USAID မှ ရန်ပုံငွေပံ့ပိုးသော ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းလှုပ်ရှားမှုများ
လက်ဆေးရေးနေ့ဆင်နွှဲခြင်း

ကမ္ဘာ့လက်ဆေးရေးနေ့မှ စတင်ပြီး နှစ်စဉ် အောက်တိုဘာလ ၁၅ ရက်တိုင်းတွင် ဤပွဲကို ကျင်းပလျက်ရှိသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာတွင်လည်း ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် BRAC Myanmar, Pact Myanmar, KMSS Kengtung နှင့် MFF Kachin တို့က “အားလုံးလက်ဆေး သန့်ရှင်းရေး၊ စည်းလုံးညီညာ ဆောင်ရွက်ပေး” ဟူသည့် ဆောင်ပုဒ်ဖြင့် စစ်ကိုင်း၊ ကချင်၊ မကွေးနှင့် ရှမ်းပြည်နယ်များ၌ ကျင်းပခဲ့သည်။ ဤပွဲမှတဆင့် လက်ကိုဆပ်ပြာဖြင့် ဆေးကြောခြင်းသည် ကျန်းမာဖွံ့ဖြိုးဖို့ရာ အဟန့်အတားများဖြစ်စေသည့်ရောဂါဘယများမှ ကင်းဝေးစေသည်ဆိုသည့် သတင်းစကားကို ပေးခဲ့ပြီး စုစုပေါင်း ၂၀၇ ဦး (မ= ၁၂၆၊ ကျား= ၈၁) ပါဝင်ဆင်နွှဲခဲ့သည်။ ကျန်းမာစွာနေထိုင်နိုင်ရေး “လက်ကိုဆပ်ပြာဖြင့် အမြဲဆေးကြောခြင်းသည် အရေးကြီးကြောင်း” သတင်းစကားကိုအားဖြည့်ရန် အဖွဲ့သားများမှ ပိုစတာများနှင့် ဆပ်ပြာမျာကို ဖြန့်ဝေပေးခဲ့သည်။
ရှမ်းတောင်၊ အင်းလေးကန်တွင် ဈေးနှုန်းသက်သာပြီးသယ်ရလွယ်ကူသည့် ငါးလှန်းစင်များဖြန့်ဝေခြင်း

၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းနှင့် လက်တွဲလုပ်ဆောင်နေသည့် အမျိုးသမီးငါးစီမံပြုပြင်သူများအား သယ်ရလွယ်ကူသည့် ငါးလှန်းစင် ၅ ခု ကို ပံ့ပိုးကူညီခဲ့သည်။ ပံ့ပိုးမှုမပြုလုပ်မီ ငါးစီမံပြုပြင်သူများအား ဝင်ငွေပိုမိုရရှိပြီး ထုတ်ကုန်၏အရည်အသွေးကောင်းမွန်စေသည့် ငါးစီမံပြုပြင်ခြင်းအလေ့အကျင့်ကောင်းများ သင်တန်းကိုပို့ချပေးခဲ့သည်။ သယ်ရလွယ်ကူသည့် ငါးလှန်းစင်ကို အသုံးပြုခြင်းဖြင့် ငါးစီမံပြုပြင်သူများသည် ကျန်းမာရေးကိုထိခိုက်စေသည့် ယင်နှင့် အကောင်များ၏ အညစ်အကြေးရန်မှ ကာကွယ်ပေးပြီး ငါးများကို ဘေးကင်းစွာ အခြောက်လှန်းနိုင်သည်။ ဤသို့ ငါးလှန်းစင်အား ပံ့ပိုးပေးခြင်းဖြင့် ငါးစီမံပြုပြင်သူများ ကြုံတွေ့နေရသည့် “အစားအစာဘေးကင်းလုံခြုံရေးနှင့် ငါးစီမံပြုပြင်ခြင်းအလေ့အကျင့်ကောင်းများ လိုက်နာခြင်း” တွင်ရှိနေသည့် အတားအဆီးများမှတစ်ခုကို စီမံကိန်းမှ ကူညီဖြေရှင်းပေးခဲ့သည်။
SUN CSA လေ့လာရေးခရီးစဉ်

