အစိမ်းရောင်လမ်း
ကမ်းဝေးငါးဖမ်း၊ ငါးသည်ရေယာဉ်များတွင် Vessel Monitoring System-VMS ကို စက်တင်ဘာလ ၁ ရက်နေ့အ မီ အပြီးတပ်ဆင်မည်

ကမ်းဝေးငါးဖမ်း၊ ငါးသည်ရေယာဉ်များတွင် Vessel Monitoring System-VMS ကို စက်တင်ဘာလ ၁ ရက်နေ့အ မီ အပြီးတပ်ဆင်မည်

ရန်ကုန်၊ ဇွန် ၂၀ ရက်။ 

ကမ်းဝေးငါးဖမ်း၊ ငါးသည်ရေယာဉ်များတွင် Vessel Monitoring System-VMS ကို လာမည့် ငါးဖမ်းရရာသီဖြစ်သော စက်တင်ဘာလ ၁ ရက်နေ့အမီ အပြီးတပ်ဆင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။ 

ရန်ကုန်မြို့ရှိ Lotte Hotel တွင် ဇွန်လ ၂၀ ရက်က ကျင်းပပြုလုပ်သည့် ငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှု အတွေ့အကြုံများဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"VMS တပ်ဆင်မယ့် သင်္ဘောကုမ္ပဏီအနေနဲ့ သူတို့ကြိုက်နှစ်သက်တဲ့ ကုမ္ပဏီနဲ့ တပ်ဆင်ပါ။ ဆရာတို့ကတော့ ဘယ်အချက်တွေပါရမယ်ဆိုတဲ့ သုံးစွဲမယ့် အချက်အလက်ကိုပဲ အဓိကထားပြီးတော့ လုပ်တယ်။ အခုနောက်ဆုံးခေါ်တဲ့ ဆော့ဖ်ဝဲလ်က ဘယ်ဆော့ဖ်ဝဲလ်သုံးမယ်ဆိုတာ တင်ဒါခေါ်တာပါ။ အသေးစိတ်ကတော့ ပညာရှင်တွေက ပိုပြီးတော့ သိမှာပေါ့။ အခုလောလောဆယ်က ခေါ်ထားတာ ပဲရှိသေးတော့ ဘယ်နိုင်ငံတွေဆိုတာ မသိသေးဘူး။" ဟု အမြဲတန်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။ 

VMS စနစ်တပ်ဆင်ခြင်းကြောင့် ငါးဖမ်းစက်လှေများ၏ သွားရာလမ်းကြောင်း၊ ငါးဖမ်းဆီးသည့်ဧရိယာ၊ ငါးဖမ်းဆီးနှုန်းနှင့် တရားမဝင်ငါးဖမ်းခြင်း အစရှိသည်တို့ကို ငါးလုပ်ငန်းဦးစီးဌာနကသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ပြင် ငါးဖမ်းဧရိယာသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကထက် ယခုအခါ ရေပေါ်ငါး ၉၀ ရာခိုင်နှုန်း၊ ရေအောက်ငါး ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း ဝန်းကျင်းခန့် လျော့နည်းသွားခြင်းကြောင့် တရားမဝင်ငါးဖမ်းဆီးခြင်းများကို သေသေချာချာ ထိန်းချုပ်မှသာလျှင် ငါးသယံဇာတ မပြုန်းတီး၊ မလျော့ပါးဘဲ သယံဇာတအတိုင်း ရေရှည်ထုတ်လုပ်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ယခင်က VMS တပ်ဆင်ခြင်းကို ပြင်သစ်ကုမ္ပဏီတစ်ခုထံမှ ချေးငွေရယူကာ ဆောင်ရွက်မည်ဟု ပြောဆိုထားသော်လည်း ယခုအခါချေးငွေဖြင့် မဆောင်ရွက်ဖြစ်တော့ဘဲ တင်ဒါခေါ်ယူပြီးသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

"ဆရာတို့ အခုငါးမဖမ်းရရာသီ သတ်မှတ်ထားတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ဇွန်၊ ဇူလိုင်၊ သြဂုတ်ပေါ့။ အဲ့တော့ စက်တင်ဘာလ တစ်ရက်နေ့မှာ ပြန်ပြီးတော့ ငါးဖမ်းမယ် ။ ဒီတစ်ရက်နေ့အမီ တပ်ဆင်နိုင်အောင်လို့ လုပ်နေတယ်။ အဲ့တော့ စက်တင်ဘာလ တစ်ရက်နေ့မှာစပြီးတော့ VMS ကို တပ်ဆင်နိုင်အောင်လို့ ဝန်ကြီးဌာနရော ငါးလုပ်ငန်းဦးစီးဌာနရော အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။" ဟု စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်က ပြောသည်။ 

ထို့အပြင် VMS တပ်ဆင်ထားသော ငါးဖမ်းရေယာဉ်များကို နေပြည်တော်ရုံးချုပ်အပါအဝင် ကမ်းရိုးတန်းဒေသများဖြစ်သော ရန်ကုန်၊ မော်လမြိုင်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီတို့တွင် ယင်းငါးဖမ်းရေယာဉ်များအား စောင့်ကြည့်ထိန်းချုပ်မည့် နေရာများအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်မတော်ရေယာဉ်၊ ရေကြောင်းရဲများတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ငါးလုပ်ငန်းဦးစီးဌာနရှိ Vessel Monitoring Control Center တွင် တပ်ဆင်မည့် ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးဆော့ဖ်ဝဲလ် (Vessel Monitoring System – VMS Software) အတွက် တင်ဒါလျှောက်ထား လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်/ ကုမ္ပဏီများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 

May july Kyaw

May july Kyaw

လွန်ခဲ့သော ၃ နှစ် က

ရေငန်ငါးလုပ်ငန်း ၂မျိုးအကြောင်းသိချင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....