အစိမ်းရောင်လမ်း
ချောင်းဆုံမြို့နယ်တွင် တန်ဖိုးမြင့် ကသမျှင်ငါးအမတစ်ကောင် ဖမ်းဆီးရမိ

ချောင်းဆုံမြို့နယ်တွင် တန်ဖိုးမြင့် ကသမျှင်ငါးအမတစ်ကောင် ဖမ်းဆီးရမိ

မွန်ပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါး/ပုစွန် ထုတ်လုပ်မှုနှုန်း မြင့်မားစေရေးအတွက် ဒေသအတွင်း အတန်းလိုက် တင်ဒါပိုက်ချက်များ ချထားပေးလျက်ရှိရာ  ၂၀၁၈-၂၀၁၉ ခုနှစ်၊ လုပ်ငန်းရာသီတွင် ချောင်းဆုံမြို့နယ်အတွင်း ငါးဖမ်းဆီးသူ လုပ်ငန်းရှင်များသို့  တင်ဒါပိုက်ချက် (၂၅) ချက်အား လုပ်ကိုင်ခွင့်ပြုခဲ့သည်။

 အဆိုပါ တင်ဒါပိုက်ချက်များမှ ၂၀၁၈-၂၀၁၉ ခုနှစ်၊ လုပ်ငန်းရာသီတွင် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ ဝဲကလိအတန်းလိုက် တင်ဒါပိုက်ချက်အမှတ် (၁) အား တင်ဒါဆွဲ ဝယ်ယူရရှိသူ ဦးမြင့်လွင်မှ (၁၁-၁၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်၌ ၎င်း၏ ပိုက်ချက် (၁၂) လုံးတန်း အနက်၊ ပိုက်ချက် (၈) လုံးမြောက်တွင် တန်ဖိုးမြင့် ကသမျှင်ငါးတစ်ကောင်ကို ဖမ်းဆီးရမိ ခဲ့သည်။

 အဆိုပါ ဖမ်းဆီးရမိသော ကသမျှင်ငါးမှာ အမဖြစ်ပြီး အလျား (၆) ပေ၊ အနံ (၁.၁) ပေနှင့် အလေးချိန် (၃၅.၅) ပိဿာရှိကာ ဈေးကွက်အတွင်း ရောင်းချခဲ့ရာ ဒေသပေါက်ဈေး ကျပ် (၅၆၅) သိန်း ရရှိခဲ့သည်။

ကသမျှင်ငါးဖမ်းဆီးရမိမှုအနေဖြင့် (၁၉-၂-၂၀၁၆) ရက်နေ့၌ ကျိုက်ခမီရေလယ်ဘုရား အနောက်၊ အမှတ် (၂) ဘော်ယာအနီး၊ ကမ်းခြေမှ (၃) မိုင်ခန့်အကွာတွင် အလေးချိန် (၂၁.၀၀) ပိဿာရှိ ကသမျှင်ငါးတစ်ကောင်၊ (၁-၆-၂၀၁၆) ရက်နေ့၌ ကျိုက်ခမီမြို့ ကမ်းခြေမှ (၃) မိုင်ခန့်အကွာ အမှတ် (၂) ဘောယာနှင့် အမှတ် (၃) ဘောယာအကြားတွင် အလေးချိန် (၃၆.၀၀) ပိဿာရှိ ကသမျှင် ငါးတစ်ကောင်နှင့် (၂၈-၁-၂၀၁၈) ရက်နေ့၌ ကျိုက်ခမီမြို့ ကမ်းခြေမှ (၁၀) မိုင်ခန့်အကွာ ကျောက်ဆောင်အနီးတွင် အလေးချိန် (၁၆.၅၀) ပိဿာရှိ ကသမျှင်ငါးတစ်ကောင်တို့အား ဖမ်းဆီးရမိခဲ့ဖူးကြောင်း သတင်းရရှိသည်။

MOALI ၊ နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက်

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....