WorldFish Myanmar နောက်ဆုံးရသတင်း (USAID မှ ရန်ပုံငွေပံ့ပိုးသော ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း)
WorldFish "ဝင်ငွေတိုးငါးမွေးမြူရေး" စီမံကိန်းကို USAID (၂၀၁၉-၂၀၂၄) ခုနှစ် မှ ရန်ပုံငွေပံ့ပိုးထားပြီး ရေရှည်ဖွံ့ဖြိုးသည့် ငါးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖော်ဆောင်ခြင်းဖြင့် ဝင်ငွေတိုးခြင်း၊ အာဟာရပြည့်အစားအစာများရရှိခြင်း၊ ဆင်းရဲ နွမ်းပါးမှု လျော့နည်းခြင်းစသော အကျိုးကျေးဇူးများကို အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများမှ အမျိုးသမီးများနှင့် ကလေးသူငယ်များခံစားနိုင်ရန် မျှော်မှန်းချက်နှင့်အညီ စီမံကိန်း၏ ၂၀၂၂ ခုနှစ် တတိယ သုံးလပတ် အာဟာရဆိုင်ရာလှုပ်ရှားမှုများကို ဂုဏ်ယူစွာဖြင့် မျှဝေပါသည်။
လှုပ်ရှားမှုများ
ငါးခြောက်မှုန့်ပြုလုပ်နည်းသင်တန်းပေးခြင်း
အမျိုးသမီးနှင့်ကလေးငယ်များအတွက်လိုအပ်သည့် အာဟာရဓာတ်များ စားသုံးခြင်းကို မြှင့်တင်ရန်၊ WorldFish Field Coordinator နှင့် BRAC အဖွဲ့သားများမှ ငါးငယ်ခြောက်မှုန့်ပြုလုပ်နည်း လက်တွေ့သင်တန်းကို ရွှေဘိုမြို့တွင် ဇူလှိုင်လအတွင်း ကျင်းပခဲ့သည်။ ရပ်ကွက် ၁၊ မေဂွန်၊ ဥယျာဉ်တော်၊ ပလှိုင်း၊ ချီပါ၊ ထနောင်းဝင်း၊ ဘုတ်ကုန်း၊ စည်သာ နှင့် တကာနန် ကျေးရွာများမှ ငါးမွေးတောင်သူ အမျိုးသမီး စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့ပြီး၊ ငါးခြောက်မှုန့်ပြုလုပ်နည်း နှင့် ၎င်းတို့ကို နေ့စဉ်စားသုံးသည့် မိသားစု ဟင်းလျာများတွင် ထည့်သွင်း အသုံးပြုပုံများကို လေ့လာခဲ့သည်။ လက်တွေ့ပြသသည့်သင်တန်းတွင် ငါးခြောက်မှုန့်ဖြင့် ကုန်စည်ထုတ်လုပ်ခြင်းနှင့် စျေးကွက်တင်ရောင်းချခြင်း လုပ်ငန်းစဉ်များလည်းပါဝင်သည်။ ဤကုန်စည်များသည် နို့စို့အရွယ်ကလေးနှင့် ကလေးငယ်များအတွက် စားသုံးနိုင်အောင်ပြုလုပ်မည်ဖြစ်ပြီး ဝင်ငွေပိုမိုရရှိရန် အမျိုးသမီးများမှ ၎င်းတို့၏အိမ်နီးချင်းများကို ရောင်းချသွားမည်ဖြစ်သည်။

အာဟာရမြှင့်တင်ရေး ရက်သတ္တပတ်မျာ:
ရပ်ရွာများတွင် အာဟာရကောင်းမွန်စွာရရှိခြင်းသည်အရေးပါကြောင်းကို ပိုမိုသိရှိရန်အတွက် အာဟာရဆိုင်ရာရက်သတ္တပတ်များကို စီမံကိန်းဆောင်ရွက်သည့်ရပ်ရွာဒေသများဖြစ်သည့် တိုင်းနှင့်ပြည်နယ် ငါးခုတွင် ဝင်ငွေတိုးငါးမွေးမြူရေး စီမံကိန်း အဖွဲ့သားများမှ ဩဂုတ်လတွင် ကျင်းပခဲ့သည်။ တက်ရောက်သူ စုစုပေါင်း ၆၈၇ ဦး (မ= ၄၂၁ နှင့် ကျား=၂၆၆) ရှိခဲ့သည်။ ဤလှုပ်ရှားမှုမှ တစ်ဆင့် အာဟာရမျှတစွာစားသုံးခြင်း၏ အဓိကသတင်းစကား များကို အားဖြည့်ပေးပြီး၊ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်နှင့် ကလေးငယ်များအတွက် အနုအာဟာရဓာတ်များ ကြွယ်ဝသည့် တိုင်းရင်းငါးငယ်လေးများ တစ်ကောင်လုံးစားသုံးခြင်းသည် ကောင်းမွန်ကြောင်းကို အလေးပေး ဖော်ပြခဲ့သည်။
ဤအစီအစဉ်တွင် ငါးငယ်လေးများချက်ပြုတ်ခြင်းပြိုင်ပွဲ ပြုလုပ်ပေးခြင်းဖြင့် သက်ဝင်လှုပ်ရှား၊ ပျော်ရွှင်စဖွယ်ဖြစ်စေသည့်အပြင် တက်ရောက်လာသူများမှ ၎င်းတို့၏အိမ်နီးချင်းများကို အသိပညာများ မျှဝေပေးနိုင်မည်ဖြစ်ပြီး မိမိကိုယ်တိုင် ဘဝတွင် လိုက်နာကျင့်သုံးသွားစေရန် ဖြစ်သည်။ ထို့အပြင် ကလေးငယ်များ ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှုသေချာစေရေးအတွက် အလွန်အရေးကြီးသော သန္ဓေသားဖြစ်တည်ချိန်မှစ၍ မွေးဖွားပြီး (၂) နှစ်သားအထိ ရှေးဦးရက် ၁၀၀၀ အတွင်း အဓိကသတင်းစကားများလည်း မျှဝေခဲ့သည်။ တက်ရောက်လာသူများအကြား အစားအစာဘေးကင်းလုံခြုံမှုအလေ့အကျင့်ကောင်းများနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုများ လိုက်ပါဆောင်ရွက်ခြင်းကိုအားပေးရန်၊ ငါးရောင်းချသူများအတွက် ငါးကိုင်တွယ်ခြင်းအလေ့အကျင့်ကောင်းများ နှင့် စနစ်တကျလက်ဆေးခြင်းနည်းလမ်းများကိုလည်း အဖွဲ့သားများမှ လက်တွေ့ပြသခဲ့သည်။

