ခရမ်းချဥ် စုပ်စားဂျပိုးအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်း
ခရမ်းချဥ်မှာ စုပ်စားပိုးတမျိုးတွေ့ နေလို့ဆရာ၊ အပွင့်တွေ၊ အညွန့် လေးတွေ ကျိုးကျ အောင်ဖျက်ဆီးနိုင်တယ်။ ဘာပိုးလဲ၊ ဘယ်လိုနှိမ်နင်းရမလဲ..? ဆိုပြီး မက်ဆင်ဂျာကတဆင့် ပုံပို့ပြီး .. မေးလာပါတယ်။
အင်းလေးဒေသက ကွင်းဆင်းဝန်ထမ်းတယောက်ပါပဲ။
သူ့မေးခွန်းကို ဖြေကြားရင်းနဲ့ တောင်သူမိတ်ဆွေများ၊ ခရမ်းချဥ်စိုက်တောင်သူများ သတိပြုမိစေခြင်းငှာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့ရာသီဥတု၊ အပူချိန်၊ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟဗေဒစနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ.....
ပိုးမွှားရောဂါတွေကလည်း (Major pests)အဓိက ဖျက်ပိုးတွေက (Minor pests) သာမန်ဖျက်ပိုးဖြစ်လာတတ်သလို၊ (Minor pests ) တွေကနေလည်း (Major pests) တွေ ဖြစ်လာနိုင်ပါတယ်။
ယခုဖြစ်စဥ်မှာလည်း ယခင် မိတ်ဆွေပိုးများက နေထိုင်စားသောက်ပုံ ပြောင်းလဲပြီး..ဖျက်ပိုးဖြစ်လာတာကို တွေ့ရှိရပါတယ်။
စုပ်စားဂျပိုးရဲ့ လက္ခဏာသွင်ပြင်တွေ၊ ကိမိလဗေဒဆိုင်ရာ မျိုးစဥ်၊ မျိုးရင်းတွေ ရှာဖွေကြည့်တေ့ာ..
ခရမ်းချဥ် စုပ်စားဂျပိုး (tomato suck bug) မျိုးစိတ်အသစ်ဖြစ်နေတာ တွေ့ရပါတယ်။
မျိုးစဥ် Hemipteraဖြစ်ပြီး
မျိုးရင်း Hemiptera
မျိုးစိတ် Cyrtopeltis modesta
(Engytatus modestus)
မျိုးစိတ်တွေ များစွာရှိလို့ ပညာရှင်တွေ ဝိဝါဒကွဲပြားလျက်ရှိပါတယ်။

ခရမ်းချဥ် စုပ်စားဂျပိုးရဲ့မူရင်း ဒေသ
==========================
‘ ဥရောပ၊ တောင်အမေရိက၊ မြောက်အမေရိက မှတဆင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့တဖြည်းဖြည်း ပျံ့နှံ့သွားတဲ့သဘောရှိတယ်’ လို့ဟာဝိုင်အီတက္ကသိုလ်မှ ကိမိလပညာရှင်များက သုံးသပ်ထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာလည်း အင်းလေးဒေသ အပါအဝင် ပဲခူးတိုင်း၊ မန္တ လေးတိုင်း အချို့ နေရာ တွေမှာ စတင်တွေ့ရှိနေပါပြီ။
ဇီဝရုပ်သွင်ပြင်နဲ့ သဘာဝအလေ့အထ
==========================
ပိုး ကောင်ရဲ့ပုံသဏ္ဍန်က လုံးရှည်ပုံစံနဲ့ အကောင်ကြီးအရွယ်အစားက 7-8 မီလီမီတာ(တလက်မရဲ့ လေးပုံတပုံခန့်)ရှိပါတယ်။
အစိမ်းဖျော့ရောင်ရှိပြီး ခန္ဓာကိုယ် ပျော့ပါတယ်။
ပျ၊ ဖြုတ် နှင့် ပဲဂျပိုး အုပ်စုတို့လို စုပ်စားပါးစပ်မျိုးရှိပြီး နောက်ကျောမှာ တြိဂံပုံပါပါတယ်။
သေးငယ်တဲ့ မျက်လုံးပါတယ်။ ငွေရောင်အလင်းဖောက် အတောင်ပါးလေးတွေပါတယ်။
အကောင်ငယ်နဲ့ အကောင်ကြီး ပုံစံတူတယ်။ အတောင်ပါတာနဲ့ မပါတာပဲ ကွာတယ်။
ဘဝအဆင့် ၄ ဆင့် သို့မဟုတ် ၅ ဆင့် ရှိတယ်။
အခြားစုပ်စားပိုးတွေထက် လှုပ်ရှားမှု မြန်ဆန်ပါတယ်။ အကောင်ကြီးလာရင် တောင်ပံပါပြီး ပျံသန်းနိုင်ပါတယ်။

