ကြက်များသည်လည်း လူတို့ကဲ့သို့ပင်.....
ကြက်များသည် လူတို့ကဲ့သို့ပင် ခြေထောက်အဆစ်အမြစ် နာကျင်မှုများကြောင့် အစာစားသုံးရန် ရေဓာတ်ဖြည့်တင်းဖို့ရန် အခက်အခဲကြုံတွေ့ရတတ်သည်။
ကြက်မွေးမြူရေးတွင် နေ့စဉ်နှင့်အမျှ မွေးမြူရေးသမားတိုင်း ကြုံတွေ့နေရသည့် ကြက်များတွင်ဖြစ်ပေါ်လေ့ရှိသည့် ရောဂါများအနက် ကြက်များ၏ ခြေထောက်များ မသန်မစွမ်းဖြစ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ကြက်များတွင် တွေ့ရတတ်သော လက္ခဏာများမှာ
- ခြေထောက်များ လမ်းလျှောက်လျှင် ပုံသဏ္ဍန်မမှန်ခြင်း
- ခြေထောက်များဘေးသို့ကားနေခြင်း
- ခြေထောက်များ ချည့်နဲ့နေခြင်း
- ခြေထောက်များကွေးညွတ်နေခြင်း
- လမ်းလျှောက်လျှင် နာကျင်နေခြင်း
- ခြေထောက်များ လိမ်နေခြင်း၊ စောင်းနေခြင်း
- လမ်းအနည်းငယ်လျှောက်ရုံမျှနဲ့ ပင်ပန်းနွမ်းနယ်နေခြင်း
မျိုးရိုးဗီဇကြောင့် မသန်စွမ်းခြင်းမှလွဲ၍ ခြေထောက်မသန်စွမ်းသည့် လက္ခဏာအများစုကို Vitamins (အဓိကအားဖြင့် vitamin D 3)နှင့် Mineral စသည့် အဟာရဓာတ်များတိုက်ကျွေးခြင်းဖြင့် ရောဂါဖြစ်ပွားနှုန်းကို သိသိသာသာ လျှော့ချနိုင်သည်။
ခြေလက်မသန်စွမ်းခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများစွာ ရှိသည့်အနက် အဓိကဖြစ်ပေါ်စေသည့် အကြောင်းအရာများမှာ Nutrition နှင့် Vitamins ( vitamin D3) ချို့တဲ့ခြင်း၊ ဘက်တီးရီးယား (သို့မဟုတ်) ဗိုင်းရပ်စ်ဝင်ရောက်ခြင်းတို့ကြောင့် အရိုးနှင့်အဆစ်အမြစ်များ နာကျင်ထိခိုက်ခြင်း၊ ဥဖောက်ခြင်းမစတင်မီ ကြက်ဥများကို သိုလှောင်ခန်းတွင် အချိန်ကြာမြင့်စွာထားရှိခြင်း၊ ဥဖောက်စဉ် ဖောက်စက်အတွင်း စိုထိုင်းစ သတ်မှတ်နှုန်းထက် နည်းနေခြင်း၊ ကိရိယာပစ္စည်းများထားရှိမှု မမှန်ကုန်ခြင်း၊ ကြက်ကောင်ရေ အရေအတွက်များခြင်း၊ ခြေထောက် မတော်တဆထိခိုက်မိခြင်း ကြက်စာခွက် ရေခွက်များ ချိတ်ဆွဲခြင်းမရှိခြင်းကြောင့် ကြက်များလှုပ်ရှားမှုနည်းလွန်း၍ မသန်စွမ်းခြင်း စသည့်အချက်များကြောင့် ခြေထောက်မသန်စွမ်းခြင်းကို ဖြစ်ပေါ်စေသည်။
ခြေလက်မသန်စွမ်း ချည့်နဲ့ခြင်းကြောင့် ကြက်များ အစာစားနှုန်းကျနိုင်ပြီး ကြီးထွားနှုန်းလျော့ကျနိုင်သဖြင့် မွေးမြူရေးသမားတို့အတွက် ဆုံးရှုံးမှုများနိုင်သည်။ ထို့ကြောင့် မိမိတို့၏ခြံအတွင်း ရောဂါလက္ခဏာ စတင်တွေ့ရှိသည်နှင့် ထိုကြက်များကို အခြားကြက်များနှင့် သီးခြားဆီထားရှိပြီး တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ကုသမှုကို စနစ်တကျခံယူသင့်သည်။
ထို့အပြင် အရည်အသွေးကောင်းမွန်သော ကြက်စာကိုသာ ရွေးချယ်ကျွေးခြင်း၊ အခြား အဟာရဖြည့်စွက်ဆေးများ တိုက်ကျွေးခြင်း၊ ကြက်မွေးမြူရေးအတွက် လိုအပ်သော အခြေခံနည်းစနစ်များအတိုင်း ကြက်ခြံအခင်းတည်ဆောက်ပုံစနစ်၊ အစာခွက်နှင့် ရေပေးဝေခြင်းစနစ်တို့ကို ဆောင်ရွက်ခြင်းဖြင့် ကြက်များ၏ ခြေထောက်များ ထိခိုက်မိခြင်းမှ ကာကွယ်နိုင်ရန်၊ ရောဂါပိုးဝင်ရောက်မှုနှင့် ရောဂါပြန့်ပွားမှုကာကွယ်နိုင်ရန် အတွက် ဇီဝထိန်းချုပ်ကာကွယ်နည်း (Biosecurity) အလေးထားလုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်သင့်သည်။
Source: Chicken Heaven On Earth
: Poultry Keeper
Maung Aye Myint မောင်အေးမြင့်
လွန်ခဲ့သော ၃ နှစ် ကအိမ်ကြက်မွေးမြ။ရေးစတင်လုပ်ကိုင်ချင်လို့ ဘယ်လိုနည်းနဲ့စတင်လုပ်ရပါမလဲ ဆရာဆရာမများကျေးဇူအထူးပင်တင်ရှိပါတယ်
koMyo
လွန်ခဲ့သော ၅ နှစ် ကဘယ်လိုအသုံးပြုရမလဲ
koMyo
လွန်ခဲ့သော ၅ နှစ် ကအခုမှမွေးချင်တာပါ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022