မြေတွေသေမသွားဘဲ ရှင်သန်နေစေဖို့ဆိုရင်..
သက်ရှိသတ္တဝါအားလုံး၊ မြေကြီးပေါ်မှာ နည်းမျိုးစုံဖြင့် မှီတည်အသက်ရှင်သန်နေကြရပါတယ်။
အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာမှာ အခြေခံအကျဆုံး မူလ၊ ပဓာန အရာဟာ မြေကြီး(တနည်းအားဖြင့်)မြေဆီလွှာသာလျှင်ဖြစ်ပါတယ်။
အကြောင်းနဲ့ အကျိုးတရား(Cause and effect)သီအိုရီအရ...
မြေဆီလွှာကို အမှီပြုရတဲ့သီးနှံတွေ များများထွက်ပြီး ကောင်းကောင်းသီးပွင့်နိုင်ဖို့ အကြောင်း တရား(Cause) ကောင်းဖို့လိုအပ်တာ အမှန်ပါ။
အကြောင်းတရား(Cause) ကောင်းရင်..
အကျိုးတရား (effect) ကောင်းမှာ အသေအချာပါပဲ။
မြေဆီလွှာကောင်းခြင်းလက္ခဏာများ
- ၁။ မြေအမျိုးအစား(soil type)
- ၂။ မြေချဉ်/ငန်ကိန်း (soil pH)
- ၃။ မြေကြီးအာဟာရ (soil nutrients)
အထက်ပါအချက်များကို ကြည့်၍ မြေဆီလွှာ ကောင်းခြင်း၊ မကောင်းခြင်း လေ့လာအကဲခတ်နိုင်ပါတယ်။
၁။ မြေဆီလွှာအမျိုးအစား
- သဲမြေလား(sand)
- နုန်းမြေလား (silt)
- မြေစေးမြေလား (Clay)
ယေဘုယျခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့...
သဲ+ နုန်း+ မြေစေး = နုန်းမြေနု(loam) မြေဟာ အပင်အတော်များများအတွက် အကောင်းဆုံးမြေလို့ ဆိုနိုင်ပါတယ်။
၂။ မြေကြီး pH (ချဉ်ငန်ဓာတ်)
- မြေဆီလွှာကောင်းခြင်းလက္ခဏာထဲမှာ မြေချဉ်ငန်ကိန်းမျှတဖို့လည်း အရေးပါပါတယ်။
- pH 6 နဲ့ 8 အကြား ရှိနေမှ မြေဆီလွှာကောင်းခြင်းမည်ပါတယ်။
၃။ မြေကြီးအာဟာရ
မြေဆီလွှာကောင်းခြင်းလက္ခဏာတွေထဲမှာ သီးနှံပင်တွေကြိုက်နှစ်သက်တဲ့အာဟာရတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။
အပင်တွေကြိုက်တဲ့ အာဟာရ အမျိုး ၂၀ ရှိတယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။
- ကာဗွန်၊ ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင် (ကာဗွန်ကိုတော့ လေထဲကရပြီး ဟိုက်ဒြိုဂျင်နဲ့ အောက်ဆီဂျင်ကိုတော့ ရေကနေရပါတယ်)
- နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယံ (အဓိကအကျဆုံးလိုအပ်တဲ့အာဟာရတွေဖြစ်ပါတယ်)
- ကယ်လ်စီယံ၊ မဂ္ဂမီစီယံ၊ ဆာလဖာ (ဒုတိယအလိုအပ်ဆုံးအာဟာရတွေဖြစ်ပါတယ်)
- မင်းဂနိ၊ ဇင့်၊ သံ၊ ကော့ပါး၊ ဘိုရွန်၊ မော်လစ်ဒီနမ်၊ ဆီလီကွန်၊ ကိုဘော့၊ နီကယ်၊ ဗာနာဒီယံ၊ စထရွန်တီယံ၊(BAC, fertilizer) (လိုတော့လိုပေမဲ့ အရမ်းကြီးမလိုအပ်တဲ့ အနည်းလိုအာဟာရတွေဖြစ်ပါတယ်)
သင့်မြေဟာ..
- မြေသေ(Dead soil)လား?
- မြေရှင်( living soil) လား? ဆိုတာလည်း သိဖို့လိုပါတယ်။
မြေသေ(Dead soil) ဆိုတာ..

