မြေချဉ်ငန်ဓာတ်ကိန်း pH နည်းနေပါက ဘာလုပ်ကြမလဲ?
မြေချဉ်ငန်ဓာတ်ဟာ အလွန်အရေးပါပါတယ်။ ကိုယ်စိုက်မဲ့သီးနှံနဲ့ ကိုက်ညီတဲ့ မြေချဉ်ငံကိန်း pH level ရှိဖို့လိုအပ်ပါတယ်။ များသောအားဖြင့်ကတော့ မြေချဉ်ငံကိန်း ၅.၅ to ၆.၅ ကြားမှာဆိုရင် သီးနှံပင်တော်တော်များများဖြစ်ထွန်းပါတယ်။
pH ဟာ ကိန်းဂဏန်းအနေနဲ့တော့ ၁ -၁၄ ထိရှိပါတယ်။ pH 7 ဟာ neutral အခြေအနေ ဓာတ်ပြယ်နေတဲ့အခြေအနေပါ eg. pH7 ရေ လိုမျိုးပေါ့။
အဲ့ဒီအထဲမှာမှ pH 7အောက်ရောက်ပါက acidic soil အက်ဆစ်ပေါက်နေတဲ့မြေ မြေချဉ်တွေလို့ခေါ်ပါတယ်။ အဲ့ဒီနေရာမှာလဲ acidic soil တွေကို ၆ မျိုးပြန်ခွဲထားပါသေးတယ်။
၁) Ultra Acidic soil pH < ၃.၅
အရမ်းချဉ်တဲ့မြေပါ စိုက်ပျိုးရေးလုပ်လို့အဆင်မပြေတဲ့ မြေမျိုးပါ pH က ၃.၅ ထက်နည်းတဲ့ အခြေအနေပါ။
၂) အလွန်အမင်းချဉ်တဲ့မြေ (Extremely acidic soil pH - ၃.၅ - ၄.၅
၃) အလွန်အချဉ်အားကောင်းသောမြေ (Very Strongly acidic) soil pH - ၄.၅ - ၅.၀
၄) အလွန်ချဉ်သောမြေ (Strongly acidic soil) pH - ၅.၁ - ၅.၅
၅) အတော်အသင့်ချဉ်သောမြေ (Moderate Acidic soil) pH - ၅.၆ - ၆.၀
၆) အနည်းငယ်ချဉ်သောမြေ (Slightly acidic soil) pH - ၆.၁ - ၆.၅
၇) ဓာတ်ပြယ်သောမြေ (Neutral soil) pH - ၆.၆ -၇.၃ ဆိုပြီး အမေရိကန်နိုင်ငံရဲ့ စိုက်ပျိုးရေးဌာနက ခွဲခြား သတ်မှတ်ထားပါတယ်။
ဘာတွေက မြေချဉ်တာကိုဖြစ်စေပါသလဲ
၁) မိုးရွာသွန်းမှု၊ မိုးရေချိန်
မိုးရေH2O နဲ့ CO2 များပေါင်းရာမှ weak acid ဖြစ်စေပြီး မြေကို ချဉ်စေပါတယ်။
၂) နိုက်ထိရိုဂျင်မြေဩဇာ
နိုက်ထိရိုဂျင်မြေဩဇာတွေ အများအပြားသုံးခြင်းကလည်း မြေကိုချဉ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် N မြေဩဇာတွေဟာ အမိုနီယမ်မှတဆင့် Nitrification ဖြစ်ပြီး H+ ions တွေ ထွက်လာပါတယ်။ H+ ions တွေ များလာပြီး မြေချဉ်မှုကိုဖြစ်ပေါ်စေပါတယ်။ နောက်ပီး H+ ions တွေဟာ Calcium, Magnesium , potassium တွေနေရာမှာ ဖလှယ်ပြီး မြေချဉ်ဓာတ်ကို ပိုပိုများစေလာတာပဲဖြစ်ပါတယ်။
၃) အပင်အမျိုးအစား
ပဲမျိုးနွယ်ဝင်တွေဖြစ်တဲ့ ပဲပုပ်၊ alfalfa, clover တွေရဲ့ အမြစ်တွေကနေ သူတို့ရဲ့ အပင်တွင်းဖြစ်စဉ်တွေကို ထိန်းထားရန်အတွက် Hydrogen ions တွေ ထုတ်ပါတယ် ။ အဲ့ဒီအခါ မြေကို ပိုချဉ်စေပါတယ်
မြေချဉ်ရင် ဘာတွေဖြစ်တတ်လဲ?
