ငါးများတွင် ဖြစ်ပွားလေ့ရှိသည့် ဗိုင်းရပ်စ်(၅)မျိုးနှင့် ရောဂါလက္ခဏာများ
ငါးတွေမှာ အဖြစ်များတဲ့ ရောဂါပိုးတွေနဲ့ ရောဂါလက္ခဏာတွေကို ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့နယ်၊ Nay Min - စီးပွားဖြစ် ငါးသားဖောက်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းမှ တတ်ကျွမ်းနားလည်သူထံ မေးမြန်းပြီး ရေးသားဖော်ပြပေးလိုက်ပါတယ်။
ရေချိုရေငန်မှာ ရှင်သန်ပေါက်ဖွားနေတဲ့ ငါးမျိုးစိတ်တွေမှာ ဖြစ်ပွားနိုင်တဲ့ရောဂါပိုးတွေနဲ့ ရောဂါဖြစ်တည်ပုံ များစွာရှိတဲ့အနက်၊ ခန္ဓာကိုယ်ချို့ယွင်းတဲ့ လက္ခဏာမျိုးဆိုရင် မကူးစက်တတ်တဲ့ရောဂါ (Non-infectious disease) လို့ သက်မှတ်ပြီး၊ ပတ်ဝန်းကျင်အခြေအနေကြောင့် ဖြစ်ပွားတဲ့ရောဂါ (Direct environmental effects)၊ အစာအာဟာရကြောင့် ဖြစ်ပွားတဲ့ရောဂါ (Nutritional effects) ဆိုပြီး ရှိပါတယ်။
ကူးစက်တတ်တဲ့ ရောဂါ (Infectious disease) တွေမှာတော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ရောဂါ၊ ဘက်တီးရီးယားကြောင့် ဖြစ်ပွားတတ်သော ရောဂါ၊ မှိုကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါ၊ ကပ်ပါးပိုးကြောင့် ဖြစ်ပွားတတ်တဲ့ရောဂါ ဆိုပြီး (၄)မျိုးရှိပါတယ်။
ဒီတစ်ခါမှာတော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ရောဂါတွေထဲက ငါးတွေမှာအဖြစ်များဆုံး ဗိုင်းရပ်စ် (၅) မျိုးနဲ့ ၎င်းတို့ရဲ့ ရောဂါလက္ခဏာတွေကို အရင်ဆုံးဖော်ပြပေးသွားပါမယ်။
(၁) Epizootic ulceractive syndrome (EUS)
(၂) Koi herpes virus diesase (KHVD)
(၃) Grass-carp reo viral diesase
(၄) Viral nervous necrosis (VNN)
(၅) Grouper irido viral diesase တို့ ဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်ရောဂါပိုးမျိုး ရှိလာတဲ့အခါ ငါးတွေရဲ့ (gross signs) ရောဂါလက္ခဏာတွေကတော့ အစာစားနှုန်းကျဆင်းလာခြင်း၊ ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ ငါးများထိုင်းမှိုင်းပြီး ရေပေါ်တွင် ခေါင်းဖော်၍ ငြိမ်သက်စွာကူးနေခြင်း၊ ဦးခေါင်း၊ ဆူးတောင်၊ အမြှီးပိုင်း၊ ကျောပိုင်းနဲ့ ပါးဟက်ပိုင်းတွေမှာ အနီစက်တွေ ဖြစ်ပေါ်လာခြင်း၊ ကိုယ်ပေါ်မှာ အနာကွက်တွေ ဖြစ်ပေါ်လာပြီး သွေးများယိုစီးလာခြင်းတို့ ဖြစ်ပါတယ်။
ဒီလိုရောဂါမျိုး ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့- မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေအပူချိန် ပြောင်းလဲခြင်း၊ အက်ဆစ်ဓာတ်မြင့်မားခြင်း ၊ အောက်စီဂျင်ပျော်ဝင်မှုနှုန်း ကျဆင်းလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။
ဒီလို ဗိုင်းရပ်စ်ရောဂါမျိုးကို ရေချိုရေငန်စပ် ငါးမျိုးစိတ်အားလုံးမှာ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါကာကွယ်ခြင်းနဲ့ ရောဂါထိန်းချုပ်ဖို့အတွက် ကန်ရေ၏ Ph level ပေါ်မူတည်ပြီး ထုံးထည့်ပေးခြင်း၊ bleaching powder ကို တစ်ဧက (၉)ပေါင်နှုန်း ထည့်သွင်းပေးနိုင်ပါတယ်။
ရောဂါကုသခြင်းအတွက်တော့ အောက်စီတက်ထွာဆိုက်ကလင်း Oxytetracycline- ၁၀၀ ဂရမ်/ အစာ ၁၀ ပိဿာ) KmnO4 - 4IB / I Acre တို့နဲ့ ကုသပေးကြပါတယ်။
နန်းထက်ထက်ချစ်(ABM)
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....