အစိမ်းရောင်လမ်း
ငါးမဖမ်းရရာသီတွင် မိရိုးဖလာကမ်းနီး ငါးဖမ်းလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပေးမည်

ငါးမဖမ်းရရာသီတွင် မိရိုးဖလာကမ်းနီး ငါးဖမ်းလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပေးမည်

 

လာမည့် ငါးမဖမ်းရရာသီတွက် ကမ်းဝေးငါးဖမ်းသင်္ဘောများအပြင် ကမ်းနီးငါးဖမ်းလှေများကိုလည်း ငါးဖမ်းဆီးခွင့် လုံးဝပိတ်သိမ်း၍ မိရိုးဖလာကမ်းနီးငါးဖမ်းလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဧပြီလ ၉ ရက်က ကျင်းပပြုလုပ်သည့် သား/ငါးကဏ္ဍလုပ်ငန်းရှင် များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။ "ကျွန်တော်တို့ ဌာနက ရည်ရွယ်တဲ့ အတိုင်းအတာက ဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ သုညရာခိုင်နှုန်းပေါ့။ ငါးဖမ်းသင်္ဘောတစ်စီးမှ ပေးမထွက်ဘူး။ အဲ့ဒါကို အားလုံးက လက်ခံ တယ်။ ဒါပေမယ့် ငါးမဖမ်းရ ကာလကိုတော့ ၃ လ မဟုတ်ပဲ ၂ လပဲ ပိတ်ပေါ့နော်။ တကယ်တမ်း ပိတ်သင့်တာက မေ၊ ဇွန် အဲ့လိုလမျိုးမှာ ပိတ်သင့်တာပါ။ ဘာလို့လည်း ဆိုတော့ သားပေါက်ရာသီမှာ မျိုးငါးတွေ ထိန်းသိမ်းခြင်း၊ ပေါက်လာတဲ့ သားပေါက်တွေကို ထိန်းသိမ်းခြင်း လုပ်နိုင်မယ်ဆိုရင် ငါးသယံဇာတက ပိုမိုတိုးတက်လာမှာပါ။" ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်​ကြားရေးမှူး ဦးလှဌေးက ပြောသည်။

ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာအား ရက် ၆၀ သို့မဟုတ် ၉၀ ရက် သတ်မှတ်သွားမည်ဖြစ်ပြီး ယင်းကာလအတွင်း ငါးဖမ်းသင်္ဘောများကို သုညရာခိုင်နှုန်း သတ်မှတ်ပေးရန် လုပ်ငန်းရှင်များမှ အကြံပြုဆွေးနွေးထားကြောင်း သိရသည်။ သို့သော် ကမ်းဝေး သို့မဟုတ် ကမ်းလတ် လိုင်စင်မဲ့ ငါးဖ မ်းလုပ်ကိုင်မှုများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာတွင် ရက် ၆၀ သို့မ ဟုတ် ၉၀ ရက် သတ်မှတ်ခြင်းနှင့် ပတ်သက်၍လည်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးထံသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသ ည်။ 

"အခုလောလောဆယ် ကျွန်တော် သိရသလောက်တော့ ဌာနကနေ အများကြီးလုပ်နေရပါတယ်။ အရင်တုန်းကလို ဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ သုညရာခိုင်နှုန်းလုပ်ပြီး ပိတ် လိုက်ဖို့ အဲ့လိုမျိုး လုပ်ပေးမယ့် အတိုင်းအတာမှာ အခုက မေလ စပိတ်မရလား၊ ဇွန်လ စပိတ်ရမလား။ နှစ်လ ပိတ် ရမလား၊ သုံးလ ပိတ်ရမလား ဖြစ်နေတယ်။ ပြီးရင် ကမ်း နီးတွေပါ ပိတ်မယ်။ ကမ်းနီးပိတ်တဲ့ နေရာမှာလည်း မိရိုး ဖလာကမ်းနီး ငါးဖမ်းလုပ်ငန်းကို ခွင့်ပြုမယ်။" ဟု ဦးလှဌေးက ပြောသည်။ မိရိုးဖလာ (ကမ်းနီး) ငါးလုပ်ငန်းဆိုသည်မှာ စားဝတ်နေ ရေးအရ နေ့ချင်းပြန်ငါးဖမ်းလုပ်ငန်းကို ဆိုလိုခြင်းဖြစ်သည်။ ငါးသယံဇာတ ထိန်းသိမ်းကာကွယ်ရန် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်စဉ်ငါးမဖမ်းရ ရာသီ အဖြစ် သုံးလသတ်မှတ်ကာ ငါးဖမ်းသင်္ဘောများကို ရာခိုင်နှုန်းအလိုက်သတ်မှတ်၍ ငါးဖမ်းခွင့်ပေးလျက်ရှိကြောင်း သိရသည်။ 

ငါးမဖမ်းရရာသီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတို င်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ငါးဖမ်းဆီးခွင့်ကို အားလုံးပိတ်သိမ် းရန် သဘောတူညီ၍ ရက် ၉၀ အစား ရက် ၆၀ သတ်မှတ်ပေးရန် တင်ပြထားပြီး ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးကို ၄၅ ရက်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကို ရက် ၆၀ သတ်မှတ်ပေးရန်၊ ရန်ကုန်တိုင်းဒေသကြီးကိုသာ သင့်သလိုသတ်မှတ်ပေးရန် တင်ပြထားကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးကျော်နိုင်က ပြောသည်။ ငါးဦးစီးဌာနသည် ပြီးခဲ့သည့် ငါးဖမ်းရကာလ (Close Seas on) ကို ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်မှ သြဂုတ်လ ၁၅ ရက် အထိ သတ်မှတ်ထားပြီး ယင်းကာလအတွင်း ကမ်းဝေးငါးဖမ်းသင်္ဘောများ ၂၀ ရာခိုင်နှုန်းကို ဖြေလျော့ငါးဖမ်းဆီးခွင့်ပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန် ပြည်နယ်တို့တွင် ကမ်းနီး/ကမ်းဝေး ပင်လယ်ငါးဖမ်းလုပ် ငန်းရှင် အများအပြားရှိပြီး လက်ရှိမြန်မာနိုင်ငံတွင် ကမ်းဝေးငါးဖမ်းရေယာဉ်အစီးရေပေါင်း ၃၀၀၀ ကျော်ရှိကြောင်း သိရသည်။

အေးအေးမြင့်(ABM)

 

 

 

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....