ငါးစာကုန်ကြမ်းပြုလုပ်ကြမယ်
ငါးစာကုန်ကြမ်း ကိုယ်တိုင်ပြုလုပ်လိုသူတွေအနေနဲ့ ပထမဆုံး သိထားသင့်တာကတော့ ကုန်ကြမ်းတစ်ခုစီမှာ ပါဝင်တဲ့ အသားဓာတ်ပါဝင်နှုန်းတွေပဲ ဖြစ်ပါတယ်။
ဖွဲနု - ၁၂ %
ငါးခြောက် - ၅၀ %
မြေပဲဖတ် - ၄၂ %
ကော်မှုန့် - ၁၄ %
ရောစပ်ရမည့်ပမာဏတွေကတော့-
ဖွဲနု - ၇၂ ကျပ်သား
ငါးခြောက်- ၁၇ ကျပ်သား
မြေပဲဖတ် - ၅ ကျပ်သား
ကော်မှုန့် - ၅ ကျပ်သား ဖြစ်ပါတယ်။
အထက်ပါကုန်ကြမ်းတွေနဲ့ ငါးစာပြုလုပ်မယ်ဆိုရင် လိုအပ်တဲ့ ဆားပမာဏ (၁) ကျပ်သားကို ရောနှောပြီး၊ ငါးစာကုန်ကြမ်းအဖြစ် ကိုယ်တိုင်စမ်းသပ် ထုတ်လုပ်ကျွေးမွေးနိုင်ပါတယ်နော်။
ငါးခူ၊ ငါးပြေမ၊ ငါးရံ့လိုငါးမျိုးတွေဆိုရင် ၃ လက်မအရွယ်မှစတင်ပြီး အခုလိုအစာကုန်ကြမ်းများ ပြုလုပ်ကျွေးမွေးနိုင်ပါပြီ။
#ငါးမွေးမြူရင်း စီးပွားတိုးတက်ကြပါစေ။
နန်းထက်ထက်ချစ်(ABM)
အောင်ကျော်လင်း
လွန်ခဲ့သော ၁ နှစ် ကယခုလိုပြောပြပေးတာကျေးဇူးအများကြီးတင်ပါတယ်။ ပြောပြထားတဲ့ အချိုးအစားတွေအတိုင်း အစာကုန်ကြမ်း လုပ်ပြီးငါးပြေမတွေကိုကျွေးကြည့်တာ သူတို့ Commerical fish food တွေထက်ပိုကြိုက်တာတွေ့ရပါတယ်ခင်ဗျ။ ယခု အစာ ကုန်ကြမ်းကို ငါးကြင်းတွေရော ကျွေးလို့ရပါသလားခင်ဗျာ?
စောသောထူးထူး
လွန်ခဲ့သော ၂ နှစ် ကငါးပြေမအစာကို ကိုယ်တိုင်ပြုလုပ်ကြည့်မည်
အောင်
လွန်ခဲ့သော ၂ နှစ် ကလုပ်နည်းလေးသေချာရှင်းပြပေးပါ
thuyalwin
လွန်ခဲ့သော ၃ နှစ် ကငါးပြေမရောင်းဖို့ရှိ့လာ
Brang Aung
လွန်ခဲ့သော ၅ နှစ် ကငါးခူ မွေးမလို့ပါ ကန်ကတော့မိုးကာ နဲ့လုပ်မလို့ပါ ကန်လုပ်နည်း နဲ့ ငါးခလေးစားအတွက်ဘာတွေ ကျွေးရမလဲ ဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာလေ ရှင်းပြပေးပါအုံး ဆရာ ကျေးဇူးပြုပြီးပါ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022