မြေဆွေးပုံတစ်ခုအတွက် အရေးပါတဲ့ လျှို့ဝှက်ချက်
အစိမ်းရောင်လမ်းက ပေးတဲ့ မြေဆွေးပုံနည်းတွေနဲ့ ကျွန်တော်တို့ တောင်သူတွေ စမ်းကြည့်ကြဖူးမှာပါ။ အဲဒီချိန်မှာ တစ်ခါတစ်လေ မြေဆွေးမြန်မြန်ရပြီး တစ်ခါတစ်လေ တော်တော်နဲ့ မဆွေးဘဲ စိတ်ပျက်မိသွားတာ နောက်တစ်ခါ တပ်ပြီး မြေဆွေးမပုံချင်တော့တာမျိုးတွေ ဖြစ်မှာပါ။ ကျွန်တော်လည်း စိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်မှာ ကျောင်းက သင်ပေးတဲ့ ကောက်ရိုးမြေဆွေးလုပ်နည်းနဲ့ အိမ်မှာ ပြန်လုပ်ဖူးတယ်။ တစ်နှစ်ကြာမှ မြေဆွေးရတယ်။ ပုံပြီး ကျောင်းပြန်တက်တော့ ပစ်ထားခဲ့လိုက်တာ တော်တော်နဲ့ မဆွေးဘဲဖြစ်သွားပါတယ်။ ဘာတွေက အရေးကြီးလဲကြည့်ရအောင်။
၁။ ကာဗွန်နိုက်ထရိုဂျင် အချိုး
မြေဆွေးပုံတဲ့အခါမှာ နားလည်ရဖို့လိုတာ မြေဆွေးတဲ့ဖြစ်စဉ်မှာ အဏုဇီဝသက်ရှိတွေရဲ့ အခန်းကဏ္ဍက အခရာကျပါတယ်။ ဒီသက်ရှိလေးတွေက မြေဆွေးတဲ့ဖြစ်စဉ်ကို အစအဆုံး လုပ်ဆောင်ပေးတာပါ။ သက်ရှိဖြစ်တဲ့အတွက် ရှင်သန်ဖို့ အစားအစာလိုပါတယ်။ မြေဆွေးပုံမှာ ထည့်လိုက်တာတွေအားလုံးက သူတို့အတွက် အစားအစာပါ။ ဒီတော့ အစားအစာမှာ သူတို့ရှင်သန်ဖို့အတွက် အမယ်စုံဖို့လိုပါတယ်။၂ ခုပါ။ တစ်ခုက ကာဗွန် သူတို့ရဲ့ အဓိကအစားအစာ (ကျွန်တော်တို့အတွက်ဆို ကာဗွန်ဟိုက်ဒရိတ် ရမယ့် ထမင်း)။ နောက်တစ်ခုက နိုက်ထရိုဂျင် အားအင်အတွက် ပရိုတင်းအတွက် (ကျွန်တော်တို့အတွက်ဆို အသားဟင်းပေါ့)။ ဒီနှစ်ခု အချိုးကျဖို့လိုပါတယ်။
ပညာရှင်တွေစမ်းသပ်မှုအရ အကောင်းဆုံး အသင့်တော်ဆုံး အချိုးက ၃၀:၁ ပါ။ ကာဗွန် ၃၀ ပုံရင် နိုက်ထရိုဂျင် ၁ ပုံလိုအပ်ပါတယ်။ ကာဗွန်အချိုးအရမ်းမြင့်သွားရင် ဆွေးဖို့အချိန်ကြာမယ်။ မြန်အောင်လို့ နိုက်ထရိုဂျင်အချိုးအရမ်းမြှင့်လိုက်ရင်လည်း အနံသက်တွေ မကောင်းတော့ဘဲ ပုပ်လာတာမျိုး ဖြစ်ပါတယ်။

ကာဗွန် နဲ့ နိုက်ထရိုဂျင်ကို အလွယ်ပြောရရင် အညိုရောင်နဲ့ အစိမ်းရောင်လို့ သတ်မှတ်ကြပါတယ်။ အညိုရောင်ဆိုတာ သစ်ရွက်ခြောက်တို့ ကောက်ရိုးခြောက်တို့ပါ။ အစိမ်းရောင်ဆိုတာ အရွက်စို အပင်စိုတွေပါ။ နောက် နိုက်ထရိုဂျင်မြင့်တာတွေကတော့ ကြက်ချေး နွားချေးတို့လည်း ထည့်ပေးနိုင်ပါတယ်။ အမေရိကန်က လာသင်ပေးတဲ့ သင်တန်းတစ်ခုမှာတော့ နိုက်ထရိုဂျင်ဗုံးဆိုပြီး မြေဆွေးပုံရဲ့ အလည်တည့်တည့်ကို အသားတုံးကြီး ထည့်လိုက်တယ်။ ကိုယ့်ဆီမှာဆိုရင်တော့ ကြက်သေတို့ ဘာတို့လည်း အလယ်ဗဟိုမှာ ထည့်ထားနိုင်ပါတယ်။ အညိုနဲ့ အစိမ်းကို တစ်လှည့်ဆီပုံပေးဖို့ လိုပါတယ်။ ၃၀:၁ အချိုးက အရေးကြီးပါတယ်။
၂။ အဏုဇီဝသက်ရှိ
အပေါ်မှာ ပြောခဲ့သလိုပဲ အဏုဇီဝတွေက မြေးဆွေးတဲ့လုပ်ငန်းစဉ်မှာ အဓိက ဇာတ်ကောင်ပါ။ သူ့ကို ထည့်ပေးဖို့အတွက် အသင့်သုံး အီးအမ်ဖျော်ရည်ထည့်ပေးကြပါတယ်။ ဒါမရနိုင်ရင်လည်း အရင်လုပ်ထားတဲ့ မြေဆွေး၊ အပေါ်ယံမြေ စတာတွေလည်း ထည့်ပေးနိုင်ပါတယ်။
၃။ အစိုဓာတ်