၂၀၂၂ နှစ် နိုဝင်ဘာလ ၂၃-၂၄ ရက်တွင် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းမှ SUN CSA အဖွဲ့ဝင် ၈ ဦးအား စီမံကိန်းအကောင်ထည်ဖော်ဆောင်ရာ ညောင်ရွှေနှင့် ပင်းတယမြို့များသို့ သွားရောက်လေ့လာရန် စီစဉ်ခဲ့သည်။
အဖွဲ့ဝင်များသည် ပင်းတယတွင် ငါးမွေးမြူရေးစီမံခန့်ခွဲမှုအလေ့အကျင့်ကောင်းများဖြင့် မွေးမြူနေသည့် စံပြတောင်သူ၊ အင်းလေးကန်တွင် သယ်ရလွယ်ကူသည့် ငါးလှန်းစင်အသုံးပြုနေသည့် ငါးစီမံပြုပြင်သူနှင့် ညောင်ရွှေတွင် ငါးများထည့်၍ရောင်းချသည့်ဗန်း/စင် အသုံးပြုနေသည့် ငါးရောင်းသူများထံသို့ သွားရောက်လေ့လာခဲ့သည်။ ၎င်းခရီးစဉ်မှ အာဟာရကောင်းမွန်စွာရရှိရေးတွင် ရေထွက်ပစ္စည်း/ စားသောက်ကုန်များ၏ အရေးကြီးသည့်အခန်းကဏ္ဍနှင့် ဒေသစားသုံးသူများအနေဖြင့် အရည်အသွေးရှိ ငါးထုတ်ကုန်များ စားသုံးနိုင်စေရန် ငါးလုပ်သားများအတွက် အကျိုးရှိသည့် လွယ်ကူရိုးရှင်းသည့်နည်းလမ်းများကို လေ့လာခဲ့သည်။ ဤလှုပ်ရှားမှုမှ ဝင်ငွေတိုးငါးမွေးမြူရေးအဖွဲ့သားများသည် အသေးစားငါးမွေးမြူရေး အလေ့အကျင့်ကောင်းများနှင့် ဒေသလူထုအကြား အာဟာရနှင့် ကျန်းမာရေးကောင်းမွန်စေရန် ကုန်ကျစရိတ်သက်သာသည့် ဆန်းသစ်သည့်နည်းလမ်းများအား ပြသပေးနိုင်ခဲ့သည်။
ငါးထုတ်ကုန်စည်မိတ်ဆက်ပွဲကျင်းပခြင်း

၂၀၂၂ နှစ် နိုင်ဝင်ဘာလ ၃ ရက်တွင် WorldFish နှင့် FedWell Foods မှ Happy Fish ထုတ်ကုန်များအား စတင် မိတ်ဆက်ခဲ့သည်။ ၎င်းထုတ်ကုန်များသည် အဏုအာဟာရများ လိုအပ်သည့် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် ၆ လအထက် ကလေးငယ်များအတွက် စားသောက်မှုစနစ်ကို မြှင့်တင်ပေးသည့် ဆန်းသစ်သည့်ဒေသတွင်းနည်းလမ်း ဖြစ်သည်။ ဤထုတ်ကုန်သည် အဏုအာဟာရများ ကြွယ်ဝသည့် ငါးငယ်ခြောက်မှုန့်များကို အသုံးပြုထားပြီး အာဟာရများဖြစ်စေမည့် စားသုံးနိုင်သည့် အစားအစားများ ခေါက်ဆွဲပြုတ်၊ ဆန်ပြုတ်နှင့် ကုလားပဲလုံးကြော်များ ဖြစ်သည်။ ဤဖွင့်ပွဲသို့ SUN CSA အဖွဲ့ဝင်များ၊ SUN Business အဖွဲ့ဝင်များ၊ ပုဂ္ဂလိကများ၊ UN အဖွဲ့အစည်းများ၊ LIFT/UNOPS နှင့် USAID မှ တက်ရောက်ခဲ့ကြသည်။
ဤထုတ်ကုန်များ စတင်ထုတ်လုပ်သည့်ခရီးစဉ်ကို USAID မှ ရန်ပုံငွေပံ့ပိုးသည့် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ အကူအညီဖြင့် စတင်ခဲ့ပြီး၊ US အခြေပြု non-profit organization ဖြစ်သည့် the Institute of Food Technologists မှ ပေးအပ်သည့် “Seeding the Future Global Food Systems Challenge” ဆုကို ရရှိပြီးနောက် WorldFish မှ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ဤထုတ်ကုန်များကို ရန်ကုန်ဒေသတွင်းရှိ မြို့ပြဝန်းကျင်များတွင် ရရှိနိုင်ပြီး အရောင်းကိုယ်စားလှယ်များထံမှ မှာယူနိုင်ပါသည်။ ၎င်းသည် လူငယ်များနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေကို ဖန်တီးပေးသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026