ကျန်းမာသန်စွမ်းတဲ့မြေဆီလွှာဖြစ်ဖို့ အခြေခံလိုအပ်ချက်များ
ကျွန်ုပ်တို့ဟာ မြေဆီလွှာကိုအသုံးပြုပြီး သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်လာကြတာ နှစ်ပေါင်းများစွာရှိနေကြပါပြီ။ တချို့သောနေရာဒေသများမှာဆိုရင် သီးနှံတွေကို အဆက်မပြတ် စိုက်ပျိုးထုတ်လုပ်ကြလို့ မြေဆီလွှာဟာ အာဟာရဓာတ်တွေကုန်ခမ်းပြီး ကျန်းမာရေးချို့ယွင်းနေကြပြီလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့လူသားတွေရဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုမှာ များစွာအကူအညီအထောက်အပံ့ပေးတဲ့ မြေဆီလွှာကို ပြန်လည်ကျန်းမာအောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ မြေဆီလွှာကို ကျန်းမာအောင်ပြုပြင်ထိန်းသိမ်းရာမှာ စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း နည်းစနစ်တကျနဲ့ သေချာလုပ်ဆောင်နိုင်မယ်ဆိုရင်တော့ အကျိုးကျေးဇူးတွေ များစွာရရှိမှာ ဖြစ်ပါတယ်။
သီးနှံတွေ စိုက်ပျိုးထုတ်လုပ်တဲ့အခါ မြေဆီလွှာထဲမှာရှိနေတဲ့ အာဟာရဓာတ်တွေပေါ်မူတည်ပြီး သီးနှံပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ အထွက်နှုန်းတွေက ကွာခြားသွားပါတယ်။ ကျန်းမာသန်စွမ်းတဲ့မြေဆီလွှာမှာဆိုရင် သတ္တုဓာတ်၊ ရေ၊ လေ၊ အော်ဂဲနစ်ဒြပ်စင်များနဲ့ သေးငယ်တဲ့ အဏုဇီဝသက်ရှိလေးတွေ ပါဝင်ကြပါတယ်။ အထက်ဖော်ပြပါ အစိတ်အပိုင်းတွေဟာ မြေဆီလွှာထဲမှာ မျှတတဲ့ပမာဏနဲ့ အချိုးကျပါဝင်နေခြင်းက မြေဆီလွှာကျန်းမာဖွံ့ဖြိုးဖို့အတွက် အဓိက သော့ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာဆိုရင်တော့ မြေဆီလွှာရဲ့ ကျန်းမာရေးအတွက် သိထားသင့်တဲ့ အခြေခံအချက်အလက်တွေအပြင် မြေဆီလွှာနဲ့ပတ်သက်တဲ့ အခြေခံ အချက်အလက်လေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
မြေသား၏ ဖွဲ့စည်းတည်ဆောက်မှု
မြေဆီလွှာအကြောင်းပြောတဲ့အခါမှာ မြေသားရဲ့ ဖွဲ့စည်းတည်ဆောက်မှု သဘာဝကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။ မြေဆီလွှာမှာ အာဟာရဓာတ်များရှိရန်လိုအပ်သလို ကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာဖွဲစည်းမှုရှိရန်လည်း လိုအပ်ပါတယ်။ အကျိုးပြုအဏုဇီဝသက်ရှိလေးတွေ ကျန်းမာစွာရှိနေနိုင်ဖို့ မြေသားအတွင်းမှာ ရေနဲ့ အောက်စီဂျင် စိမ့်ဝင်နေနိုင်ရန်အတွက် နေရာအလုံအလောက်ရှိရန်လည်း လိုအပ်ပါတယ်။ မြေဆီလွှာကို ယေဘူယျအားဖြင့် မြေမှုန်အမျိုးအစား ၃ မျိုးနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။
ရွှံ့စေး
အလွန်သေးငယ်တဲ့ မြေသားအမှုန်အမွှားတွေ အတူစုပေါင်းပြီးနောက် ကြီးမားတဲ့ မြေသားအနေနဲ့ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ရွှံ့စေးမြေဟာဆိုရင် မြေဆီကြွယ်ဝသော်လည်း ၎င်းမြေသားရဲ့ လျင်မြန်စွာသိပ်သည်းမှုကြောင့် အလုပ်လုပ်တဲ့အခါမှာ ခက်ခဲမှုရှိနိုင်ပါတယ်။
သဲမြေ