အစိုဓာတ်ကလည်း သက်ရှိတွေ အဏုဇီဝအသက်ရှင်သန်နိုင်ဖို့အတွက်နဲ့ ဆွေးမြေ့တဲ့ ဖြစ်စဉ်အတွက် အရေးကြီးပါတယ်။ အထဲမှာရှိတဲ့အစိုဓာတ်က မစိုလွန်း မခြောက်လွန်း အနေအထားထားဖို့လိုပါတယ်။ ခြောက်သွေ့တဲ့ရာသီမှာ ရေလောင်းပေးဖို့ လိုသလို မိုးရာသီလိုမျိုးမှာ မိုးရေတွေ မဝင်အောင် အပေါ်ကနေ အုပ်ထားပေးဖို့ လိုပါတယ်။
၄။ အပေါ်အောက် လှန်ပေးဖို့
မြေဆွေးပုံပြီး ဒီအတိုင်းပစ်ထားလိုက်ရုံနဲ့ နည်းအလိုက် ၁ လ ၃ လ ၆လ ဆိုရင် မြေဆိုရပြီလို မသတ်မှတ်လိုက်ပါနဲ့။ မြေဆွေးဖြစ်စဉ်မှာ အပူတွေ ထွက်လာပါတယ်။ အပူအရမ်းလွန်ကဲသွားရင်လည်း အဏုဇီဝပိုးတွေ လုပ်ငန်းစဉ်တွေ နှေးကုန်ပါတယ်။ ဒါကြောင့် မြေဆွေးပုံကို ၂ ပတ်တစ်ခါ ဖြစ်ဖြစ် တစ်လ တစ်ခါလောက်ဖြစ်ဖြစ် အထက်အောက် လှန်ပေးတာ အစိုဓာတ်နည်းနေရင် ရေလောင်းပေးတာ။ ဆွေးမြေ့လာတဲ့ လက္ခဏာမပြရင် အသင့်သုံးအီးအမ်ဖြစ်ဖြစ် အိုင်အမ်အို ဖြစ်ဖြစ် ထည့်ဖြည့်ပေးတာတို့ လုပ်ပေးဖို့လိုပါတယ်။
နိုင်ငံတစ်ကာမှာတော့ ဒီလိုလုပ်ပြီးရလာတဲ့ မြေဆွေးကို “ရွှေနက်” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အကြောင်းကတော့ ဒီလိုလုပ်ပြီးရလာတဲ့ မြေဆွေးက အဟာရဓာတ်တွေ ကြွယ်ဝရုံသာမက အပင်အတွက် မြေကြီးအတွက် ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ အကျိုးပြအဏုဇီဝပိုးတွေပြန်ထည့်ရလည်း ရောက်တယ်။ မြေကြီးရဲ့ ဖွဲ့စည်းပုံကိုလည်း ကောင်းမွန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးတဲ့ သစ်ဆွေးဓာတ်လည်း ထည့်ရရောက်တယ်။ ဒီအကျိုးကျေးဇူးတွေဟာ ဈေးကြီးပေးပြီး ဝယ်ရတဲ့ ဓာတ်မြေသြဇာမှာတောင် မပါလို့ “အနက်ရောင်ရွှေ” ဒါမှမဟုတ် “ရွှေနက်” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ တောင်သူများအားလုံး ရတနာ ရွှေနက်ကို ပိုင်ဆိုင်ကြပါစေ။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ဦးပြည့်ဖြိုးအောင်
လွန်ခဲ့သော ၄ နှစ် ကပေါင်းမြက်တွေနဲ့လုပ်လို့ရပါသလား လုပ်နည်းအသေးစိတ်လေးသိလို့ရရင်သိချင်ပါတယ်ဆရာ
perfect
လွန်ခဲ့သော ၄ နှစ် ကဆရာပြေားတဲ့ အီးအိမ်ကဘာပါလဲခင်ဗျာ
soe than
လွန်ခဲ့သော ၄ နှစ် ကကြက်ချေးသဘာဝမြေဇာ လုပ်နည်းလေးရှိရင် Share ပေးကြပါအုံး ညီအစ်ကိုတို့ရေ
ကိုကိုဌေး
လွန်ခဲ့သော ၄ နှစ် ကထော်ပတ်စစိုက်ပြီး၃လရှိပီးဘာဓါတ်မြေသြဇာသုံးရမလဲဗျာ
ပြည့်ဖြိုးနိုင်
လွန်ခဲ့သော ၄ နှစ် ကEM ဖျော်ရည်က ဘယ်လိုဟာလဲဗျ ဘယ်လိုလုပ်ရင်ရပါသလဲဗျာ
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Thein Soe Min
အားလုံး
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
06/07/2026
အံ့ဖွယ် "ဒန့်သလွန်" နဲ့ နို့စားနွားမွေးမြူရေး ရေရှည်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ?
02/07/2026
ထိုင်းနိုင်ငံသည် အယ်လ်နီညို (El Niño) ရာသီဥတုကြောင့် ရေရှားပါးမည့် အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်နေ
23/06/2026
မက်ဆီအမြဲလိုလို ပိုက်နဲ့စုပ်သောက်နေတာက ဘာလဲ?
20/06/2026
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026