"ရှင်သန် ကျန်းမာ မြေဆီလွှာ" ပြုပြင်နည်းများ
ယခင်ဆောင်းပါး (မြေတွေသေမသွားဘဲ ရှင်သန်နေစေဖို့ဆိုရင်) မှာ မြေသေ (Dead soil) ဆိုတာ...
- ရေ၊ လေ တိုက်စားခံရသောမြေ၊
- ကျစ်လျစ်မာကျောမြေ၊
- စက်ရုံစွန့်ပစ် ရေဝင်မြေ၊
- မြေချဉ်/ငန် နိမ့်လွန်းမြင့်လွန်းသောမြေ၊
- အာဟာရဓာတ် မညီမျှသောမြေ၊
- စိမ့်ကိုင်မြေများ၊
- အထူးသဖြင့် မြေတွင်းအကျိုးပြု အဏုဇီဝသက်ရှိများ သေဆုံးနေသောမြေများကို Dead soil မြေသေလို့သတ်မှတ်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
မြေသေဆိုတာတော့ သိပါပြီ။
မြေသေကို မြေရှင်(ရှင်သန်ကျန်းမာသောမြေ) Living soil ဖြစ်အောင် ပြုပြင်ထိန်းသိမ်းနည်း ဖော်ပြပေးဖို့ စာအကြွေးကျန်နေခဲ့ပါတယ်။
အမှန်ကတော့ရေးဖို့ စဉ်းစားထားတာ မရှိပါဘူး။
ဆရာကြီးမင်းသိင်္ခ ပြောသလို..
"ကြီးပွားချမ်းသာစေသော နည်းလမ်းများ" သိချင်ရင်..
စီးပွားပျက်စီးသော ဆင်းရဲစေတတ်သော အကြောင်းတရားတွေကို ပြောင်းပြန်မှတ်ယူလိုက်ရုံပါပဲ" တဲ့။
အဲသလိုပဲ၊ မြေသေဖြစ်ရခြင်းအကြောင်းတရားကိုသိရင်၊ မြေရှင်ဖြစ်အောင်လုပ်ဆောင်ရမဲ့နည်းလမ်းကိုလည်း အလိုလို သိပြီးသားဖြစ်လိမ့်မယ်လို့ယူဆထားလို့ပါ။
ရှင်သန်ကျန်းမာသောမြေ(Living soil)ဖြစ်ဖို့..
ပြုပြင်ထိန်းသိမ်းနည်း များစွာရှိပါလိမ့်မယ်။

အဓိကအကြောင်းအရာများကို ကောက်နုတ်ဖော်ပြပါ့မယ်။
၁။ အတတ်နိုင်ဆုံး ဓာတုပိုးသတ်ဆေး/ပေါင်းသတ်ဆေး/မြေသြဇာ (အလွန်အကျွံ)သုံးစွဲခြင်းကို လျှော့ချပါ။
မြန်မာနိုင်ငံမှာတော့၊ မြေကြီးပျက်စီးလောက်အောင် အလွန်အကျွံသုံးနိုင်တဲ့အနေအထားအထိ မရောက်သေးပါဘူး။
သို့သော် ရေရှည်အကျိုးစီးပွားကို ရည်မျှော်ပြီး အခုကတည်းက ထိန်းထိန်းသိမ်းသိမ်း စည်းစနစ်တကျ လျှော့ချသုံးစွဲတဲ့ဓလေ့ ကျင့်သုံးဖို့လိုပါတယ်။
မြေကြီးအတွင်းရှိ အကျိုးပြု အဏုဇီဝလေးတွေ မရှင်သန်နိုင်တော့ရင် မြေသေဖြစ်သွားနိုင်ပါတယ်။
၂။ မြေချဉ်၊ ငန်ကိန်းမျှတအောင် ပြုပြင်ပါ။
ယခင်ဖော်ပြခဲ့ပြီး ဆောင်းပါးတွေမှာ မြေချဉ်၊မြေငန် ပြုပြင်နည်းတွေ ပြောခဲ့ပြီးဖြစ်ပါတယ်။