၁။ အာဟာရဓာတ်
မြေအရမ်းချဉ်တဲ့မြေတွေမှာဆိုရင် အပင်အတွက်အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ NPK၊ ဆာလဖာ၊ ကယ်ဆီယမ်၊ မဂ္ဂနိ၊ မော်လပ်ဒီနမ်တွေဟာ ရနိုင်ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ အိုင်းရွန်းတို့ အလူမီနီယမ်တို့ကတော့ ပေါများပြီး အပင်အဆိပ်သင့်တာတွေထိဖြစ်နိုင်ပါတယ်။
၂။ အဏုဇီဝသက်ရှိများ
မြေချဉ်မှုများပါက Rhizobia bacteria လို့ခေါ်တဲ့ ပဲမြစ်ဖုဖြစ်စေတဲ့ ဘက်တီးရီးယားတွေ အလွယ်တကူလျော့ကျပီး ပဲပင်တွေအတွက် ဆုံးရှုံးမှုကြီးဖြစ်စေပါတယ်။
မြေချဉ်တွေကို ဘာလိုပြုပြင်မလဲ
ဒါကတော့ pH level ကိုစစ်ဆေးကြည့်ပြီး ဘယ်လိုပြုပြင်ရမလဲ စဉ်းစားရမှာပါ။
အဲ့ဒီမှာ ထုံးကိုတော့ မြေအပေါ်ပိုင်း pH level ၅.၀ အထက်နဲ့ မြေအောက်ပိုင်း ထယ်တစ်သွားအနက်( 8လက်မ) အောက်မြေရဲ့ pH level ၄.၈ နဲ့အထက်ရှိပါက ထည့်သွင်းပေးနိုင်ပါတယ်။
မြေအပေါ်ပိုင်းမြေပေါ်မှာ ထယ်တစ်လွှာအနက်မှ pH ၅.၅ ရှိနေပါက ထုံးထည့်ရုံသာမက စိုက်ပျိုးမှုစနစ်ကိုပါ ပြုပြင်ပေးသင့်ပါတယ်။ ထုံးထည့်မယ်ဆိုရင်လည်း သူက မြေအမျိုးအစား၊ ထုံးအရည်အသွေး၊ မြေသားဖွဲ့စည်းပုံ၊ စိုက်ပျိုးမှုစနစ်နဲ့ မိုးရေချိန်တွေကိုပါ ထည့်သွင်းစဉ်းစားကြရမှာဖြစ်ပါတယ်။
ထုံးမှာလဲ
- Calcitic lime stone (Calcium Carbonate)
သူကလည်း Ca source တစ်ခုဖြစ်ပြီး magnesium 1-6% ပါဝင်ပါတယ်။
- Dolomitic Limestone (Calcium Carbonate, Magnesium Carbonate )
သူကတော့ CaCO3 + MgCO3 ပေါင်းထားတာပဲဖြစ်ပါတယ်။ သူမှာလဲ Mg 6%အနည်းဆုံးပါဝင်ပါတယ်။ မြေချဉ်ဓာတ်လျော့ဖို့ကတော့ သူတို့ရဲ့ သန့်စင်မှုအပေါ်မူတည်ပါတယ်။
- Hydrated Lime ( Ca( OH) 2)
သူကတော့ လူတိုင်းသိတဲ့အတိုင်း အိမ်ဆောက်တဲ့ ထုံးပါ။ သူကတော့ ဓာတ်ပြယ်မှုအားက အခြားထုံးတွေထက် သာလွန်ပါတယ်။
ထုံးဘယ်လိုထည့်ကြမလဲ?
