ပြည်ပမှ ဖော်မလင်နှင့် ဓါတုပစ္စည်းများ ပါဝင်သည့် ငါး၊ ပုစွန်များ ဝင်ရောက်လာမှု တားဆီးရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းရမည်
ထိုင်းနိုင်ငံမှ မြဝတီနယ်စပ်လမ်းကြောင်းက ဝင်လာသည့် ဖော်မလင်နှင့် ဓါတုပစ္စည်းများ ပါဝင်သည့် ငါး၊ ပုစွန်များ ရန်ကုန်သို့ဝင်ရောက်လာမှုကို တားဆီးရန် FDA အပါအဝင် အခြားသက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှသာ တားဆီးနိုင်မည့် အခြေအနေရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးလှဌေးက ပြောသည်။
လက်ရှိ ထိုင်းမှ မြဝတီလမ်းကြောင်းက ဝင်ရောက်လာသည့် ငါး၊ ပုစွန်များသည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငါး၊ ပုစွန်များထက် ဈေးနှုန်းပိုမိုသက်သာလျက်ရှိပြီး ယင်းကဲ့သို့ ဖော်မလင် နှင့် ဓါတုပစ္စည်းများ ပါဝင်သော ငါး၊ ပုစွန်များတွင် လူအတွက် အကျိုးသက်ရောက်မှု မည်မျှရှိသည်ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ စစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ရန်ကုန်က နောက်ဆုံးဖြစ်နေတယ်။ ဒါကို တားဆီးရမယ့် အတိုင်းအတာမှာ ပထမဆုံးစဖြတ်တာ ကရင်ကဖြတ်တာ၊ ကရင်ပြီးတော့ မွန်ကဖြတ်တယ်။ မွန်ပြီးတော့မှ ပဲခူးကိုဖြတ်တယ်၊ ရန်ကုန်ကို ရောက်လာတဲ့အခါမှာ ရန်ကုန်တိုင်းမှာက ဝင်ပေါက်တွေ အများကြီးပဲ။ ရန်ကုန်ကို ဝင်ဖို့ဆိုတာ လမ်းကြောင်းတွေက အများကြီးပဲရှိတဲ့အတွက် ကျွန်တော်တို့ ဌာနအနေနဲ့ တားဖို့ဆိုတဲ့ အတိုင်းအတာမှာ ကျွန်တော်တို့တွေကြီးပဲ မဖြစ်ပါဘူး ။ ကျန်တဲ့ အခြားဌာနတွေပေါ့။ ဥပမာ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ FDA တို့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ရမှာပါ။ ဒါကတော့ ညှိနှိုင်းပြီးတော့မှပဲ ပြောပြလို့ရမယ့် အတိုင်းအတာဖြစ်ပါတယ်။" ဟု ဒုတိုင်းဦးစီးမှူး ဦးလှဌေးက ပြောသည်။
လွန်ခဲ့သော ၂၀၁၆၊ ၂၀၁၇ ခုနှစ်က ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အဝင်လမ်းများသို့ မြဝတီလမ်းကြောင်းမှ ဝင်ရောက်လာသော ငါး၊ ပုစွန်များကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးရမိသော ငါး၊ ပုစွန်များကိုလည်း လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။
သို့သော် နောက်ပိုင်းတွင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများရှိလာသည့်အတွက် တရားမဝင် ဝင်ရောက်လာသည့် ငါး၊ ပုစွန် ဖမ်းဆီးမှုကို ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
"ရှင်းရှင်းပြောရရင် စံပြငါးဈေးမှာ ဘယ်သူတင်သွင်းတယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ သတင်းရတယ်။ မထိရဲဘူး။ စံပြငါးဈေးထဲဝင်သွားရင် ကပ်ပြီးတော့ အန္တရာယ်ပြုမှာကို သတိထားနေရတယ်။ ဒါပေမယ့် ဖမ်းဆီးဖို့တော့ ကျွန်တော်တို့ ပြင်ထားပါတယ်။ FDA တို့နဲ့စစ်ဆေးဖို့ပေါ့။ ဖမ်းလည်း ဖမ်းပါမယ်။ မနေ့က (စက် တင်ဘာ ၉ ရက်) က မော်လမြိုင်ဈေးထဲ စစ်ဆေးလိုက်တာ ပိဿာချိန် ၁၈၀ လောက် ဖမ်းမိတယ်။ ဆိုင် ၄ ဆိုင်ကိုလည်း ခံဝန်ကတိထိုးခိုင်းတယ်။ ရန်ကုန်မှာလည်း မကြာခင်လာပါလိမ့်မယ်။" ဟု ဦးလှဌေးက ပြောသည်။
ထို့သို့ ငါး၊ ပုစွန် တရားမဝင် ဝင်ရောက်မှုအား ဖမ်းဆီးရန်အတွက် ရန်ကုန်မြို့အထွက် ၂ ဂိတ်၌လည်းကောင်း၊ ဇရပ်ကွင်းလမ်းဆုံ၌လည်းကောင်း၊ ပဲခူးမြို့ အင်းတကော်၌ လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၉ ရက်က သတင်းပေးတိုင်ကြားမှုအရ မွန်ပြည်နယ်၊ မော်လမြိုင် ကျောက်မီးသွေးရုံ ငါး၊ ပုဇွန်လက်ကားဒိုင်များသို့ ရောက်ရှိဖြန့်ချီလျက်ရှိသော ငါး၊ ပုဇွန်မျ ားတွင် အန္တရာယ်ရှိ အစားအသောက်တွင် ထည့်သုံးရန် ခွင့်မပြုထားသော တာရှည်ခံဓါတုဆေးရည်များ ထည့်သွင်းသုံးစွဲထားခြင်းရှိမရှိ မြို့နယ်အစာဆေးဝါးကြီးကြပ်မှုကော်မတီ၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းပြီး mobile lab van နှင့်အတူ ရှောင်တခင် စစ်ဆေးမှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ရှောင်တခင်စစ်ဆေးမှုကြောင့် ငါး၊ ပုစွန်များတွင် ဖော်မလင်နှင့် ဓါတုပစ္စည်းများ ထည့်သွင်းသုံးစွဲထားသော ငါးပိဿာချိန် ၁၈၀ ဖမ်းဆီးရမိခဲ့ပြီး တွေ့ရှိသည့် ဆိုင် ၄ ဆိုင်အား ခံဝန်ကတိထိုးခိုင်းခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထိုင်းမှ ငါး၊ ပုစွန်များသာမက ကြက်သားကအစ ဝင်ရောက်လျက်ရှိရာ ပြည်တွင်းကြက်သားဈေးနှုန်းထက် ထိုင်းမှ ဝင်ရောက်လာသည့် အရိုးနွှင်ထားသောကြက်သား တစ်ပိဿာလျှင် ကျပ် ၁၅၀၀ ဝန်းကျင် လျော့နည်းပြီး မြဝတီလမ်းကြောင်းမှတဆင့် ပြည်တွင်းသို့ ငါး၊ ပုစွန်များအပါအဝင် ကြက်သားနှင့် အခြားစားသောက်ကုန်များ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။
အေးအေးမြင့်(ABM)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....