ပြည်ပပို့ဈေးကွက်ပြန်ကောင်းလာ၍ ကဏန်းပျော့ဈေးကွက် ပြန်မာလာ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှ ထွက်ရှိသည့် မွေးမြူရေးကဏန်းပျော့များကို ရန်ကုန်စျေးကွက်ဘက်က ပြီးခဲ့သည့်မတ်လမှစ၍ ဝယ်ယူမှု ပြန်လည်များပြားလာသည်ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အိမ်နီးချင်းနိုင်ငံများနှင့် အာရှ၊ ဥရောပနိုင်ငံအချို့ထံတင်ပို့ရောင်းချဖို့အတွက် အဓိကထွက်ကုန်ဒေသဖြစ်သည့် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က ကဏန်းပျော့မွေးမြူရောင်းဝယ်ရေးလုပ်ငန်းများမှာ ၂၀၂၁ ခုနှစ်(နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီးမှစ၍)ရပ်တည်လုပ်ကိုင်ရန် အခက်အခဲများရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ ပြည်တွင်းစျေးကွက်လောက်နဲ့ မရဘူး။ အရင်ကတည်းက ပြည်ပစျေးကွက်ကိုပဲ အားထားရတာ။တိုင်းပြည် မငြိမ်မသက်ဖြစ်လာတဲ့ တစ်နှစ်ကျော်၊ နှစ်နှစ်နီးပါးရှိလာတဲ့အချိန်အထိ ပြည်ပစျေးကွက်နဲ့ပြန်ပြီး ချိတ်ဆက်မလုပ်နိုင်ခဲ့ဘူး”ဟု လပွတ္တာမြို့နယ်က ကဏန်းပျော့မွေးမြူရောင်းဝယ်သူတစ်ဦးက ဆိုသည်။
ပြည်တွင်းစျေးကွက်တွင် ယခင်က ကဏန်းပျော့တစ်ပိဿာကို ၁၄၀၀၀ ကျပ်အထိ ရရှိခဲ့သော် လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်မှ စတင်ပြီး တစ်ပိဿာ စျေးနှုန်း ၈၀၀၀ ကျပ်ခန့်ထိ ကျဆင်းသွားခဲ့သည်ဟု သိရသည်။
သို့သော် ယခု ၂၀၂၃ ခုနှစ်၊ မတ်လမှစ၍ လပွတ္တာမြို့နယ်မှထွက်ရှိသည့် ကဏန်းပျော့များကို ရန်ကုန်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ အများအပြား ပြန်လည်တင်ပို့ရောင်းချလာရသဖြင့် ကဏန်းပျော့ဝယ်ယူမှု ပြန်များလာခြင်းဖြစ်သည်ဟု သိရ သည်။
“ ကျွန်မတို့ဒေသကထွက်ရှိတဲ့ မွေးမြူရေးကဏန်းပျော့တွေကို ပြည်တွင်းရန်ကုန်စျေးကွက်ကို အဓိကတင်ပို့ရောင်းချနေတာပါ။ အခုနှစ်မှာတော့ ပြည်ပစျေးကွက်က ပြန်လည်ဝယ်ယူလာလို့ မတ်လနဲ့ ဧပြီလတွေမှာ ရန်ကုန်ဘက်က အဝယ်လိုက်လာတာပါ။ ပို့ကုန်များလာတော့ မွေးမြူသူတွေရဲ့ အခက်အခဲတွေလည်း အဆင်ပြေလာတာပေါ့။ ကုန်ပစ္စည်းတင်ပို့တဲ့ လုပ်ငန်းတွေနဲ့ဆက်စပ်တဲ့သူတွေလည်း အဆင်ပြေလာပါတယ်" ဟု လပွတ္တာမြို့နယ်၊ ရေထွက်ပစ္စည်းများရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။
လပွတ္တာမြို့နယ်မှ ရန်ကုန်စျေးကွက်သို့ မတ်လ ၁ ရက်နေ့မှစကာ ၅ ရက်လျှင်တစ်ကြိမ် သန့်စင်ပြီးသားကဏန်းပျော့ပိဿာချိန် ၇၀၀၀၀ ခန့်ထိ တင်ပို့ရောင်းချနေရပြီး စျေးနှုန်းအနေဖြင့် ဆိုဒ်အရွယ်အစားပေါ်မူတည်ကာ ၁ ကီလို (၆၂ ကျပ်သားခန့်) လျှင် ၁ဝဝဝဝ-၁၃ဝ၀၀ ကျပ်ဝန်းကျင်ထိ ရရှိနေသည်ဟု သိရသည်။

အဆိုပါဒေသတွင် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းကို နွေရာသီတွင် အဓိကလုပ်ကိုင်ကြပြီး မွေးမြူသည့်ကန်တစ်ကန်လျှင် လုပ်သားအနည်းဆုံး ၁၅ ဦးမှ ဦးရေ ၂၀ ထိ ငှားရမ်းခေါ်ယူလုပ်ဆောင်နေရကာ မွေးမြူရေးလုပ်သားတစ်ဦးလျှင် တစ်လငွေကျပ် ၁၄၀၀၀၀ မှ ၂၀၀၀၀၀ ထိ ပေးရသည်ဟု သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မွေးမြူရေးသတင်း
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....