NCSU entomologist Bob Blinn ( မြောက်ကာရိုလိုင်းနားတက္ကသိုလ်က ပိုးမွှားပညာရှင်ပါမောက္ခ ဘော့ဘလင်း) ကတော့ ဒီပိုးဟာ မျိုးစိတ်သစ်ဖြစ်ပြီး ယခင်က လှေး၊ ယင်ဖြူကျရောက်မှုကို Bio-control အနေနဲ့ အသုံးပြုခဲ့တဲ့ မိတ်ဆွေပိုးတမျိုး ဖြစ်ခဲ့တယ်။
အခုအချိန်မှာ ခရမ်းချဥ်ဖျက်ပိုးအဖြစ် ပြောင်းလဲလာတဲ့ (Engytatus modestus)မျိုးစိတ်သစ်ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဖျက်ဆီးမှုလက္ခဏာ
""""""""""""""""""""""
ခရမ်းချဥ်စုပ်စားဂျပိုးတွေဟာ ဥမှ ပေါက်ကာစ အကောင်ငယ်ရော၊ အကောင်ကြီးကောကပါ စားသောက်ဖျက်ဆီးနိုင်ပါတယ်။
အပင်ရဲ့ တစ်သျှူးထဲသို့ စုပ်စားပါးစပ်ဖြင့် ပင်ရည်ကို စုပ်ယူပါတယ်။ သူစုပ်တဲ့ ပင်စည်တဝိုက်နေရာတွေမှာ အဝါရောင်သန်းသော နီဝါဝါ အကွင်းငယ်များတွေ့ရတတ်ပါတယ်။ ဒဏ်ရာရ ပင်စည်ပတ်လည်တွင် တဖြည်းဖြည်း ထူလာပြီး ဖော့ကဲ့သို့ ဖြစ်ကာ ကျွတ်ဆတ်လာပြီး အညွန့် လေးတွေ ကျိုးကျတတ်ပါတယ်။
အပင်အားနည်းခြင်း၊ အပွင့်အဖူးကြွေကျခြင်းတွေအပြင် အပြင်အသီးတွေပါ ကြွေကျတတ်ပါတယ် ။အသီးကိုလည်း တိုက်ရိုက် ဖျက်ဆီးနိုင်ပါတယ်။
အခုချိန်အထိတော့ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးတာ မတွေ့ရသေးပါဘူး။
Green house နဲ့စိုက်တာလိုမျိုး ပိုးသတ်ဆေး အသုံးနည်းတဲ့ စိုက်ခင်းတွေမှာတော့ ကျ ရောက်မှု များပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
"""""""""""""""""""""""""""
မိတ်ဆွေပိုးမှ ရန်သူပိုးသို့ ပြောင်းလဲကာစ ဖျက်ပိုး မျိုးစိတ်အသစ်မို့ -
- ဇီဝနည်းဖြင့် နှိမ်နင်းရန် သဘာဝရန်သူ( natural enemy)၊
- ပိုးသတ်ဆေး အသုံးပြုရန် လမ်းညွှန်ချက်
- အခြားကာကွယ်ထိန်းသိမ်း စောင့်ရှောက်နည်းလမ်း
စသော အသေးစိတ် အချက်အလက်များ၊ မှတ်တမ်းများမှာ မတွေ့ရသေးဘူးလို့ ကိမိလ ပညာရှင်Dr. Jim Walgenbach က ဆိုပါတယ်။
စာရေးသူ လုပ်သက်၊ အတွေ့အကြုံတွေအရတော့ ခရမ်းချဥ်စုပ်စားဂျပိုးကို
ဆေးရွက်ကြီး၊ တမာ သဘာဝပိုးသတ်ဆေးနဲ့ ဓာတုပိုးသတ်ဆေး အုပ်စု
- (သိုင်ယာမီသိုဇင်+လမ်ဘဒါ)
- ကာတက်ဟိုက်ဒြိုကလိုရိုဒ် ဆေးများနဲ့ အလှည့်ကျကာကွယ်နှိမ်နင်းရင် ရနိုင်တာတွေ့ရပါတယ်။


စိုက်ပျိုးရေးဆောင်းပါးတွေ၊ သီးနှံဖျက်ပိုးတွေထဲမှာ လူသိနည်းသေးတဲ့ ခရမ်းချဥ်ဂျပိုး အ ကြောင်းကို တချိန်ချိန်မှာ ၊စိုက်ခင်းထဲမှာ တွေ့ခဲ့သည်ရှိသော် ကြိုတင်သိရှိ ကာကွယ်နိုင်ပါရန် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
စေတနာများစွာဖြင့်...
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စုပ်စားပိုးပြဿနာ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Nyint Kyaw
လွန်ခဲ့သော ၁ လ ကဖုတ်စိမ်းပိုလေး
Kophoeaung
လွန်ခဲ့သော ၃ နှစ် ကယင်ဖြူနိူင်တဲ့ဆေးနည်းလေးသိချင်နေပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ပွင့်ဖတ်ကမဖြူဘူးဘာကြောင့်မ ဖြူတာလဲ ဆေးသုံးဖို့လိုလာဗျာ ဖြေပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
အရွက်ကဘာဖြစ်တာလဲ ဆေးသုံးဖို့လိုမလာ ပြောပြပေးပါဗျာ
ရန်နိုင်ထ့န်း • ဖြေကြားချက် 4 ခု
ဘယ်လိုလုပ်ရမလဲခင်ဗျ
Naing Lin • ဖြေကြားချက် 1 ခု
စံပယ်မှာအကြအများတဲ့စံပယ်ထိုးပိုးကိုဘယ်ဆေးaiတွေကအကောင်းဆုံးလဲ ဆေးတော်တော်များများသုံးဖူးထားတယ် အလည့်ကြဖြန်းနည်းလေးပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....