အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဝက်အရှင်ဖမ်းဈေးကျပြီး အစာဈေးများတက်လို့ မွေးမြူသူများအခက်ကြုံ

ဝက်အရှင်ဖမ်းဈေးကျပြီး အစာဈေးများတက်လို့ မွေးမြူသူများအခက်ကြုံ

AMIA
AMIA 11/06/2026

ပြည်တွင်းဝက်မွေးမြူရေးဈေးကွက်တွင် ဝက်ကြီးအရှင်ဖမ်းဈေးက တက်မလာဘဲ ကုမ္ပဏီမွေးမြူရေးအစာဈေးနှုန်းက ထပ်မံမြင့်တက်လာသောကြောင့် မွေးမြူရေးလုပ်ကိုင်သူများ ရပ်တည်ရန် ပိုမိုခက်ခဲလာနေကြောင်း သိရသည်။

ဒီကနေ့ ဇွန် ၈ ရက်တွင် ကုမ္ပဏီတစ်ခုက မွေးမြူရေးအစာဈေး ထပ်မံတိုးမြှင့်လိုက်ပြီးမနေ့က ဇွန် ၇ ရက်တွင်လည်း မွေးမြူရေးအစာထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုက အစာဈေးနှုန်းများကို တစ်အိတ်လျှင် ထောင်ဂဏန်းစီ ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွေးမြူရေးအစာဈေးနှုန်းများသည် လစဉ်အတက်ဘက်သို့သာ ဦးတည်နေသော်လည်း ဝက်ကြီးအရှင်ခြံဖမ်းဈေးမှာမူ တစ်နေ့ထက်တစ်နေ့ ကျဆင်းနေသောကြောင့် မွေးမြူရေးလုပ်ကိုင်သူများ ဒုက္ခရောက်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

"  ဇွန် ၇ က်နေ့က ဒက်ဟပ်စ် (De Heus) အစာဈေးတက်တယ်။ ဇွန်၈ ရက်ကျတော့ ဆန်ဂျင်း(New Hope)က ထပ်တက်တယ်။ မွေးမြူရေးအစာဈေးက လတိုင်း အတက်ပဲရှိတယ်။ ဝက်ကြီးဈေးကတော့ မတက်တဲ့အပြင် ကျကျနေလို့ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ တော်တော်ဒုက္ခရောက်ရတယ်" ဟု ပဲခူးအနောက်ပိုင်း ဝက်မွေးမြူရေးလုပ်ကိုင်သူ ကိုစိုးက ပြောသည်။

လက်ရှိတွင် ရောင်းတန်းဝင် ဝက်ကြီးအရှင်ခြံဖမ်းဈေးမှာ နေရာဒေသအလိုက် ဈေးနှုန်းကွာဟမှုရှိနေပြီး တစ်ပိဿာလျှင် အနိမ့်ဆုံး ကျပ် ၁၃,၀၀၀ အထိ ကျဆင်းကာ အမြင့်ဆုံးမှ ကျပ် ၁၆,၀၀၀ ဝန်းကျင်လောက်သာ ဈေးရရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ဝက်မွေးမြူရေးလုပ်ကိုင်သူများထဲတွင် ကုမ္ပဏီဝက်ခြံများနှင့် စီးပွားဖြစ်ဝက်မွေးမြူရေးခြံများသည် တစ်ပိုင်တစ်နိုင် မွေးမြူရေးခြံများထက် အရောင်းအဝယ်ပိုမိုသွက်လက်ပြီး ဈေးနှုန်းလည်း ပိုမိုရရှိကြောင်း သိရသည်။

"ကုမ္ပဏီခြံတွေက အကောင်ရာချီမွေးတာဆိုတော့ တစ်သုတ်ထုတ်မယ်ဆိုရင် ရောင်းဖို့က ချိတ်ပြီးသား။ ဈေးကလည်း ပေါက်ဈေးအမြင့်ရတယ်။ တစ်ပိုင်တစ်နိုင် ၁၀ ကောင်တောင် မပြည့်တဲ့သူတွေကတော့ ဝက်ရောင်းဖို့တောင် မနည်းခေါ်ယူရတယ်။ ဈေးကိုလည်း အနှိမ်ခံရတယ်။ အခုလို ဈေးကျနေချိန်ဆိုတော့ ပိုရှုံးတာပေါ့။ ဝက်က ဖြစ်ထွန်းမှ အရင်းလောက်ရမယ်။ အစာကိုလည်း စနစ်တကျ ရောစပ်ကျွေးတတ်မှ ကိုက်မလဲ" ဟု ရန်ကုန်တိုင်းမှ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ကိုင်သူ ဦးဝင်းနိုင်က ပြောသည်။

ပြည်တွင်းဝက်မွေးမြူရေးဈေးကွက်တွင် ဝက်ကြီးအရှင်ခြံဖမ်းဈေး ကျဆင်းရသည့် အဓိကအကြောင်းရင်းမှာ လက်ရှိတွင် ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ ဝက်များ ဝင်ရောက်နေသောကြောင့် ပြည်တွင်းဝက်ဈေးနှုန်း ကျဆင်းနေခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ ဆိုကြသည်။

မွေးမြူရေးအစာဈေးနှုန်း မြင့်တက်လာခြင်းနှင့် ဝက်အရှင်ဖမ်းဈေး ကျဆင်းခြင်းတို့ကြောင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများ အရှုံးနှင့် ကြုံတွေ့နေရသဖြင့် မွေးမြူရေးလုပ်ငန်းကို ရပ်နားသူများ ပိုမိုများပြားလာကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

ငြုပ်ပင်အရွက်ထွတ်နေလို့ ဘာဆေးသုံးရင်ကောင်းမလည်းဗျ ပုလဲ​ကျွေးထားတာ ၁ပတ်လောက်ရှိပြီ ပုလဲပက်ပြီးမှအရွက်ကပိုထွတ်လာလို့ ဘာဆေးသုံးရမလည်းပြောပြပေးပါလားဗျ အသီးပွင်အားအေးရောတခါတည်းညွှန်းပေးပါလားဗျ

ဖိုးလပြည့် • ဖြေကြားချက် 4 ခု

အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

U Yan • ဖြေကြားချက် 2 ခု

ဆရာကြီး ဆေးရွက်ကြီးသဘာဝပိုးသတ်ဆေးလုပ်နည်းမျှဝေပေးပါဆရာ။ ဆေးနှုန်းထားလေးလဲမျှဝေပေးပါဆရာ အပင်လောင်မှာကိုဆိုးရိမ်ရပါသလားဆရာ မျှဝေပေးပါအုန်း

U Than Toe Aung • ဖြေကြားချက် 4 ခု

ဂရန်600နဲမင်းသားမတ်ပဲးဖြန်လို့ရလား

ကိုနိုင်လင်း • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။