မွေးမြူရေးကဏ္ဍ ပူးပေါင်းမြှင့်တင်သွားရန် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းတို့ သဘောတူလက်မှတ်ထိုး
မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းပြီး မွေးမြူရေးကဏ္ဍတိုးတက်ရေး အကောင် အထည်ဖော်သွားဖို့ နှစ်ဖက်သဘောတူနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
လက်မှတ်ရေးထိုးပွဲကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ MICT Park ရှိ Fortune International ရုံး၊ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာပါ။
မြန်မာနိုင်ငံမွေးမြူရေးကဏ္ဍ တိုးတက်ရေးအတွက် မွေးမြူရေးကဏ္ဍတွင် နှစ်ဖက်အပြန်အလှန်ရင်းနှီးမြှုပ်နှံ နိုင်ကြရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုပုံစံများကို သုတေသနပြု ဖော်ထုတ်သွားနိုင်ရန်နှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို နားလည်မှုစာချွန်လွှာ ရေးထိုးကြတာ ဖြစ်တယ် လို့ သိရပါတယ်။
“အခုလို ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုက်ခြင်းအားဖြင့် မြန်မာ့မွေးမြူရေးကဏ္ဍအတွက် လိုအပ်တဲ့ သွင်းအား စုတွေ ပိုမိုလွယ်ကူလျင်မြန်စွာ ရရှိနိုင်မယ်။ နည်းပညာပိုင်းတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ်။ ပြီးတော့ မြန်မာ့ မွေးမြူရေးထုတ်ကုန်တွေအတွက် ဈေးကွက်ပိုမိုကျယ်ပြန့်လာနိုင်မယ်။ အဲ့ဒီလိုမျိုး အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်” လို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
အခုရေးထိုးလိုက်တဲ့ နားလည်မှုစာချွန်လွှာအရ မန္တလေး၊ နေပြည်တော် (သို့မဟုတ်) မန်စီ၊ ရွှေလီမြို့တွေမှာ မွေးမြူရေးဆိုင်ရာပြပွဲများကို ပူးပေါင်းကျင်းပသွားဖို့ရှိပြီး အဲ့ဒီပြပွဲတွေမှာ မွေးမြူရေးနည်းပညာနှင့် စက်ပစ္စည်းများ၊ တိရစ္ဆာန်အစာ၊ မျိုး၊ ဆေးဝါး အစရှိတဲ့ မွေးမြူရေးသွင်းအားစုများ၊ ထုတ်ကုန်များကို ခင်းကျင်းပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါပြပွဲများအတွင်း နှစ်ဖက်မွေးမြူရေးပညာရှင်များရဲ့ ဆွေးနွေးဟောပြောပွဲများ၊ လုပ်ငန်းရှင်များရဲ့ business matching အစီအစဉ်များ ထည့်သွင်းကျင်းပသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံအတွင်း တိရစ္ဆာန်မွေးမြူရေး၊ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး၊ မွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ကာ စက်ယန္တရားများအသုံးပြုဆောင်ရွက်နိုင်ရေး၊ တိရစ္ဆာန်အစာ စိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နည်းပညာသင်တန်းများ ပူးတွဲလုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026