေတွင် ဖြစ်ပွားသော မှိုရောဂါဖြစ်ပါသည်။ Phytophthora မှိုမျိုးကြောင့်ဖြစ်ပွားကာ မြေဆောင်မှိုရောဂါဖြစ်ပါသည်။ အစိုဓာတ်များကာ ရေဝပ်လျှင် ရောဂါအခြေအနေ ပိုမိုပြင်းထန်သည့်အတွက် မိုးရာသီ၌ ရော်ဘာပင်များအား ရေမဝပ်ရန်သတိပြုရပါမည်။ ရောဂါကျသောအပင်ရှိ အရွက်ရိုးတံများမှာ ရေစိုနာကဲ့သို့ဖြစ်ကာ အညိုရောင်ပြောင်း၍ အလယ်တွင် အဖြူရောင်အစေးခဲထွက်နေကာ မကြာမီကြွေပါသည်။ ရော်ဘာသီးမှာမူ အညိုရောင်ပြောင်း၍ပုပ်ကာ မှိုမျှင်များကအုပ်ထားပြီး မကြွေဘဲ အပင်ပေါ်တွင်ကျန်ရှိပါသည်။ အရွယ်ရောက်အပင်များတွင် ပြင်းထန်စွာအရွက်ကြွေလျှင် အပင်ကိုအားနည်းစေပြီး အသီးများ ကိုင်းဖျားများနှင့် အညွန့်များထိ ကူးစက်နိုင်ကာ ရော်ဘာအစေးထွက်မှုကို ဆိုးရွားစွာထိခိုက်ပါသည်။ ပျိုးခင်းရှိ အပင်ငယ်များတွင်မူ အရွက်ကြွေခြင်း အညွန့်ပုပ်ခြင်းမှ ကိုင်းဖျားခြောက်ပြီးသေကာ ပျိုးခင်းတစ်ခင်းလုံး သေနိုင်ပါသည်။
မှိုရောဂါဖြစ်၍ ကော့ပါးပါသော မန်ကိုဇက်, ဘီနိုမိုင်း ကဲ့သို့သော မှိုသတ်ဆေးများကို မိုးရာသီမတိုင်မီဖျန်းခြင်း၊ ၁ % ဘော်ဒိုဆေးရည် (Bordeaux mixture) အား ကြိုဖျန်းခြင်း ၊ မျိုးစေ့အား မစိုက်မီ မှိုသတ်ဆေးလူးနယ်ပေးခြင်းတို့အပြင် ခံနိုင်ရည်ရှိသောမျိုးအားရွေးချယ်စိုက်ခြင်းဖြင့် ရောဂါကျရောက်မှု လျော့ပါးစေပါသည်။ GT 1 ကဲ့သို့သောမျိုးသည် သီးပုပ်ရွက်ကြွေရောဂါကိုခံနိုင်ကာ RRIM 600 သည် ခံနိုင်ရည်နည်းပါသည်။
မိုးရာသီရောက်လျှင် သီးပုပ်ရွက်ကြွေရောဂါသည် အနည်းနှင့်အများဆိုသလို ကျရောက်မည်ဖြစ်သော်လည်း စီးပွားရေးထိခိုက်စည်းမရောက်စေရန် အထက်ပါနည်းလမ်းများဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from စုမြတ်မြတ်မိုး
အားလုံး
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....