မွေးမြူရေးကဏ္ဍအခက်အခဲများ ဘယ်လိုဖြေရှင်းကျော်လွှားကြမလဲ..
မွေးမြူရေးအစာထုတ်လုပ်ကဏ္ဍ၏ စိန်ခေါ်မှုများက ပြည်သူလူထုစားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်လာစေနိုင်မလား - ၃
မွေးမြူရေးအစာဈေးနှုန်းများ ကြီးမြင့်လာမှုအခြေအနေနှင့် အစာစပ်စက်ရုံများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို “ မွေးမြူရေးအစာထုတ်လုပ်ကဏ္ဍ၏ စိန်ခေါ်မှုများက ပြည်သူလူထုစားနပ် ရိက္ခာဖူလုံမှုကို ထိခိုက်လာစေနိုင်မလား” ဆောင်းပါး အမှတ် (၁) တွင်လည်းကောင်း၊ အစာဈေးနှုန်းကြီးမြင့်မှုကြောင့် မွေးမြူသူများ ရင်ဆိုင်ကြုံတွေ့လာရသည့် အခက်အခဲများနှင့် စားသုံးသူပြည်သူလူထုအပေါ် ရိုက်ခတ်လာနိုင်မည့် အခြေအနေများကို ဆောင်းပါးအမှတ် (၂) တွင်လည်းကောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
မဖတ်ရသေးပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
မွေးမြူရေးအစာတွေ ဘာလို့ဈေးတက်သလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်နေရသလဲ>>> https://greenwaymyanmar.com/posts/Livestock_fodder_production_problems_1
အစာဈေးကြီးမြင့်မှုက မွေးမြူသူနဲ့စားသုံးသူကို ဘယ်လိုထိခိုက်နေသလဲ >>> https://greenwaymyanmar.com/posts/Livestock_fodder_production_problems_2
အဆိုပါဆောင်းပါးများတွင် ဖော်ပြခဲ့သည့် ယင်းစိန်ခေါ်မှုများကို မည်သို့ရင်ဆိုင်ကျော်လွှားဖြေရှင်းသွားသင့်သည် ဆိုသည်နှင့် စပ်လျဉ်း၍ AgriTech Myanmar 2023 စိုက်ပျိုးမွေးမြူရေးပြပွဲအတွင်း “Feed – Farm – Food” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများ တင်ပြဆွေးနွေးသွားသည့်အကြံပြုချက်များကို ဆောင်းပါး အမှတ် (၃) အဖြစ် ဆက်လက်ဖော်ပြသွားပါမည်။

မူဝါဒချမှတ်သူများအတွက် အကြံပြုချက်များ
အစာထုတ်လုပ်မှုနှင့် မွေးမြူရေးခြံများတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို မှန်မှန်နှင့်မြန်မြန် မဖြေရှင်းနိုင်ပါက မွေးမြူရေးကဏ္ဍသာ ထိခိုက်မည်မဟုတ်ဘဲ သန်း ၅၀ ကျော်သော ပြည်သူလူထု ၏ စားနပ်ရိက္ခာဖူလုံမှုကိုပါ ထိခိုက်လာနိုင်ကြောင်း သတိပြုရမည်ဖြစ်ပါသည်။
တနည်းအားဖြင့် ယခုကြုံတွေ့နေရသော စိန်ခေါ်မှုများမှာ မွေးမြူရေးကဏ္ဍ၏ သီးသန့်စိန်ခေါ်မှုများမဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်သည့်ကိစ္စရပ်ဖြစ်သည်ကို ဆွေးနွေးသူများက မီးမောင်းထိုး တင်ပြခဲ့ကြသည်။
သို့ဖြစ်ရာ မူဝါဒချမှတ်သူများအနေဖြင့် အစာထုတ်လုပ်ရေးနှင့် မွေးမြူရေးလုပ်ငန်းများ၏ အခက် အခဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စဉ်းစားကာ ချဉ်းကပ်ဆောင်ရွက်သင့်ပါသည်။ ကိန်း ဂဏန်းအချက်အလက်များနှင့် မြေပြင်အခြေအနေများအရ လတ်တလောဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများတွင် မူဝါဒအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများလည်း ပါဝင်လျက်ရှိရာ ယင်းမူဝါဒများကို ပြန်လည်သုံးသပ်ကာ လိုအပ်သည့်ပြုပြင်မှုများ ဆောင်ရွက်သင့်ကြောင်းလည်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။
မူဝါဒများကို ပြန်လည်သုံးသပ်သည့်အခါ မွေးမြူရေးနှင့် အစာထုတ်လုပ်ရေးကို စီးပွားရေးကဏ္ဍငယ်တစ်ခုအဖြစ်သာမကဘဲ ပြည်သူလူထု၏ စားနပ်ရိက္ခာဖူလုံမှု၊ ကုန်ဈေးနှုန်းထိန်းသိမ်းမှု၊ လူမှုစီးပွားဘဝ တည်ငြိမ်မှုဆိုင်ရာ ရှုထောင့်များကပါ ချဉ်းကပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးချက်များက ဖော်ညွှန်းပြသနေပါသည်။
အစာထုတ်လုပ်သူများနှင့်မွေးမြူသူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ခံနိုင်ရည်ရှိရှိဖြင့် ရင်ဆိုင်ကျော်လွှားပြီး လုပ်ငန်းများ ရေရှည်ဆက်လက်ရပ်တည်နိုင်ရန်အတွက် လိုအပ်သည့် ဘဏ္ဍာရေးအထောက်အကူနှင့် နည်းပညာအထောက်အကူများ ရရှိနိုင်ရေးအတွက်လည်း မူဝါဒချမှတ်သူများဘက်က ပေါင်းစပ်ညှိနှိုင်းကာ ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။
ဥပမာအားဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို နေရောင်ခြည်စွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ဖြည့်စွက်နိုင်ရန်အတွက် လိုအပ်သည့် ငွေပင်ငွေရင်းကို ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်ရရှိနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးခြင်းမျိုး ဖြစ်သည်။
အစာထုတ်လုပ်ရေးကဏ္ဍအတွက် အကြံပြုချက်
အစာထုတ်လုပ်သူများအနေဖြင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ဖြေရှင်းမည့် နည်းလမ်းများကို မူဝါဒချမှတ်သူများ၊ မွေးမြူသူများနှင့် စားသုံးသူပြည်သူလူထုက သိရှိနားလည်နိုင်အောင် အစဉ်သဖြင့် တင်ပြဆွေးနွေးနေရန် လိုအပ်ပါသည်။ Feed – Farm – Food ကဲ့သို့သော ဆွေးနွေးပြောဆိုမှုများမှတဆင့် မွေးမြူရေးကဏ္ဍတွင် ပါဝင်နေသူအားလုံး (stakeholders) ထံ တင်ပြပေးနေသင့်ပါသည်။ သို့မှသာ အချင်းချင်းနားလည်မှုဖြင့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ကျော်လွှားသွားနိုင်မည် ဖြစ်ပါသည်။
မွေးမြူရေးကဏ္ဍအတွက် လက်ရှိတွင် အရေးအကြီးဆုံး ရင်ဆိုင်ကြုံတွေ့နေရည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို နေရောင်ခြည်စွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြင့် ဖြည့်ဆည်းနိုင်ရေး စဉ်းစားသင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ သို့ရာတွင် ယင်းသို့ဆောင်ရွက်ရန်အတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ လိုအပ်မည်ဖြစ်ရာ ပုဂ္ဂလိကဘဏ်များက ယင်းအပိုင်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံကြရန်လည်း ဆွေးနွေးသူများက တိုက်တွန်း ပြောဆိုခဲ့ကြပါသည်။
