ငါးစမွေးဖို့ရည်ရွယ်၊ နေရာရွေးချယ်မယ်
ငါးမွေးချင်တယ်။ သို့သော်၊ ဘယ်လိုမြေမျိုးမှာ ငါးမွေးရမလဲ မသိလို့ပါ....ဆိုပြီး၊ ခဏခဏ ဖုန်းဆက်မေးမြန်းလာတဲ့ ငါးမွေးမြူရေးစိတ်ပါဝင်စားသူများအတွက် ငါးမွေးမြူရေးဆိုင်ရာ ပညာရှင်ကြီးတွေဆီက သိရှိရတဲ့ အချက်အလက်တွေထဲကမှ ငါးမွေးဖို့နေရာ ရွေးချယ်ရမယ့် နည်းလမ်းလေးတွေကို ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်နော်။
နံပါတ်(၁) အနေနဲ့ -
ငါးမွေးမယ့်သူဟာ မိမိရဲ့အိမ်အနီးအနား၊ သွားလို့လာလို့ လွယ်ကူမယ့်နေရာမျိုးမှာ မြေလွတ်၊ မြေရိုင်း ရှိမရှိ လေ့လာရှာဖွေရပါမယ်။
ဘာဖြစ်လို့ အိမ်နဲ့နီးစပ်ရာ မြေနေရာကို ရှာခိုင်းတာလဲ ဆိုရင် အိမ်နဲ့နီးနီးနားနားမှာ ငါးကန်ရှိနေတော့ ငါးတွေကို ကျန်းမာအောင်၊ အသေအပျောက် နည်းပါးအောင် အချိန်အားသရွေ့ စောင့်ရှောက်ပေးနိုင်တာကြောင့်ပါ။
သတိပြုရမှာကတော့ အဲ့ဒီမြေလွတ်မြေရိုင်းဟာ တခြားသီးနှံ စိုက်ပျိုးနေတဲ့နေရာမျိုးတော့ မဖြစ်စေရပါဘူး။
နံပါတ်(၂)အနေနဲ့ သိရှိရမှာကတော့ -
မြေဟာ ပြေပြစ်ပြီး၊ လျှောစောက်ရှိတဲ့ မြေအမျိုးအစားဆိုရင် ပိုကောင်းတယ်ဆိုတာပါပဲ။
ဘာဖြစ်လို့လည်းဆိုတော့ ငါးမွေးတဲ့မြေနေရာဟာ မြေတအားနိမ့်ကျနေတာမျိုး ဖြစ်နေရင်၊ မိုးရာသီမှာ ရေကြီး၊ ရေလျှံနိုင်တာကြောင့် ငါးတွေ ဆုံးရှုံးသွားနိုင်တာကြောင့်ပါ။
နောက်ထပ် သိထားရမယ့် အချက်တစ်ချက်ကတော့ - ငါးရဲ့ရှင်သန်ကြီးထွားမှုအတွက် ငါးမွေးမြူမယ့်မြေနေရာဟာ တောင်ကုန်းမြေ၊ လှေကားထစ်မြေမျိုးလည်း မဖြစ်ရပါဘူးတဲ့ရှင်။
နံပါတ်(၃) သိထားရမှာကတော့ -
ငါးတွေဟာ ရွံ့စေးမြေကို ကြိုက်နှစ်သက်ပါတယ်။ သဲမြေ၊ သဲနှုန်းမြေတွေမှာ ငါးမမွေးမြူသင့်ပါဘူး။ ဂဝံမြေအမျိုးအစားဆိုရင်တော့ ငါးလုံးဝ(လုံးဝ) ကို မမွေးမြူသင့်ပဲ ရှောင်ကြဉ်သင့်ပါတယ်တဲ့နော်။
နံပါတ်(၄) အချက်ကတော့ -
ငါးကန်တူးမယ့်နေရာဟာ ရေသွင်းရေထုတ်ပြုလုပ်ဖို့ အဆင်ပြေတဲ့နေရာမျိုးဖြစ်ရပါမယ်။ မိုးရေကို အားပြုပြီး၊ ငါးမွေးတာမျိုးမလုပ်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် - အကြောင်းအမျိုးမျိုးကြောင့် ရေရရှိမှု နည်းပါးပြီး၊ ငါးတွေ သေဆုံးမသွားအောင်လို့ပါ။
? ငါးမွေးမြူရင်း စီးပွားတိုးတက်ပါစေရှင်။
နန်းထက်ထက်ချစ်(ABM)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....