မြင့်တက်လာသော အပူချိန်ကြောင့် ဝက်များအပူရှပ်ပြီး သေဆုံးသည်အထိ ဖြစ်ပွားနေ
နွေရာသီ၏ မြင့်တက်လာသော အပူချိန်နှင့်အတူ ပြည်တွင်းဝက်မွေးမြူရေးကဏ္ဍတွင် ဝက်များ အပူဒဏ်ခံစားရပြီး သေဆုံးသည်အထိ ရှိလာနေကြောင်း မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။
ဝက်ကြီး၊ ဝက်ငယ်၊ ဝက်လတ် အမျိုးအစားအလိုက် အပူဒဏ်ကြောင့် အစာစားနှုန်းလျော့ကျခြင်း၊ အကြောဆွဲသကဲ့သို့ ယက်ကန်ယက်ကန်ဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်းနှင့် အသက်ရှူနှုန်းမြန်ပြီး သေဆုံးသည်အထိ ကြုံတွေ့နေရခြင်း ဖြစ်သည်။
"ဝက်ကလေးက ဝမ်းလျှောတယ်။ ဝမ်းအမည်းရောင်နဲ့ အဝါရောင်တွေ သွားတယ်။ မကြာဘူး အကြောဆွဲသလိုဖြစ်ပြီး သေသွားတယ်။ ဖြစ်တာကလည်း တစ်ရက်ပဲ ကြာလိုက်တယ်" ဟု ပဲခူးတိုင်း အနောက်ခြမ်းမှ ဝက်မွေးမြူရေးလုပ်ကိုင်သူ တစ်ဦးက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နွေရာသီရောက်ရှိလာသည်နှင့်အမျှ အပူချိန်မှာ ပိုမိုမြင့်တက်လာနေသည့်အတွက် ဝက်များ အပူရှပ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်သည့် အရေးပေါ်အခြေအနေဖြစ်ပေါ်နိုင်သဖြင့် မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် အထူးဂရုစိုက်ရန်လိုအပ်ကြောင်း တိရစ္ဆာန်ဆေးကုဆရာဝန်များက သတိပေးထားသည်။
ပူပြင်းသည့် ရာသီဥတုနှင့် ပတ်ဝန်းကျင်အခြေအနေ၊ ဝက်ခြံများတွင် လေဝင်လေထွက်မကောင်းခြင်း စသည့်အချက်များကြောင့် ဝက်များတွင် အပူရှပ်ခြင်းဖြစ်နိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်လာနိုင်ကြောင်း သိရသည်။
"ဝက်တွေ အပူရှပ်တာကို သတိမထားမိရင် အသက်သေတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဝက်တွေ အပူရှပ်နေပြီဆိုတာ သိတာနဲ့ ကုသမှုချက်ချင်းလုပ်ရပါမယ်။ မဖြစ်သေးတဲ့ခြံတွေဆိုရင် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားနိုင်ပါတယ်" ဟု တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးက ပြောသည်။

ဝက်များ အပူရှပ်ပါက ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် ပိုပူလာခြင်း၊ ပါးစပ်ဟပြီး ဆက်တိုက်မြန်မြန် အသက်ရှုခြင်း၊ သွားရည်ဆက်တိုက်ကျခြင်း၊ အသားအရေ နီရဲလာခြင်းနှင့် မှိုင်နေခြင်းတို့ ဖြစ်ပေါ်တတ်သည်။ အပူရှပ်ခြင်းကို ပြင်းထန်စွာ ခံစားရပါက အစာမစားဘဲ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ တုန်ခြင်း၊ ယက်ကန်ယက်ကန်ဖြစ်ပြီး နောက်ဆုံးတွင် သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိရသည်။
ဝက်များ အပူရှပ်ခြင်းကို ကြိုတင်ကာကွယ်ရန် အတွက် ၂၄ နာရီပတ်လုံး သန့်ရှင်းပြီး အေးမြသောရေကို သောက်သုံးနိုင်အောင် စီစဉ်ပေးခြင်း၊ ဝက်ခြံကို လေဝင်လေထွက်ကောင်းပြီး အအေးဓာတ်ရရှိအောင် လုပ်ဆောင်ပေးခြင်း၊ အပူချိန်မြင့်မားချိန်တွင် အစာကျွေးနှုန်း လျှော့ချခြင်းခြံကို အအေးဓာတ်ရရှိစေရန် ရေဖြန်းပေးခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်သည်။
ဝက်များတွင် အပူရှပ်ခြင်းလက္ခဏာ ခံစားနေရကြောင်း သိရှိပါက တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် ချက်ချင်းပြသပြီး အချိန်မီ ကုသမှုခံယူရန် လိုအပ်ကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ဝက်ကျန်းမာရေး
ဦပိုင်
လွန်ခဲ့သော ၃ လ ကဝက်အပူရှပ်တာနေမယ်
Saw Philic
လွန်ခဲ့သော ၃ လ ကရောဂါ ဝင်တာ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
အသံ
ကြက်သွန်နီဈေး တရိပ်ရိပ်တက်နေ
07/08/2026
အသံ
ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
05/08/2026
တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၇ - ၃၁.၇.၂၀၂၆)
03/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....