သစ်ဆွေးဓာတ်ကင်းမဲ့ပြီး စိုလွယ်၊ ခြောက်လွယ်သော/ ထယ်ထိုးလျှင် နှမ်းဖတ်တောင့်ထွက်သော/ပတ်ကြားအက်သော/ အမြစ်ဆီသို့ ရေမစိမ့်နိုင်/လေမရှူနိုင်သော အထိန်းအသိမ်းမဲ့မြေမျိုးကို ခေါ်ပါတယ်။
- ရေတိုက်စားခံရပြီး အပေါ်ယံမြေဆီလွှာအာဟာရဓာတ် ကင်းမဲ့သောမြေ..
- ဓာတုဗေဒပစ္စည်းများ (ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ..စသည်)အလွန်အကျွံသုံးစွဲပြီး ဓာတ်ကြွင်းများသောမြေ..
- ပေါင်းမြက်များ၊ ဖျက်ပိုးများ၊ ရေဆိုးရေညစ်များ၊ စက်ရုံစွန့်ပစ်ရေဝင်မြေများ..
အဆိုပါမြေအမျိုးအစားများကို မြေသေ(Dead soil) တွေလို့ သတ်မှတ်နိုင်ပါတယ်။
သေချာတာကတော့..
အဆိုပါအချက်တွေနဲ့ ကိုက်ညီနေသော မည်သည့်လယ်ယာကိုင်းကျွန်းမြေမဆို..စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ထွန်းဖို့ဝေးစွ..အကြွေးကျေရုံသာ အဖတ်တင်ပါလိမ့်မယ်။
မြေရှင်(Living soil) ဆိုတာ..

- တီကောင်ကဲ့သို့ မြေတွင်ပျော်ပြီး သီးနှံပင်များ အာဟာရစုပ်ယူနိုင်ရန် ကူညီပေးသော ပိုးကောင်များရှင်သန်သောမြေ..
- မှို၊ ဘက်တီးရီးယားကဲ့သို့ အကျိုးပြုအဏုဇီဝများ ရှင်သန်နိုင်သောမြေ..
- ရိုးပြတ်များ၊ အပင်အကြွင်းအကျန် အဆွေးအမြည့်များ၊ သစ်ဆွေးများသောမြေ..
- မြေဖုံးပင်များနှင့် သီးနှံပင်အမြစ်များထိ ရေစိမ့်ဝင်နိုင်သော၊ ရေစီးရေလာ/အစိုဓာတ်ထိန်းနိုင်သောမြေ... စတာတွေပဲဖြစ်ပါတယ်။
တနည်းအားဖြင့် ကျန်းမာသောမြေကို ရှင်သန်သောမြေ(Living soil)လို့ သတ်မှတ်နိုင်ပါတယ်။
" အပင်ကောင်းချင်...မြေကိုပြင်
လူကိုကောင်းချင်.....စိတ်ကိုပြင်" တဲ့။
ဒါပေမဲ့...
"အပင်ကောင်းမှ အထွက်ကောင်းမယ်" ဆိုပြီး..
မြေကြီးကိုမပြင်ဘဲ အပင်ပေါက်ပြီးမှ အားဆေးအကောင်းစားများ၊ ပိုးသတ်ဆေး/ မှိုသတ်ဆေး/ဓာတ်မြေသြဇာများ စျေးကြီးပေးပြီး ဝယ်သုံးနေကြရပါတယ်။
ကုန်ကျစရိတ်က မသက်သာ၊ အထွက်နှုန်းက..တက်မလာ။
ဆိုတော့ကား...
တောင်သူများအနေနဲ့ အထူးသတိပြုမိစေချင်တာကတော့..
၁။ မြေကြီးတွေ ပျက်နေပါတယ်၊ မကျန်းမာတော့ပါဘူး..ဆိုရင်
(အပေါ်ယံမြေလွှာရဲ့၊ ရုပ်ပိုင်း/ဓာတ်ပိုင်း ၂ မျိုးလုံး ပြုပြင်ပြောင်းလဲပေးဖို့လိုအပ်နေပါပြီ)
၂။ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် သိသာစွာ ပြောင်းလဲနေပါတယ်...ဆိုရင်..
