အစိမ်းရောင်လမ်း
ငါးတန်မွေးမြူ ရေးစီမံကိန်းအတွက် အရှယ်ယာဖိတ်ခေါ်ခြင်းကို SECM သို့ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း တင်ပြပြီး DICA ၌ မှတ်ပုံတင်ပြီးမှသာ အစုရှယ်ယာများ ဖိတ်ခေါ်မည်

ငါးတန်မွေးမြူ ရေးစီမံကိန်းအတွက် အရှယ်ယာဖိတ်ခေါ်ခြင်းကို SECM သို့ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း တင်ပြပြီး DICA ၌ မှတ်ပုံတင်ပြီးမှသာ အစုရှယ်ယာများ ဖိတ်ခေါ်မည်

Global Earth Public Co.Ltd မှ အကောင်အထည်ဖော်လျက်ရှိသည့် ငါးတန်မွေးမြူ ရေးစီမံကိန်းအတွက် အရှယ်ယာဖိတ်ခေါ်ခြင်းကို မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင်ထံသို့ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း တင်ပြပြီး DICA တွင် မှတ်ပုံတင်ပြီးမှသာ အစုရှယ်ယာများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ ဇွန်လ ၁၁ ရက်က ကျင်းပပြုလုပ်သည့် ၁၀/၂၀၁၉ ကြိမ်မြောက် ငါးကဏ္ဍ ဆိုင်ရာလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။
"ကျွန်မတို့ အစုခေါ်တဲ့ နေရာမှာ ပထမဆုံး လုပ်ငန်းရဲ့ အလားအလာညွှန်းတမ်းကို SECM ကို တင်ရမယ်။ SECM ကနေ ပြီးတော့ ကျွန်မတို့ရဲ့ ညွှန်းတမ်းကို ဖတ်ပြီးတော့ ဒီလုပ်ငန်းစဉ်က တကယ်ပဲ အလားအလာရှိတယ်ဆိုရင် သူကထော က်ခံပေးတယ်။ အဲ့လိုထောက်ခံပေးပြီးရင် DICA မှာ မှတ်ပုံတင်ရတယ်။ အဲ့ဒီကို မှတ်ပုံတင်ပြီးတဲ့အခါမှ ကျွန်မတို့က အ စုဖွင့်ပြီး ရောင်းလို့ရမယ်။" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အကြီးတန်းဒုတိယက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
အစုရှယ်ယာရောင်းချရာတွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချသွားမည်ဖြစ်၍ အနည်းဆုံးအစုရှယ်ယာပေါင်း ၁၀၀၊ တန်ဖိုးကျပ် ၁၀ သိန်းဝန်းကျင် ဝယ်ယူရမည်ဖြစ်ပြီး အများပြည်သူသို့ အစုရှယ်ယာပေါင်း ၅ သန်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းငါးတန်မွေးမြူ ရေးစီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ မြေဧက ၉၀၀ ကျော်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းနှင့်အတူ အစာစက်ရုံများ၊ အအေးခန်းစက်ရုံများကိုလည်း တွဲဖက်လုပ်ဆောင်သွားမည်ဖြစ်၍ စီမံကိန်းတစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကနဦးရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
"အဲ့ဒါက အများပိုင်ကုမ္ပဏီဖြစ်တဲ့အတွက် အစုရှယ်ယာခေါ်ဖို့ အရင်တုန်းက ပြောတဲ့ဟာက နည်းနည်းကွဲလွှဲသွားတဲ့အ တွက်ကြောင့် အဲ့ဒါကဘယ်လောက်ကြာမလဲဆိုရင် ၃ လ၊ ၄ လလောက် ကြာမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ process က ချက်ချင်းမပြီးပါဘူး။ အလားအလာညွှန်တမ်း ရေးဆွဲရတာကလည်း တစ်လခွဲလောက်ကြာတယ်။ ပြီးလို့ရှိရင် SECM ကို သွားတင်ရတယ်။ သူတို့ စိစစ်တာလည်း ကြာတယ်။ အဲ့ဒါပြီးမှ DICA ကနေ မှတ်ပုံတင်ပြီးမှသာ ဒီ process က အစုခေါ်လို့ရပါတယ်။ ဒါကြောင့် DICA မှာ မှတ်ပုံတင်ပြီး ရင် အစုရှယ်ယာခေါ်ပါမယ်။ လူတိုင်း အစု ၁၀၀ ဝယ်ရင် တစ်စုရပါမယ်။" ဟု ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
ငါးတန်မွေးမြူ ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေနေရာကို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက် စီးမှုရှိမရှိကို MIC အဖွဲ့ကိုယ်စား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် အပါအဝင် တာဝန်ရှိသူများမှ လာရောက်စစ်ဆေး၍ MIC ဥက္ကဋ္ဌသို့ အစီရင်ခံတင်ပြခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ငါးမွေးမြူရေးလုပ်ကိုင်ရာတွင် Global Earth ကုမ္ပဏီမှ ချမှတ်ထားသော စည်းမျဉ်းအတိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး မွေးမြူရေးစနစ်၊ အစာကျွေးနည်း စနစ်နှင့် ရေအရည်အသွေးစစ်ဆေးခြင်းအတွက် နည်းပညာပံ့ပိုးပေးသွားမည်ဖြစ်သည်။ မွေးမြူရေးလုပ်ကိုင်သည့်အခါ ရှယ်ယာရှင်များ ထည့်ဝင်ထားသော ရှယ်ယာပမာဏ လုံလောက်မှုမရှိ၍ ငွေကြေးလိုအပ်မှုရှိပါက အစာသော်လည်းကောင်း၊ ဘဏ်ချေးငွေကိုသော်လည်းကောင်း Global Earth အများပိုင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငါးတန်မွေးမြူ ရေးစီမံကိန်းအတွက် လိုအပ်သော မျိုးငါးအကောင်ရေ ၁၂၀၀၀၀ ကို သားပေါက်စခန်း ၈၀ တွင် ထိန်းသိမ်းထားပြီးဖြစ်၍ သားပေါက်တစ်နှစ်ပတ်လုံးဖောက်နိုင်အောင်လည်း လုပ်ဆောင်လျက်ရှိပြီး မွေးမြူကန်များမှ ထွက်ရှိလာသော ငါးများအား တစ်ပိဿာလျှင် အနိမ့်ဆုံးကြမ်းခင်းစျေး ကျပ် ၂၂၀၀ ဖြင့် ဝယ်ယူပေးသွားမည်ဖြစ်ေ ကြာင်း သိရသည်။
အေးအေးမြင့်(ABM)

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....