တီလားပီးယားအမြောက်အများထုတ်လုပ်ခြင်း နှင့် ငါးအထီး/အဖို အဖြစ်ပြောင်းလဲခြင်းနည်းပညာသင်တန်း နမ်ဆိုင်မွေးမြူရေးစခန်း ထိုင်းနိုင်ငံ မျိုးရိုးဗီဇမြှင့်ထားသည့်တီလားပီးယား (GIFT) ထုတ်လုပ်ခြင်း ပြည်တွင်းပြည်ပ စျေးကွက်ချိတ်ဆက်မှုများတိုးမြှင့်ရန်၊ ဝင်တွေတိုးငါးမွေးမြူရေးစီမံကိန်း၏ ငါးသားပေါက်စခန်းနှင့် ပြုစုစခန်းတွင် အဓိကလုပ်ဆောင်နေသည့် တောင်သူများနှင့် WorldFish ကွင်းဆင်းဝန်ထမ်းများသည် ဤသင်တန်းကို ၂၀၂၂ ဩဂုတ်လ ၁၇ မှ ၂၆ အထိ ထိုင်းနိုင်ငံ နမ်ဆိုင်မွေးမြူရေးစခန်းတွင် စုစုပေါင်း ၁၃ ဦး (မ=၃၊ ကျား=၁၀) တက်ရောက်ခဲ့သည်။ ငါးအထီး/အဖိုအဖြစ်ပြောင်းလဲထားသောတီလားပီးယား (SRT) ကို ဒေသတွင်းထုတ်လုပ်ရောင်းချခြင်းသည် မြန်မာနိုင်ငံ၏ ဒေသတွင်း ဝယ်လိုအားကို အဓိက ဖြည့်ဆည်းပေးပြီး၊ အထူးသဖြင့် နိုင်ငံရေးအခက်အခဲများအကြား စျေးနှုန်းမြင့်မားပြီး ဝယ်ယူရန်ခက်ခဲသည့် ပြင်ပကုမ္ပဏီများကို အားကိုးရန်မလိုတော့ပါ။ သင်တန်းရရှိထားသည့် ကိုယ်ပိုင် သားပေါက်စခန်းနှင့် ပြုစုစခန်းများမှ တောင်သူများသည် ပြင်ပမှ ကျွမ်းကျင်ပညာရှင်များ၏ နည်းပညာအထောက်အပံ့များ ရရှိခြင်းဖြင့် ငါးမျိုး အထီး/အမများ၏ အရည်အသွေးကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ ဒေသတွင်းဝယ်လိုအားကို ရေရှည်တည်မြဲစွာ ဖြည့်ဆည်းပေးရန်အတွက် အရည်အသွေးကောင်းမွန်သည့် မျိုးရိုးဗီဇမြှင့် တီလားပီးယား (GIFT) ငါးထီးများ ထုတ်လုပ်ခြင်းကို ပိုမိုတိုးမြှင့်စေမည်ဖြစ်သည်။
အတွေ့အကြုံနှီးနှောဖလှယ်ခြင်းနှင့် စျေးကွက်စနစ် ဆွေးနွေးပွဲ
ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ လှုပ်ရှားဆောင်ရွက်မှုများ ပိုမို ထိရောက်ကောင်းမွန်စွာဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်လက်တွဲဆောင်ရွက်နေသည့် တောင်သူများ နှင့် ကွင်းဆင်းဝန်ထမ်းများအကြား ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြခြင်းကိုအားပေးသည့် ဆွေးနွေးပွဲကို ကချင် နှင့် ရှမ်းပြည်နယ် ဒေသများတွင် ၂၀၂၂ ဩဂုတ်မှ စက်တင်ဘာအထိ ကျင်းပခဲ့သည်။ တစ်ပိုင်တစ်နိုင် ငါးမွေးတောင်သူများ၊ သားပေါက်စခန်းနှင့် ပြုစုစခန်း တောင်သူများ၊ ငါးအစာထုတ်လုပ်သည့်တောင်သူများ၊ ငါးရောင်းချသည့် စျေးသည်များ စုစုပေါင်း ၁၁၁ ဦး (မ=၃၀, ကျား=၈၁) တက်ရောက်ခဲ့ပြီး၊ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည့်လုပ်ငန်းများ၊ ပိုမို တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရန် လိုအပ်နေသည့်လုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့သည်။ ဤဆွေးနွေးပွဲမှ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ နောင်လာမည့်ခုနှစ်များတွင် အကောင်အထည် ဖော်ဆောင်ရွက်ဖြေရှင်းပေးနိုင်မည့် ငါးထုတ်လုပ်မှုနှင့် အာဟာရ ဆိုင်ရာရှုထောင့်မှ အဓိကအခက်အခဲ အဟန့်အတားများ ကွင်းအထောက်အထားများရရှိခဲ့သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026