စိုက်ပျိုးရေးလုပ်တာ တွက်ချက်မကိုက်လို့ ကာကီးကင်းဘဲကို စီးပွားဖြစ်မွေးမြူသူ များလာ
ပြည်တွင်းတွင် ဘဲမွေးမြူရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အပြင် စီးပွားဖြစ် မွေးမြူသူများလည်း များပြားလာကြောင်း ဘဲမွေးမြူရေး လုပ်ကိုင်သူများထံမှ သိရသည်။
လက်ရှိတွင် ဘဲမွေးမြူသူအများစု မွေးမြူနေသည့် ဘဲအမျိုးအစားမှာ ထိုင်းနိုင်ငံမှ မျိုးဥများဝယ်ယူ၍ ပြည်တွင်း၌ သားဖောက်သည့် ကာကီးကင်းဘဲ (Khaki Campbell Duck) အမျိုးအစား ဖြစ်သည်။
ယခုနောက်ပိုင်းတွင် အဆိုပါ ဘဲအမျိုးအစားကို အနည်းဆုံး အကောင်ရေ ၃၀၀ မှ ၅၀၀ အကြားနှင့် အများဆုံး အကောင်ရေ ၁,၀၀၀ မှ ၂,၀၀၀ အကြားအထိ စီးပွားဖြစ် တိုးချဲ့မွေးမြူလာကြခြင်းဖြစ်သည်။
"အခု စိုက်ပျိုးရေးလုပ်တဲ့သူတွေက မွေးမြူရေးဘက်ကို ကူးလာကြတာ။ ကျွန်တော်ဆိုရင်လည်း စပါးမစိုက်တော့ဘဲ ဘဲကောင်ရေ ၁,၀၀၀ မွေးထားပါတယ်။ အခုက ဒေသဘဲ သိပ်မမွေးကြတော့ဘူး။ ထိုင်းကနေဥယူပြီး ဒီမှာ သားဖောက်တဲ့မျိုးတွေကိုပဲ မွေးကြတာ။ သူက ဥထွက်နှုန်းကောင်းတယ်" ဟု ဧရာဝတီတိုင်းဒေသကြီးမှ ဘဲမွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ဘဲမွေးမြူရေးလုပ်ငန်းကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အများဆုံး လုပ်ကိုင်ကြသဖြင့် မွေးမြူရေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်ရှိနေသည်။ မွေးမြူရေးအတွက် ဘဲဝယ်ယူရာတွင် အရွယ်ရောက်ပြီးသည့် ဘဲမဒန်းများထက် ဈေးနှုန်းသက်သာသော ဘဲသားပေါက်များကိုသာ ပိုမိုဝယ်ယူကြကြောင်း သိရသည်။
လက်ရှိတွင် ဘဲသားပေါက်တစ်ကောင်လျှင် ၃,၀၀၀ ကျပ်အထက် ဈေးပေါက်နေပြီး ဥဥတော့မည့် မဒန်းမတစ်ကောင်လျှင် ၁၈,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးရှိနေသည်။

"ဘဲသားပေါက်က ဈေးနည်းပေမဲ့ မဒန်းဖြစ်လာဖို့ အချိန်ယူပြီး သေချာဂရုစိုက် မွေးရပါတယ်။ ဥစမ်းနေတဲ့ မဒန်းကတော့ ဈေးမြင့်ပေမဲ့ ချက်ချင်းဥတော့မှာဖြစ်လို့ ငွေပေါ်တာ မြန်တယ်။ အဲဒါကြောင့် သေချာချင်တဲ့သူက မဒန်းဝယ်သလို၊ အရင်းအနှီး သက်သာချင်တဲ့သူက သားပေါက်ကို အဝယ်များပါတယ်" ဟု ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှ ဘဲမွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ရှင်းပြသည်။
ကာကီးကင်းဘဲမျိုးစိတ်မှာ ဥအများဆုံးဥနိုင်သည့် ဘဲမျိုးစိတ်အဖြစ် သတ်မှတ်ခံထားရပြီး ရောဂါဒဏ် ခံနိုင်ရည်ရှိသည့်အပြင် ရေကူးရန် ရေကန်မရှိသော်လည်း ကျန်းမာစွာ နေထိုင်နိုင်သည့် ဘဲအမျိုးအစားဖြစ်သည်။
လက်ရှိတွင် မွေးမြူရေးလုပ်ကိုင်သူများသည် ကာကီးကင်းဘဲကို ရောင်းချရာ၌ ပိဿာချိန်ဖြင့်မဟုတ်ဘဲ အကောင်အရွယ်အစားနှင့် သက်တမ်းအလိုက် ဈေးနှုန်းသတ်မှတ် ရောင်းဝယ်နေကြကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မွေးမြူရေးသတင်း
Sa Ai Shaung
လွန်ခဲ့သော ၃ လ ကအခုမှဘဲကို စတင်မွေးမြူချင်တဲ့သူတစ်ယောက်အတွက် သိသင့်သိထားထိုက်တာလေး မျှဝေပေးပါအုံးခင်ဗျာ။
အမည်မသိ
လွန်ခဲ့သော ၃ လ ကစပါးဈေးဘယ်လောက်ပေါက်နေလဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မြေဩဇာ ဘာကြွေးရမလည်း
Zin Min Thu • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ဘယ်လိုမျိုးကုသနိုင်မလဲ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲခင်ဗျာ
U San • ဖြေကြားချက် 4 ခု
စပါးက90ရက်သားရှိပါပီနောက်ဆုံးအကြိမ်ပုလဲနဲ့ပေါ်တက်ကြွေးမလို့စောနေသေးလားနောက်ကြပီလားစပါးသက်ရက်က145ဒီနေ့နဲ့မနက်ဖန်မိုးရွာနိုင်လားမြေဆီဘယ်လောက်သုံးရမလဲ
စောဂျွန်ဖေါ • ဖြေကြားချက် 1 ခု
ရိုင်ဇိုဘီယမ် ဝယ်လို့ရမယ့်နေရာ သိချင်ပါတယ်ခင်ဗျာ စိုက်ပျိုးရေးဥိးစီးဌာနမှာပဲ ဝယ်လို့ရတာလားခင်ဗျာ စိုက်ပျိုးရေးဦးစီးဌာန facebook pageမှာ မေးထားတာ ပြန်မဖြေလို့ပါ ဧရာဝတီတိုင်း ဟင်္သာတ အင်္ဂပူဘက်ပါ
Paing Lay • ဖြေကြားချက် 1 ခု
စပါး၂လခွဲသားလောက်မှာ စပါးအဖုံးနေရာမှာ ပိုက်လုံးတွေ ထွက်လာလို့ ဘာဆေးဖျန်းရင် ရမလဲ ညွန်ပေးစေချင်ပါတယ်
Ko Naing Lin Aung • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စက်တင်ဘာလအစတွင် မတ်ပဲဈေးများ ဆက်တိုက်ကျဆင်းလာ
03/09/2026
ကြက်ခြံဖမ်းဈေးသာကျပြီး အသားရောင်းဈေးမကျလို့ မွေးမြူသူများအခက်ကြုံနေ
02/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၄ -၂၈.၈.၂၀၂၆)
29/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026