လတ်တလောတွင် မွေးမြူရေးကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ကျဆင်းနေသော်လည်း လူသားများရှိနေသရွေ့ မွေးမြူထုတ်လုပ်နေရဦးမည်ဖြစ်ရာ မွေးမြူရေးကဏ္ဍသည် တိမ်ကောပျောက်ကွယ်သွားလိမ့်မည်မဟုတ်ဘဲ ဆက်လက်ဆောင်ရွက်နေရဦးမည်ဖြစ်ရာ ပုဂ္ဂလိကဘဏ်များအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများလည်းရှိနေကြောင်း ဆွေးနွေးသူများက ထောက်ပြပြောဆိုခဲ့ကြပါသည်။
မွေးမြူသူများအတွက် အကြံပြုချက်
ခေတ်သစ်မွေးမြူထုတ်လုပ်ရေးကဏ္ဍတွင် နည်းပညာသည် အမြတ်အစွန်းကို ဆောင်ကြဉ်းပေးနိုင်သည့် အားသာချက်တစ်ရပ် ဖြစ်ပါသည်။ နည်းပညာအသစ်များကို အသုံးချခြင်းဖြင့် မွေးမြူရေးလုပ်ငန်းများ၏ ဆုံးရှုံးလေလွင့်မှုများကို လျှော့ချကာ အမြတ်အစွန်းကို တိုးမြင့်စေနိုင်ပါသည်။
ထို့ကြောင့် အစာဈေးနှုန်းကြီးမြင့်မှုကြောင့် လျော့နည်းကျဆင်းသွားသောအမြတ်အစွန်းကို နည်းပညာအသုံးပြု၍ ထေမိကာမိအောင် ပြန်လည်ရယူခြင်းဖြင့် ရေရှည်ဆက်လက်ရပ်တည်နိုင်မည် ဖြစ်ကြောင်း အကြံပြုဆွေးနွေးခြင်းများလည်း ပြုလုပ်ခဲ့ကြပါသည်။
ဆွေးနွေးသူများက ကြက်မွေးမြူရေးတွင် အအေးပေးအလုံပိတ်စနစ်ကြက်ခြံများ ပြောင်းလဲအသုံးပြုခြင်းကို ဥပမာအဖြစ် တင်ပြဆွေးနွေးခဲ့ကြပါသည်။ မိရိုးဖလာ ကြက်ခြံပုံစံများအစား အအေးပေးအလုံပိတ်စနစ် ကြက်ခြံများကို အသုံးပြုခြင်းဖြင့် ရောဂါကူးစက်ကျရောက်မှုလျော့ကျလာပြီး ရောဂါကြောင့်သေဆုံးနှုန်း လျော့ကျသွားနိုင်ကြောင်း၊ ထို့ပြင် ယင်းမွေးမြူနည်းစနစ်ကြောင့် ကြက်များအတွက် အကောင်းဆုံးပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးနိုင်သဖြင့် တူညီသော အစာအမျိုးအစားနှင့်ပမာဏကို ကျွေးမွေးသည့်တိုင် ထုတ်လုပ်မှု ပိုမိုကောင်းမွန်ကြောင်း၊ ထို့ ကြောင့် အစာဈေးမြင့်တက်မှုနှင့် ခြံဖမ်းဈေးလျော့နည်းမှုကြောင့် ဖြစ်ပေါ်နေသောအရှုံးကို သက်သာလျော့နည်းစေပြီး လုပ်ငန်းကို ဆက်လက်လည်ပတ်နိုင်ကြောင်း ဥပမာပေး ဆွေးနွေးခဲ့ကြပါသည်။
သို့ရာတွင် ယင်းသို့ မြင့်မားသည့် နည်းပညာများကို အသုံးပြုမည်ဆိုပါကမူ ငွေပင်ငွေရင်း လိုအပ် ချက် အလွန်မြင့်မားပြီး အသေးစားနှင့် အလတ်စားမွေးမြူသူများအတွက် အခက်အခဲရှိနိုင်ကြောင်း၊ ယင်းလိုအပ်ချက်များကို ပုဂ္ဂလိကဘဏ်များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်သင့်ကြောင်း၊ မူဝါဒချမှတ်သူများအနေဖြင့်လည်း ယင်းသို့ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အကြံပြု ဆွေးနွေးခဲ့ကြပါသည်။
Green Way သတင်းအဖွဲ့က ရေးသားသည်။
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....