ရိုးပြတ်တွေ မဆွေးမြည့်ဘဲ ပဲစိုက်လိုက်မယ်ဆိုရင်..
သီတင်းကျွတ် မိုးလေကင်းသည်နှင့် တပြိုင်နက် မိုးစပါးအပြီးတွင် လယ်သီးထပ်အဖြစ် မတ်ပဲ၊ ပဲတီစိမ်းစသည့် ပဲမျိုးစုံသီးနှံစိုက်ဖို့ တောင်သူမိတ်ဆွေတို့ ထွန်ရေးပြင်ကြရပါတော့မယ်။
ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီစသည့်ဒေသအချို့၌ ပြီးခဲ့တဲ့ မိုးစပါးများမှာ မိုးရေချိန်များ၍ ရေနင်းပြီးသကာလစပါးအထွက်နှုန်းနဲ့ အရည်အသွေးများစွာ အထိနာခဲ့ကြတဲ့အတွက် ဆုံးရှုံးမှုတွေ ကာမိစေဖို့ နောက်စိုက်မည့် မတ်ပဲ၊ ပဲတီစိမ်းကိုအဓိကအားထားရမည့် အနေအထားရောက်နေပါတယ်။
ပဲအများဆုံးဝယ်ယူနေတဲ့ အိန္ဒိယမှာလည်း ပဲသီးနှံတွေအထွက်နှုန်းကျဆင်းနေတယ်လို့ ကြားသိရတဲ့အတွက် မြန်မာ့ပဲစျေးကွက်အလားလာ အလွန်ကောင်းနေပါတယ်။
သို့သော် ရေနင်းခံလယ်များ၊ စပါးရိုးပြတ်များ၊ ပေါင်းမြက်များနှင့် အမှိုက်သရိုက်များကို ကောင်းစွာမရှင်းလင်း မသုတ်သင်ဘဲ အလွယ်တကူ ထွန်းရေးပြင်ပြီး တက်သုတ်ရိုက် ပဲကြဲလိုက်မှာကို အထူးတလည်စိုးရိမ်မိသည့်အတွက် ဤစာစုကို ရေးသားတင်ပြလိုက်ရပါတယ်။

မတ်ပဲ၊ ပဲတီစိမ်းသီးနှံများ အထွက်နှုန်းထိခိုက်စေသောအချက်များတွင်
- အပင်ငယ်စဉ် အသေအပျောက်များခြင်းနှင့်
- ပိုး/ရောဂါ ကျရောက်ဖျက်ဆီးခြင်းကြောင့် ၉၀ % ဆုံးရှုံးခြင်းတို့ကြောင့်ဖြစ်ပါတယ်။
အဖြစ်များဆုံးက အပင်ငယ်စဥ်မှာဖြစ်တဲ့ ညှိုးသေရောဂါ (Damping off disease)ပါ။ ဒီရောဂါဖြစ်မှ ကုသမယ်ဆို အချိန်မရနိုင်ပါဘူး။
မြေဆောင်ရောဂါ (Soil borne diseases) ဖြစ်လို့ ဓာတုမှိုသတ်ဆေးချည်း အားကိုးနေလို့ အပြည့်အဝ မကာကွယ်နိုင်ဘူးဆိုတာ နှစ်စဥ်ကြုံတွေ့နေရတဲ့ တောင်သူတွေ အသိဆုံးပါ။
ဒါ့ကြောင့် စပါးရိုးပြတ်တွေ ဆွေးအောင်မလုပ်ဘဲ စက်ခုတ်/မြေမြှုပ်လိုက်ရင်၊ ပဲပင်လေးတွေ အပင်ပေါက်ပြီး ၁-၂ ပတ်အတွင်း အသေအပျောက်များစေပါတယ်။
(ရိုးပြတ်အစိမ်းတွေ မြေမြှုပ်လိုက်မယ်ဆို မြေထဲမှာ အော်ဂင်းနစ်အက်ဆစ်တွေ အက်ဆစ်အချဥ်ပေါက်ကာ မြေဆောင်မှိုရောဂါတွေကို ပွားများစေပါတယ်)
နဂို မြေဆီလွှာဟာလည်းပဲ ပီအိပ်ချ်နိမ့်(pH 5.0 အောက်)ရှိနေမယ်ဆိုရင် ပဲစိုက်ခင်းတွေမှာ ပိုဆိုးစေပါတယ်။
ဒါဆိုဘယ်လိုတွေ လုပ်ဆောင်သင့်လဲ?
စပါးရိုးပြတ်များကို ပဲ အတွက် ထွန်ရေးပြင်တော့မည် ဆိုပါလျှင်..
