အစိမ်းရောင်လမ်း
ကျွဲ နွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေမည့် အစီအမံတစ်ခု

ကျွဲ နွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေမည့် အစီအမံတစ်ခု

မြန်မာနိုင်ငံသည် စက်မှုလယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းရန် ကြိုးပမ်းဆဲ ကာလတွင် လက်ငင်းအခြေအနေန၌ လယ်ယာလုပ်ငန်းခွင် အချို့နေရာများအတွက် ခိုင်းကျွဲနှင့် ခိုင်းနွားများကို အချို့သောလုပ်ငန်းများတွင် အားထားဆဲ ဖြစ်သည်။ စက်မှုလယ်ယာဖြင့် ထွန်ယက်သည့် လုပ်ငန်းတွင် စိုက်ပျိုးမြေ၏ ၇၀ ရာခိုင်နူန်းတွင်လည်း စက်ကိရိယာများ သုံးစွဲနိုင်ခဲ့ပြီ ဖြစ်၍ ကျန် ၃၀ ရာခိုင်နူန်းတွင် ကျွဲနွားများဖြင့် ထွန်ယက်လျက်ရှိသည်။

ထိုကာလ၌ပင် အိမ်နီးချင်းနိုင်ငံကြီးတစ်ခုက မြန်မာ့ကျွဲနွားများကို ဝယ်ယူနေသဖြင့် ကုန်သည်ပွဲစားများက ပြည်တွင်း၌ ဝယ်ယူကာ တင်ပို့နေကြသည်။

ယခင်က (၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မတိုင်မီအထိ) ကျွဲ နွားတင်ပို့ရောင်းချသူများသည် ကျွဲနွားများကို ကိုယ်တိုင်မွေးမြူ ထားကြောင်း (သို့မဟုတ်) မွေးဖက်ပေး၍ မွေးမြူထားစေခဲ့ကြောင်း အထက်အထားတစ်စုံတစ်ရာ တင်ပြရန်မလိုဘဲ နိုင်ငံတော်က ၎င်းတို့အား တင်ပို့ခွင့်ပြုထားခဲ့သည်။

သို့သော် နိုဝင်ဘာ ၁၂ ရက်ကစပြီး ပြည်ပသို့ ကျွဲနွားတင်ပို့မည့် ကုမ္ပဏီများသည် တင်ပို့ရောင်းချမည့် ကျွဲနွားများမှာ ကိုယ်တိုင်မွေးမြူထားသော ကျွဲနွားများဖြစ်ကြောင်း (သို့မဟုတ်) မွေးဖက်ပေး၍ မွေးမြူထားသည့် ကျွဲနွားများဖြစ်ကြောင်း အထောက်အထားများကို မွေးမြူရေးစီမံချက်နှင့်အတူ တင်ပြကြရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ထုတ်ပြန်ထားသည် ဟု သိရသည်။ ရည်ရွယ်ချက်မှာ ပြည်တွင်း၌ ခိုင်းကျွဲ၊ ခိုင်းနွားအတွက်သာမက မွေးမြူရေးလုပ်ငန်းများ  ဖွံ့ဖြိုးလာစေရေး ကိုလည်း အလေးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ သမားရိုးကျ စိုက်ပျိုးရေးစနစ်တွင် ကျွဲနွားများ၏ လုပ်အားသည် ဆက်လက်ပါဝင်နေဦးမည်ဖြစ်သည်။ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနေချိန်၌ပင် ထွန်ယက်စိုက်ပျိုး သယ်ယူပို့ဆောင်ရေးတို့အတွက် ကာလတစ်ခုအထိ အရေးပါနေဦးမည်ဖြစ်သည်။

ယခုညွှန်ကြားချက်သည် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရေးကိုပါ ဦးတည်ကာ အဘက်ဘက်က သုံးသပ်ထုတ်ပြန်လိုက်ခြင်းဖြစ်၍ ပြည်တွင်းအတွက်ရော ပို့ကုန်အတွက်ပါ အကျိုးရှိစေမည်ဖြစ်သည်။

သစ်တောများခုတ်ယူသုံးစွဲနေချိန်ပင် စီမံကိန်းချ၍ ပြန်လည်ပျိုးထောင်စိုက်ပျိုးရသကဲ့သို့ လယ်ယာလုပ်ငန်းခွင်သုံးကျွဲနွားများ ပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်နေချိန်၌ပင် လျော့ပါးသွားမည့် ကျွဲနွားများအတွက် ကျွဲနွားမွေးမြူရေး လုပ်ငန်းများဖြင့် ပြန်လည်အစားထိုးအားဖြည့်နေကြရန်လည်း အထူးလိုအပ်လှသည်။

ထို့ကြောင့် ပြည်ပတင်ပို့သူများက အကန့်အသတ်မရှိ ပရမ်းပတာတင်ပို့ခြင်းကို တားမြစ်သည့်အနေဖြင့်လည်းကောင်း လျော့ပါးသွားမည့် ကျွဲနွားများအတွက် မွေးမြူရေးခြံများမှ အမြဲဖြည့်တင်းပေးနိုင်ရန်အတွက်လည်းကောင်း လိုအပ်မည့် ညွှန်ကြားချက်တစ်ရပ်ကို လိုအပ်လာချိန်တွင် အချိန်ကိုက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ထင်မြင်မိပေသည်။

နိုင်ငံတော်ကိုယ်စား လိုအပ်လာ၍ သက်ဆိုင်ရာ ဦးစီးဌာနတစ်ခုက ကြီးကြပ်ကာ ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ရာ ကျွဲနွားပို့ကုန်လုပ်ငန်းရှင်များသည် ညွှန်ကြားချက်ကို တိကျစွာ လိုက်နာကြရန် အထူးလိုအပ်ပေသည်။

အဆိုပါ ညွှန်ကြားချက်သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှစ၍ ကျွဲနွားများ ပြည်ပသို့ တင်ပို့ခွင့် စတင်ခွင့်ပြုခြင်း တစ်နှစ်ပြည့်အခါသမယတွင် ချိန်ကိုက်ထုတ်ပြန်လိုက်ခြင်းဖြစ်ရာ အဘက်ဘက်သုံးသပ်၍ ထုတ်ပြန်ထားသည့် ယင်းညွှန်ကြားချက်ကို လက်တစ်လုံးခြား လှည့်ဖြားဆောင်ရွက်ခြင်း မပြုကြဘဲ တိကျစွာ လိုက်နာကြရန် လိုအပ်ပေသည်။

သို့မှသာ ပြည်တွင်း၌ လယ်ယာလုပ်ငန်းခွင်သုံးနှင့် စားနပ်ရိက္ခာသားငါးထုတ်လုပ်မှု လိုအပ်ချက်ကိုလည်း အခက်အခဲမကြုံလာစေတော့ဘဲ ပြည်ပဝင်ငွေလည်း တိုးမြှင့်ရရှိစေနိုင်မည်ဖြစ်၍ အောင်မြင်စွာ ကြီးကြပ်ဆောင်ရွက်သွားကြရန် တိက်တွန်းလိုက်ရပေသည်။

လယ်ယာစီးပွား

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....