၁။ အချိန်
သီးလှည့်စိုက်ခြင်းမှာ ပဲမျိုးရင်းဝင်အပင်တွေပါပါက ထုံးကို ပဲ မစိုက်ခင် ထည့်သွင်းပေးနိုင်ပါတယ်။ သီးနှံမစိုက်ခင် ကြိုထည့်ထားခြင်းဟာ မြေအတွက်ပိုကောင်းစေပါတယ် အလွန်ချဉ်တဲ့မြေ pH 5.1 - 5.5 တွေ အတွက် အကျိုးရှိစေပါတယ်။
၂။ အသုံးပြုပုံ
ထုံးက ရေမှာ အနည်းအကျဉ်းပဲ ပျော်ဝင်တာဖြစ်လို့ မြေထဲလုံးဝထည့်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာပေးရပါက Ammonium nitrate (N မြေဩဇာ) ဟာ Pure Calcium Carbonate ထက် ရေမှာ ၈၄၀၀၀ အဆ ပို၍ပျော်ဝင်လွယ်ပါတယ်။
အဲ့တာကြောင့် မြေကို ထယ်ထိုးထွန်မွှေလုပ်ပါက ထုံးတခါတည်းထည့်ပေးပါ။ မြေ မျက်နှာပြင်မှာပဲထည့်ပါက မြေအပေါ် ၂ -၃ လက်မထိလောက်ပဲရောက်ပီး မြေကိုကောင်းစွာမပြုပြင်နိုင်ပါ။
၃။ ကြိမ်နှုန်း
သီးနှံကို အချိန်ပြည့်စိုက်၊ နိုက်ထရိုဂျင်မြေဩဇာအသုံးများလေ ထည့်ရမဲ့ ကြိမ်နှုန်းလည်းများလေဖြစ်ပါတယ်။ မြေရဲ့ ချဉ်ငံကိန်းနဲ့လည်း သက်ဆိုင်ပါတယ်။
၄။ နှုန်းထား (ပေါင်)
သူ့ကို ထည့်ပါက မြေအမျိုးအစားပေါ်လည်းမူတည်ပီး လိုအပ်ချက်ကွဲပြားပါတယ်။ ၁၀၀ မီတာပတ်လည်မြေမှာ
မြေအမျိုးအစား--- ချဉ်ငံကိန်း ----- နှုန်းထား
ရွံစေးမြေ -------- ၅.၀၊ ၅.၅၊ ၆.၀ ----- ၂၈.၅၊ ၁၁.၅၊ ၄.၅ ပေါင်
သဲဆန်သောမြေ ---- ၅.၀၊ ၅.၅၊ ၆.၀ ----၁၀.၅၊ ၄.၃၊ ၁.၅ ပေါင်
နုန်းမြေ ------ ၅.၀၊ ၅.၅၊ ၆.၀ ----- ၂၁၊ ၈.၅၊ ၄.၅ ပေါင်အသီးသီး ထည့်နိုင်ပါတယ်။
နောက်ပီး pH ၅.၂ - ၅.၈ ကြားမှာဆိုရင် မြေ ပေ ၅၀ ပတ်လည်မှာ ထုံး ၅-၁၀ ပေါင်ထည့်နိုင်ပါတယ်။
သီးနှံပင်တွေအနေနဲ့တော့ ပဲအမျိုးမျိုး၊ ပြောင်း၊ ဂေါ်ဖီထုပ်၊ ဆလပ်အပြင် အခြားအရွက်စားဟင်းရွက်များ။
ခရမ်းချဉ်
သူက မြေချဉ်ပါက ကောင်းစွာမဖြစ်ထွန်းတာဖြစ်လို့ ကယ်စီယမ် ၊ မဂ္ဂနီစီယမ်ကိုကောင်းထည့်ပေးသင့်ပါတယ်။
အကြံပြုချက်
မြေကို ရေရှည်မှာ pH level ညှိပေးဖို့ကတော့ သဘာဝမြေဩဇာများများထည့်ပေးပါ။ နိုက်ထရိုဂျင်မြေဩဇာကို သင့်တင့်စွာထည့်ပါ။
Reference:
Wekipedia
soilquality.org.au
cropnutrition.com
garden.lovetoknow.com
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
KoAung
လွန်ခဲ့သော ၄ နှစ် ကရပါတယ်
Zin Myo Htet
လွန်ခဲ့သော ၄ နှစ် ကခုလိုကျွန်တော်တို့အတွက် အသိပညာများ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ
ဦးသက်ခိုင်
လွန်ခဲ့သော ၄ နှစ် ကအခုလိုမျိုး အသိပညာ ပြန်ပွားအောင် ရေးသားဖော် ပြဒါ ကို ကျေး ဇူးအများတင်ရှီပါတယ်
par Aung
လွန်ခဲ့သော ၄ နှစ် ကမြေတိုင်းတဲ့ စက်က ဘယ်လောက်?
ကိုစိုင်း
လွန်ခဲ့သော ၄ နှစ် ကနည်းရင် Baking Soda ကအလွယ်ဆုံးနည်းပါ။
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from မြတ်စုဝေ
အားလုံး