အစိမ်းရောင်လမ်း
ဆိုင်ကလုန်းမုန်တိုင်းသတင်း

ဆိုင်ကလုန်းမုန်တိုင်းသတင်း

Thein Soe Min
Thein Soe Min 16/12/2018

(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၂)၊၂၀၁၈

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန်(၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အာ်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေ သော ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း" (PHETHAI)သည် မြောက်-အ နောက်မြောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai) ၏ အရှေ့-အရှေ့တောင်ဘက် (၂၀၅)မိုင်ခန့်၊ မာချီလီပတ္တနမ်မြို့

(Machilipatnam) ၏ အရှေ့တောင်ဘက်မိုင်(၂၆၀)ခန်႔၊ သီရိလကၤာႏိုင္ငံ၊ ထရီကိုမာလီၿမိဳ႕(Triconmalee)၏ မြောက်-အရှေ့မြောက်ဘက်မိုင်(၂၈၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသဖြင့် အဝါ ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)သည် မြန်မာစံတော် ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၂.၆)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၃.၇)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်းဖြစ် ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI)သည် မြောက်-အ နောက်မြောက် ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၁၂)နာရီ အတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖီထိုင်း"(PHETHAI) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဖီထိုင်း"(PHETHAI)၏ အရှိန်ကြောင့် ယနေ့ညမှ နောက်(၄၈)နာရီအတွင်း စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာ စိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါ သည်။

(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ြပီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့် မှာ မြန်မာ့ကမ်းရိုးတန်းတစ်ေ လျှာက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင် ပါရန် အကြံပြုအပ်ပါသည်။

သတင်းရင်းမြစ် - မိုးဇလ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ငါးစုံ

မောင်ရဲသူအောင် • ဖြေကြားချက် 0 ခု

ဂျင်း50သား.ကြက်သွန်ဖြူ50.အရက်ဆိ.5လိတာက...နဲ့စိမ်ထားတဲ့အရည်ကဘယ်လိုရောဂါပိုးနိင်လဲဗျ...အထူးသဖြင့်မှိုနဲ့ပတ်သက်တဲ့ရောဂါကာကွယ်နိင်လဲဆရာတို့..အဲဆေးမှိုကာကွယ်တယ်စိုပြီးသုံးနေကြလို့ပါ...

သန်းထိုက်အောင် • ဖြေကြားချက် 2 ခု

အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

TunThein • ဖြေကြားချက် 1 ခု

စပါးမှာကျရောက်တတ်တဲ့ရောဂါနှင့်ပိုးအကြောင်းလေးသိချင်လို့ပါရှင့်

Ma Tin Nilar Htun • ဖြေကြားချက် 1 ခု

ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား

ဝင်းမင်းအောင် • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....