သဲမြေဟာဆိုရင် ဖွာတဲ့အနေအထားရှိပြီး အလုပ်လုပ်ရမှာ လွယ်ကူသော်ပေမယ့် လျင်မြန်စွာခြောက်သွေ့ပြီး အာဟာရဓာတ်တွေဆိုရင်လည် လျင်မြန်စွာ ပျောက်ကွယ်ဆုံးရှုံးသွားနိုင်ပါတယ်။
နုန်းမြေ
နုန်းမြေဟာဆိုရင် သီးနှံတွေအတွက် အကောင်းဆုံးမြေအမျိုးအစားဖြစ်ပါတယ်။ ၎င်းမြေမှာ အော်ဂဲနစ်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပြီး ရေကိုလည်း ကောင်းစွာထိန်းထားနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။
မြေဆီလွှာရဲ့ကျန်းမာရေးအပေါ် သက်ရောက်နိုင်တဲ့အချက်များ
သီးနှံတွေစိုက်ပျိုးတဲ့အခါ တစ်ခါတစ်ရံမှာ မြေကြပ်တဲ့အနေအထားမျိုးကို တွေ့ဖူးကြမှာပါ။ ကြပ်တဲ့မြေတွေဟာဆိုရင် ကျစ်လျစ်သိပ်သည်းပြီး မြေဆီလွှာထဲမှာရှိတဲ့ အပေါက်ငယ်လေးတွေရဲ့ ပမာဏကို လျော့နည်းစေကာ ၎င်းအတွင်းမှာရှိနေတဲ့ ရေ၊ လေနဲ့ အဏုဇီဝသက်ရှိလေးတွေကို ကန့်သတ်ထိန်းချုပ်မှု ဖြစ်စေပါတယ်။ နောက်တစ်ချက်ကတော့ မြေချဉ်/ငန် မှုပြင်းထန်တဲ့ အနေအထားပါ။ အချို့သော စိုက်ပျိုးမြေတွေဟာဆိုရင် ဆိုးဆိုးရွားရွား မြေချဉ်ခြင်း ငန်ခြင်း ဖြစ်ပေါ်လေ့ရှိပါတယ်။ အဲ့ဒီမြေတွေမှာဆိုရင် အဏုဇီဝသက်ရှိလေးတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေပြီး ရေရှည်မှာ မြေဆီလွှာရဲ့ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ဓာတုမြေဩဇာများကို အလွန်အကျွံအသုံးပြုခြင်းဖြစ်ပါတယ်။ ဓာတုမြေဩဇာတွေကို အများအပြားအသုံးပြုမယ်ဆိုရင် အပင်များအတွက် အချိန်တိုအတွင်းမှာ အကျိုးဖြစ်ထွန်းပေမယ့် ရေရှည်မှာ မြေဆီလွှာရဲ့ ဇီဝရုပ်ကွဲပြားမှုများကို လျော့နည်းစေပြီး မြေဆီလွှာကို ထိခိုက်စေနိုင်ပါတယ်။
မြေဆီလွှာ အရည်အသွေးတိုးတက်အောင် ဘာတွေလုပ်ရမလဲ?
၁။ မြေဆီလွှာ ဓာတ်ခွဲစမ်းသပ်ခြင်း
မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ခြင်းဟာ စိုက်ပျိုးရေးလုပ်နေတဲ့တောင်သူတိုင်း ပြုလုပ်သင့်တဲ့ အရာတစ်ခုပါ။ မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် မြေကြီးရဲ့ မြေချဉ်/ငန်ကိန်းပမာဏ၊ အာဟာရဓာတ်များချို့တဲ့မှုနဲ့ ပိုလျှံနေမှု၊ အော်ဂဲနစ်ပစ္စည်များပါဝင်နေမှု စသည်တို့ကို သိရှိနိုင်ပြီး လိုအပ်သလို ပြုပြင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဓာတ်ခွဲခန်းတွေမှာမှမဟုတ်ဘဲ တောင်သူကိုယ်တိုင် အလွယ်တကူစမ်းသပ်ပြုလုပ်နိုင်တဲ့ မြေဆီလွှာဓာတ်ခွဲစစ်ဆေးနိုင်တဲ့ ကိရိယာ (Soil Test Kit) တွေကို အလွယ်တကူဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
၂။ အော်ဂဲနစ် ပစ္စည်းများ
ကျွန်ုပ်တို့သက်ရှိတွေလိုပဲ မြေဆီလွှာဟာလည်း အစာစားဖို့လိုအပ်ပါတယ်။ သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်ပြီးတဲ့အခါတိုင်း မြေဆီလွှာထဲကို အာဟာရဓာတ်တွေ ပြန်မထည့်ပေးတဲ့အခါမှာ မြေဆီလွှာဟာ အာဟာရဓာတ်တွေချို့တဲ့လာပီး နောက်ဆုံးမှာ သီးနှံပင်တွေရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ ရှင်သန်မှုကိုပါ ထိခိုက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သီးနှံတစ်ရာသီစိုက်ပျိုးပြီးတိုင်းမှာ သဘာဝအော်ဂဲနစ်ပစ္စည်းတွေကို စိုက်ခင်းထဲ ပြန်လည်ထည့်ပေးဖို့ လိုအပ်ပါတယ်။ အော်ဂဲနစ်ပစ္စည်းဆိုလို့ ခက်ခက်ခဲခဲရှာဖွေ နေစရာမလိုပါဘူး။ ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်တဲ့ မြေဆွေး၊ သစ်ရွက်၊ တိရိစ္ဆာန်ချေး၊ ရိတ်ထားတဲ့မြက်တွေ စတာတွေကို စိုက်ခင်းထဲ ပုံမှန် ပြန်လည်ထည့်ပေးတဲ့ အလေ့အထကို ပြုလုပ်ထားသင့်ပါတယ်။ ဒီလိုထည့်ပေးခြင်းအားဖြင့် မြေကြပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၃။ အဏုဇီဝသက်ရှိများ
မြေဆီလွှာမှာ အဏုဇီဝသက်ရှိများရဲ့ အခန်းကဏ္ဍဟာ အရေးပါလှပါတယ်။ ၎င်းသက်ရှိလေးတွေဟာ မြေဆီလွှာရဲ့ဖွဲ့စည်းတည်ဆောက်မှုကို ကောင်းစေခြင်း၊ အာဟာရဓာတ်တွေကို အပင်စားသုံးနိုင်တဲ့ပုံစံဖြစ်အောင် ဖြိုခွဲပေးခြင်း၊ အပင်ရဲ့အမြစ်များမှ ရေနဲ့ အာဟာရဓာတ်များ စုပ်ယူနိုင်အောင် ကူညီပေးခြင်း စသည်ဖြင့် ကူညီလုပ်ဆောင်ပေးပါတယ်။ မြေဆီလွှာထဲကို သဘာဝအော်ဂဲနစ်ပစ္စည်းတွေ ပုံမှန်ထည့်သွင်းပေးခြင်းဟာ အဏုဇီဝသက်ရှိလေးတွေ တိုးပွားလာစေဖို့အတွက် အထောက်အကူပြုပါတယ်။
၄။ မြေဖုံးပေးခြင်း
မြေဖုံးပေးခြင်းဟာ မြေဆီလွှာကို ရေရှည်ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ မြေဖုံးပေးခြင်းဖြင့် သီးနှံပင်တွေရဲ့ သဘာဝစနစ်အတိုင်း ပေါက်ရောက်နိုင်မှုကို လှုံ့ဆော်ပေးနိုင်သလို မြေရဲ့အစိုဓာတ်ကိုထိန်းပေးခြင်း၊ ပေါင်းပင်များပေါက်ရောက်မှုကို တားဆီးပေးခြင်း၊ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေများအပြင် မြေဆီလွှာတိုက်စားခံရခြင်းများမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထို့နောက် မြေဖုံးထားတဲ့ သဘာဝပစ္စည်းများ တဖြည်းဖြည်းဆွေးမြည့်တဲ့အခါမှာလည်း မြေဆီလွှာထဲကို အာဟာရဓာတ်အနေနဲ့ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
၅။ သီးလှည့်စိုက်ပျိုးခြင်း
ဒီအချက်ကတော့ မိမိနေထိုင်ရာဒေသနဲ့ သီးနှံဈေးကွက် ရှိ/ မရှိအပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒီမှာတော့ မြေဆီလွှာကိုပဲ အခြေခံပြီးပြောသွားမှာဖြစ်ပါတယ်။ သီးနှံတစ်မျိုးတည်းကိုပဲ မြေတစ်နေရာထဲမှာ တစ်ရာသီပြီးတစ်ရာသီ ဆက်တိုက်စိုက်ပျိုးနေခြင်းဟာ အာဟာရဓာတ်တွေ ကုန်ခမ်းစေနိုင်သလို၊ ပိုး ရောဂါကျရောက်ဖျက်ဆီးမှုများကိုလည်း ပိုမိုဆိုးရွားနိုင်ပါတယ်။ ပုံမှန်စိုက်နေကျသီးနှံနေရာမှာ အခြားသောသီးနှံတွေနဲ့ သီးလှည့်စိုက်ပျိုးမယ်ဆိုရင်တော့ မြေဆီလွှာထဲမှ အာဟာရဓာတ်တစ်မျိုးတည်ကို အလွန်အကျွံထုတ်ယူခြင်းနဲ့ ပိုး ရောဂါများ ဆိုးရွားစွာကျရောက်ခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Source - The Basics of Healthy Garden Soil (http://www.picturethisai.com)
ဇွဲခန့် ပိုင်
လွန်ခဲ့သော ၄ နှစ် က<
ညီညီ
လွန်ခဲ့သော ၄ နှစ် ကသဲမြေကိုစိုက်ပျိုးမြေပြင်ချင် ဘာလိုအပ်ပာသလဲ
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....