သင့်မြေကြီးကို မြေနမူနာယူပြီး ဓာတ်ခွဲစမ်းသပ်ပါ(သို့မဟုတ်)ပီအိပ်ချ် တိုင်းပါ။
၅.၅ အောက် ရောက်နေရင် မဖောက်ထုံးထည့်ပြုပြင်ရမှာပါ။
၅.၅ ကျော်ရင်တော့ ဂျစ်ဆန်/ဒိုလိုမိုက်နဲ့ ပြုပြင်ပါ။
ပီအိပ်ချ် ၈.၀ ထက်ကျော်ရင် သဘာဝမြေဆွေး၊ သစ်စိမ်းမြေသြဇာ မဖြစ်မနေ ပြုလုပ်သုံးစွဲရမှာပါ။
၃။ သစ်စိမ်းမြေသြဇာ(Green manure) ပြုလုပ်သုံးစွဲပါ။
ပဲမျိုးရင်းဝင်တမျိုးမျိုးကို ရက် ၃၀-၄၅ ရက်သားအရွယ် ထယ်မှောက်ပြီး အဆွေးခံခြင်းဖြင့် မြေဆီလွှာအာဟာရ တိုးပွားစေပြီး ရှင်သန်ကျန်းမာသောမြေဖြစ်စေပါတယ်။
၄။ မြေဖုံးပင်(Cover crop)၊ ဘောင်အုပ်ခြင်း(Mulching) ပြုလုပ်သုံးစွဲပါ။
သီးနှံမစိုက်မီ မြေဖုံးပင်တမျိုးမျိုးကို (ပဲသီးနှံ၊ မြက်၊ ဟင်းသီးဟင်းရွက်...) စိုက်ထားခြင်းအားဖြင့်...
မြေတွင်းအပူချိန်ထိန်းညှိခြင်း၊ ကာဘွန်သိုလှောင်နိုင်ခြင်း၊ မြေတွင်း မိုက်ခရုပ်များအတွက် အစာရရှိစေခြင်းဖြင့် ရှင်သန်ကျန်းမာသောမြေကို ဖြစ်စေပါတယ်။
သီးနှံပင် စိုက်တန်းအကြားတွင် ကောက်ရိုး၊ မြက်ခြောက်၊ ပေါင်းပင်အမှိုက်များကို ဘောင်ဖုံးပစ္စည်းအဖြစ် အသုံးပြုခြင်းသည်လည်း အဏုဇီဝပိုးမွှားများ ရှင်သန်စေပြီး အပူချိန်ထိန်းသိမ်းခြင်း၊ အစိုဓာတ်ထိန်းသိမ်းနိုင်ခြင်း အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။
၅။ သဘာဝမြေဆွေး/အီးအမ်ဘိုကာရှီ များများထည့်ပေးပါ။
ဒီအချက်ကတော့ အဓိကအရေးအကြီးဆုံးအချက်ပါ။
ရှင်သန်ကျန်းမာသောမြေ(Living soil)ရဲ့ အသက်က (Effective microbes)လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်ပွားများရေးဖြစ်ပါတယ်။
အီးအမ်ဘိုကာရှီထည့်ခြင်းဟာ မြေဆီလွှာရဲ့ ရုပ်ပိုင်းရော၊ ဓာတ်ပိုင်းပါ ပြုပြင်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
နွားချေး/ဆိတ်ချေး/ကြက်ချေး/ဝက်ချေး များကို..
လယ်ထဲတိုက်ရိုက်မထည့်ဘဲ အီးအမ်ဘိုကာရှီ ပြုလုပ်ပြီး အသုံးပြုခြင်းက သီးနှံပင်အတွက် အန္တရာယ် ကင်းစေပါတယ်။
မိမိ ခြံထဲမှာရနိုင်တဲ့၊ ကောက်ရိုး၊ အမှိုက်သရိုက်၊ ပေါင်းမြက်၊ သစ်ရွက်ခြောက် စတဲ့ ဆွေးမြည့်နိုင်တဲ့
စွန့်ပစ်ပစ္စည်းတွေကိုလည်း..