ရိုးပြတ်များကို ထယ်ထိုး/ထွန်မွှေမပြုခင် အီးအမ်(EM)နဲ့ ထရိုင်ကိုဒါးမား(Trychodama)ကို အရင်ဦးစွာဖျန်းပါ။
(အီးအမ်အပြင်း ၁ လီတာကို တင်လဲရည် ၁ လီတာနဲ့ ရေ ၁၈ လီတာ ရောပြီး အသင့်သုံးအီးအမ်ဖြစ်အောင်ဖျော်ပါ။ ပြီးနောက် ၄ ဂါလံဆန့် ဆေးဖျန်းပုံး ၁ ပုံးမှာ အသင့်သုံး (ဖျော်ပြီးသားအီးအမ်) ၃၀၀စီစီ နှင့် ထရိုင်ကိုဒါးမား ၁၀၀ ဂရမ် ထည့်ပြီး လယ်၁ဧက ကို ၅-၆ပုံးဖျန်းပါ။)
ဖျန်းပြီး ၂ ပတ်ကြာလျှင် ထယ်ထိုးထွန်မွှေပြုလုပ်နိုင်ပါပြီ။
ရရှိနိုင်မည့် အကျိုးကျေးဇူးများ
အီးအမ်နဲ့ ထရိုင်ကိုဒါးမားရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ ပဲပင်ရောဂါဖြစ်စေတဲ့ သက်ရှိများကို ကာကွယ်နှိမ်နင်းပေးနိုင်ခြင်း
မြေဆောင်ရောဂါများကိုကာကွယ် နှိမ်နင်းပေးနိုင်ခြင်း
အပင်အကြွင်း အကျန်များကို မြေဆွေးပြုလုပ်ရာတွင် လျင်မြန်စွာဆွေးမြည့်စေနိုင်ခြင်းတို့အပြင်
သီးနှံများရိတ်သိမ်းပြီး ရိုးပြတ်များကို လျင်မြန်စွာဆွေးမြည့်စေရန်လည်းကောင်း၊ အပင်ကြီးထွားမှုကိုအားပေးသော ပဋိဇီဝပစ္စည်း (Anti- biotics) အဖြစ်လည်းကောင်း အကျိုးပြုနိုင်ခြင်းနှင့် Soil-borne fungus diseases မြေအောင်းမှိုများဖြစ်သည့် Sclerotium spp ကြောင့်ဖြစ်သော ခါးရိရောဂါများ၊ Rhizoctonia spp ကြောင့်ဖြစ်သော မြစ်ခြောက်ဆွေး ရောဂါများ၊ Pythium spp ကြောင့်ဖြစ်သော ပင်ညှိုးရောဂါများ၊ Aspergillus spp ကြောင့်ဖြစ်သော ပင်ရင်းပုပ်ရောဂါများကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
လိုအပ်သောပစ္စည်း(EM, Trichodama)တွေကိုလည်း ဒေသတွင်း လွယ်ကူစွာရနိုင်တဲ့အပြင်ကုန်ကျစရိတ်လည်းသက်သာသဖြင့် မဖြစ်မနေ ပြုလုပ်သုံးစွဲသင့်ပါကြောင်း တိုက်တွန်း နှိုးဆော်တင်ပြလိုက်ပါတယ်။
စေတနာများစွာဖြင့်..
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ပဲစိုက်ချိန် မြေပြင်နည်း
ko kyaw soe001
လွန်ခဲ့သော ၁ နှစ် ကအီးအမ်နှင့်ထရိုင်ကိုဒါးမား ဝယ်ယူလိုပါက 0943088689 ကိုဆက်သွယ်ကြပါခင်ဗျ
ဦးခင်ရှိန်
လွန်ခဲ့သော ၁ နှစ် ကကျေးဇူးပါဆရာ
ကျော်လင်းစိုး
လွန်ခဲ့သော ၂ နှစ် ကဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် အီးအမ် ဖြန်းစရာမလိုဘူးလား
ဒို့ဦးလေး
လွန်ခဲ့သော ၂ နှစ် ကရိုးပြတ်ကို ခုတ်ဖုံးလုပ်ပြီး ပဲစိုက်ရင် အဆင်ပြေပါတယ်.. သက်တမ်းတိုစပါးစိုက်ပါ။ ပင်ရှည်ရိတ်ပါ။ အစိုဓါတ်အရယူပါ
ကျော်လင်းစိုး
လွန်ခဲ့သော ၂ နှစ် ကရိုးပြတ် ခုတ်ဖုံးလုပ်ရင် ဖျန်းလို့အဆင်ပြေမလား
ဆက်စပ်မေးခွန်းများ
စံပယ်ကအအေးပိုင်းဝင်သွားရင်အစာခိက်လုပ်မှုနေးကွေးသွားပြီးအဖူးမလိုက်တော့လို့ မြေပြင်အပူဓာတ်ရအောင်ဘယ်လိုပြုစုရမလဲ ဘာတွေထည့်ဖို့လိုသေးလဲပြောပြပေးပါအုံး
အောင်ကိုမင်း • ဖြေကြားချက် 1 ခု
ဧရာပဒေသာကြဲသားခင်းအတွက်စတင်ကြဲပက်သည့်ရက်မှရိတ်သိမ်းကြိမ်အထိဘယ်ရက်သားကနေမြေသြဇာစကျွေးပြီးဘယ်ရက်သားထိမြေသြဇာနောက်ဆုံးကျွေးကတာလည်းဖြေကြားပေးပါအုံးဆရာတို့ခဗျာ
ဆန်းထိုက် • ဖြေကြားချက် 4 ခု
em 1 ကို သီနှံမျိုးစုံဖျန်းပေးရလားဆရာဆေးဖျန်းနှုန်းထားပါဖြေပေးပါဆရာ
U Than Toe Aung • ဖြေကြားချက် 1 ခု
ထရိုင်ကို ဒါးမားဝယ်ချင်လို့ပါ အဆင်ပြေလားဗျ
Zaw Latt • ဖြေကြားချက် 1 ခု
ကင်းပွန်းချဉ်
Hlaing Hlaing Thin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒို့ဦးလေး
အားလုံး