စီမံကိန်းရှယ်ယာများအား တစ်နှစ်လျှင် အနည်းဆုံး ၁၅ ရာခိုင်းနှုန်းဖြင့် ၁၀ နှစ်အထိ အကျိုးအမြတ်ခွဲဝေပေးမည်
Global Earth Public Co.Ltd မှ ဆောင်ရွက်နေသည့် ငါးတန်မွေးမြူရေးစီမံကိန်းအတွက် အစုရှယ်ယာဖိတ်ခေါ်ပြီးသည့်နောက်ပိုင်း ရှယ်ယာများအား တစ်နှစ်လျှင် အနည်းဆုံး ၁၅ ရာခိုင်းနှုန်းဖြင့် ၁၀ နှစ်အထိ အကျိုးအမြတ်ခွဲဝေ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏ အကြီးတန်းဒုဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
အစုရှယ်ယာဖိတ်ခေါ်ခြင်းကို အောက်တိုဘာလအတွင်း စတင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် သြဂုတ် လ ၂၇ ရက်က ကျင်းပပြုလုပ်သည့် ၁၅ ကြိမ်မြောက် ငါးကဏ္ဍဆိုင်ရာလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"တစ်စုကို ကျပ်တစ်သောင်းပါပဲ။ ဒါပေမယ့် အနည်းဆုံး အစု ၁၀၀ ကျပ် ၁၀ သိန်းဖိုးကနေ စခေါ်မှာဖြစ်ပါတယ်။ ဒါကအကုန်းလုံး ပါဝင်နိုင်အောင်လို့ ကျွန်မတို့လုပ်နေတာဖြစ်ပါတယ်။ အဲ့ဒါကလည်း ဘယ်လိုအကျိုးအမြတ်တွေ ခံစားခွင့်ရမလဲဆိုတော့ ဒီရှယ်ယာပေါ်မှာ ကျွန်မတို့ တစ်နှစ်ကို ၁၅ ရာခိုင်နှုန်း ပေးပါမယ်။ ဘဏ်အတိုးဆိုရင် ၁၀ ရာခိုင်နှုန်းရှိတဲ့အတွက် ဒါကဘဏ်အတိုးနှုန်းထက် မြင့်ပါတယ်။ သိန်းတစ်ထောင်ဆိုရင် တစ်နှစ်ပြီးလို့ရှိရင် အမြတ်ငွေ သိန်း ၁၅၀ ရပါမယ်။ ကျွန်မတို့ရဲ့ အာမခံချက်က ၁၀ နှစ်အထိပါ။ ကျွန်မတို့က အနည်းဆုံး ၁၅ ရာခိုင်နှုန်းကနေ လျော့ပြီးမပေးပါဘူး။ တကယ်လို့ ပိုမြတ်လို့ရှိရင် ပိုပေးဖို့ပဲ ရှိပါတယ်။" ဟု အကြီးတန်းဒုဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။
ရှယ်ယာရှင်များအနေဖြင့်လည်း ယင်းကာလအတွင်း အစုရှယ်ယာများ ပြန်လည်ထုတ်ယူလိုပါက ရှယ်ယာပြန်အမ်းပေးသွားမည်ဖြစ်ပြီး ရှယ်ယာဖိတ်ခေါ်ခြင်းအား ကျပ်တစ်သောင်းနှုန်းဖြင့် အနည်းဆုံး အစု ၁၀၀ မှစ၍ ဖိတ်ခေါ်ကာ ကျပ် ၅၀ ဘီလီယံအထိ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်းရေးဆွဲ၍ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်ကြီးကြပ်ရေးကော်မရှင် (MSEC) ထံသို့ တင်ပြထားပြီး MSEC ၏ ထောက်ခံချက်ဖြင့် DICA တွင် အစုရှယ်ယာရောင်းချခွင့်နှ င့် ပတ်သက်၍ မှတ်ပုံတင်ပြီးမှသာ အများပြည်သူများအား အစုရှယ်ယာ ရောင်းချခွင့်ရှိကြောင်း သိရသည်။
ငါးတန်ဈေးကွက်အပြင် ငါးအတွင်းကလိစာ ထုတ်လုပ်ရောင်းချခြင်းဈေးကွက်၊ အရိုးအား ငါးအစာထုတ်လုပ်ရောင်းချခြင်းဈေးကွက်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ငါးတန်ခြောက်ထုတ်လုပ်ခြင်းကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"ရှယ်ယာကို အောက်တိုဘာလမှာ ခေါ်ယူနိုင်မယ်လို့ မှန်းထားတယ်။ သို့သော် ဒါကို အတိအကျ ပြန်ပြောပါမယ်။ ဒီဟာက လုပ်ငန်းတစ်ခုထဲလုပ်မယ်ဆိုရင် ၁၅ ရာခိုင်နှုန်း မပေးနိုင်ပါဘူး။ ဘာဖြစ်လို့ ပေးနိုင်လည်းဆိုတော့ ကွင်းဆက်အားလုံးကို လုပ်ပေးနိုင်မှ ပေးနိုင်မှာပါ။ ငါးတန်ကနေ အဆီ၊ အသည်း၊ အစာအိမ် ထုတ်ရောင်းလို့ရတယ်။ ပြီးတော့ သူရဲ့ အဆီဖောင်းကိုလည်း ရောင်းလို့ရတယ်။ ငါးအရိုးကို ငါးအစာလုပ်လို့ရတယ်။ ဒီလုပ်ငန်းတွေအားလုံးပါမှ အမြတ် ၁၅ ရာခိုင်နှုန်း ပေးနိုင်မှာဖြစ်တယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေ အားလုံးပါနိုင်အောင် လုပ်ပါမယ်။" ဟု ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
ထို့ပြင် ငါးတန်မွေးမြူရာတွင် ဧရာဝတီမြစ်ရေကို တိုက်ရိုက်သွင်း၍ သဘာဝငါးတန်ငါးကဲ့သို့ မွေးမြူခြင်းဖြစ်ပြီး ယင်းကဲ့သို့ မွေးမြူခြင်းကြောင့် ငါးအသားဖြူခြင်း၊ အရသာရှိခြင်း၊ အနံ့ကောင်းမွန်ခြင်းတို့ရရှိမည်ဖြစ်သည်။
အများသူများအား အစုရှယ်ယာဖိတ်ခေါ်ခြင်းကို ယခုနှစ် ၂၀၁၉ အတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ခြင်းကြောင့် အမြတ်ငွေခွဲဝေခြင်းကို ၂၀၂၀ အတွင်း စတင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် Global Earth Public Co.Ltd အနေဖြင့် ငါးတန်မွေးမြူရေးကန် ၁၂ ကန် စတင်မွေးမြူထားပြီးဖြစ်ကာ ငါးကန်တစ်ကန်လျှင် အမေရိကန်ဒေါ်လာ ၅ သိန်းဝန်းကျင်ရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ငါးတန်မွေးမြူရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေနေရာကို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုရှိမရှိကို MIC အဖွဲ့ကိုယ်စား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်အပါအဝင် တာဝန်ရှိသူများမှ လာရောက်စစ်ဆေး၍ MIC ဥက္ကဋ္ဌသို့ အစီရင်ခံတင်ပြခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ငါးတန်မွေးမြူရေးစီမံကိန်းအား ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ မြေဧက ၉၀၀ ကျော်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းနှင့်အတူ အစာစက်ရုံများ၊ အအေးခန်းစက်ရုံများကိုလည်း တွဲဖက်လုပ်ဆောင်သွားမည်ဖြစ်၍ စီမံကိန်းတစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကနဦးရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026