အမှိုက်တထပ်၊ မြေကြီးတထပ် ပုံပြီး ဆွေးမြည့်စေတဲ့နည်း(Compost method) ပြုလုပ်သုံးစွဲနိုင်ပါတယ်။
ပဲမှော်၊ နှမ်းမှော်၊ စက်ဖွဲပြာတွေလည်း ထည့်နိုင်ပါတယ်။
၆။ လယ်ထဲမှာ ရိုးပြတ်တွေ နေရာအနှံ့ပုံပြီး လယ်မြေမီးသင်းခြင်း မပြုလုပ်ရပါ။
Top Soil ခေါ် အပေါ်ယံမြေလွှာတွေ မီးသင်းလိုက်ရင် မြေဆီလွှာပျက်စီးပြီး မြေသေဖြစ်သွားပါတယ်။
မြေအောင်းပိုးတွေ၊ မြေဆောင်မှိုတွေ သေဆုံးစေတယ်ဆိုပေမဲ့ သီးနှံပင်အတွက် အကျိုးပြုအဏုဇီဝပိုးလေးတွေ ပျက်စီးလို့ အကျိုးမဲ့စေပါတယ်။
၇။ မြေမျက်နှာပြင် ညီညာအောင်ပြုပြင်ပါ။ (သို့မဟုတ်) အနိမ့်အမြင့်အလိုက် လှေကားထစ်နည်းပြုလုပ်ပါ။
မြေမညီရင် ရေမညီပါ။
ရေမညီရင် အစိုဓာတ်ရရှိမှုမညီပါ။
အစိုဓာတ်မညီရင် အာဟာရမညီနိုင်ပါ။
မြေဆီလွှာရေတိုက်စားမခံရအောင် အတားအဆီး/ကန်သင်းကန့်ပါ။
ဖော်ပြမည်ဆိုပါက အချက်အလက်များစွာရှိပါတယ်။ စာဖတ်သူများ စာရှည်ရင် ကျော်သွားမည်စိုးပါသဖြင့် ဤမျှနဲ့ အဆုံးသတ်ပါရစေ..။
အမှန်တကယ် (Healthy soil and living soil) ကျန်းမာရှင်သန်သော မြေ ဖြစ်စေလိုပါလျှင်...
ဖော်ပြပါအချက်များကို လိုက်နာကျင့်သုံးပါက အကျိုးကျေးဇူးများစေမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။
စေတနာများစွာဖြင့်
ဒို့ဦးလေး..
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Soe Naing
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးတင်ပါတယ်။EM ကိုအမြဲသုံးပါတယ်။
yehtet
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ ပြန်လည်မျှဝေပါအုံးမည်
kyaw
လွန်ခဲ့သော ၂ နှစ် ကEM မြေဆွေးပြုလုပ်နည်းလေးပြောပြပါဆရာ
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကနန်းချယ်ရီ... ကြက်ချေးကို ဆွေးအောင်ပြုလုပ်ပြီးမှ မြေကြီးထဲ ထည့်သင့်ပါတယ်ဗျ။ တနေရာမှာပုံ၊ သစ်ရွက်ဆွေး၊အမှိုက်ဆွေးတထပ်၊ကြက်ချေးတထပ်၊ အီးအမ် ပက်ဖျက်ပေးပြီး အလွှာလိုက်ပုံထားပါ။ ဆွေးလွယ် သလို များများလည်းရတယ်၊မေကြီးအတွက်/အပင်အတွက်ကောင်းစေပါတယ်။
Wai
လွန်ခဲ့သော ၃ နှစ် ကကောင်းပါတယ်
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....