(နည်းစနစ်တွေ လိုက်ပါပြောင်းလဲဖို့လိုပါပြီ)
၃။ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ သီးနှံဖျက်ပိုးတွေ(ပေါင်းပင်/ပိုးမွှား/ရောဂါ) မနိုင်မနင်း ဖြစ်နေပါတယ်...ဆိုရင်..
(ဓာတုဗေဒဆေး တခုတည်း အားကိုးနေလို့မရတော့ပါဘူး၊ သဘာဝဆေးနည်းတွေ၊ ဘက်စုံကာကွယ်နည်းတွေကို မဖြစ်မနေအသုံးပြုဖို့ လိုအပ်နေပါပြီ)
သို့ဖြစ်ပါ၍... မိမိစိုက်ခင်းမြေအမျိုးအစားအလိုက် လိုအပ်ချက်များကို အသိ၊ သတိဖြင့် ပြုပြင်ဆောင်ရွက်နိုင်ပါရန်နှင့်..
ဓာတ်မြေသြဇာအသုံးပြုတိုင်း သဘာဝမြေသြဇာကို တွဲဖက်အသုံးပြုခြင်းအားဖြင့်...
သီးနှံပင်အမြစ်များ အစာရေစာအလွယ်တကူစုပ်ယူစားသုံးနိုင်သော /ကျန်းမာသော/ ရှင်သန်သော(Living soil) များ ဖြစ်အောင် ပြုပြင်လုပ်ဆောင်နိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါတယ်ခင်ဗျာ။
စေတနာများစွာဖြင့်..
ဒို့ဦးလေး..
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
winTUn
လွန်ခဲ့သော ၁ လ ကကျေးဇူပါဆရာ
U KyawThu
လွန်ခဲ့သော ၁ နှစ် ကမြေသေ ကို ပြန်လည်ရရှင်သန်ဖို့ ဘယ်လို ပြုပြင်ရနိင်လဲဆရာ
ナィン ナィン
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးအများကြီးတင်ပါတယ်
U Mg Mg Htwe
လွန်ခဲ့သော ၃ နှစ် ကစိုက်ပျိုး၍မရသောမြေ (dead soil)ကိုပြန်လည်စိုက်ပြိုး လို.ရအောင်အလွယ် ကူဆုံးကုန်ကျမှုအနဲဆုံးပြုလုပ်ရန်မှာပိုက်ဆံလျှော် ပင် (sun hemp) ကိုကျဲပက်စိုက်ပြီး ၄၅ ရက်သာသို.မဟုတ်ပန်းပဖွင်.ချိန်တွင်ထယ်မှောက်ပြီး၁၀ ရက်ထားပြီးမိမိစီုက်လိုသောသီးနှံကိုစိုက်ပါပိုက်ဆန်လျှော်ပင်သည်ပဲမျီုးရင်းဝင်ပင်ဖြစ်လီု.အပင်ကြီးထွားမှုပေါ်မဖူတည်ပြီးနိုက်ထရိုဂျင်တအေကကို ၄၀- ၅၀ နှင်.သစ်ဆွေး မြေသြဇာ ၁ တန် မှ၂တန်မြေတွင်းထည်.ပေးမယ် လည်ကောင်းသစ်စိမ်းမြေသြကြောင်.အခြားကျေးဇူးများစွာများလည်ရရှိအုံးမယ် သိပ်ရှေသွားမှာဖြစ်၍အလျှင်းသင်.ရင် ဖော်ပြပေးပါမယ်အရေးကြီးဒါကမိမိစိုက်မြည်.ပုံဇန်မပြက်အောင်စီမံပြီးသစ်စိမ်းမြေသြဇာပင်ကိုစိုက်ရပါမယ်
ဒို့ဦးလေး
လွန်ခဲ့သော ၃ နှစ် ကသစ်ဆွေးဓါတ်မရှိဘဲ၊ ဓါတူမြေသြဇာချည်း အားကိုးနေရင် ရေရှည် အကျိုးမရှိနိုင်ပါဘူးဗျာ။ အဲဒီအတွက် မြေသေdead soilတွေကို ဘယ်လိုရှင်သန်အောင် ပြုပြင်ရမလဲ ဆိုတာ.. ဆက်လက်တင်ပါပါမယ်ခင်ဗျာ စောင့်စားပေးတော်မူကြပါ..
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....