ကြက်သွန်နီ သိုလှောင်နည်း
ကြက်သွန်နီဥများကို မသိုလှောင်မီ အနာအဆာ အပဲ့အရွဲ့ကင်းစင်သော အရောင်အဆင်းကောင်းမွန် သော ဥများရရန် အလုပ်သမားငှား၍ ရွေးချယ်ရသည်။ အူတိုင်ပွသောဥများနှင့် မိတ်ဖြတ်လည်ပင်း ကြီးနေသော ဥများကိုဖယ်ထုတ်၍ ချက်ချင်းရောင်းပစ်ရမည်။
ခရီးဝေးပို့မည့် အစီအစဉ်ရှိပါကလည်း ကျဲကျဲယက်ထားသော ဂုံနီအိတ်များ၌ အပြည့်ထည့်၍ လုံအောင်ချုပ်၍ ပိုးပေးသင့်သည်။ အပြည့်မထည့်မိပါက လှုပ်ရှားမှုကြောင့် ဒဏ်ရာရတတ်သည်။
ကောင်းစွာရွေးချယ်သန့်စင်ပြီးသော ကြက်သွန်ဥများကို သိုလှောင်ရသည်။ ကြက်သွန်သိုလှောင်ရုံကို သီးခြားစီစဉ်ဆောင်လုပ်ကြသည်။ သိုလှောင်ရုံအဆင့်များကို ဝါးကြမ်းကျဲကျဲခင်းရသည်။ အကာအရံများကို လေဝင်လေထွက်ကောင်းရန် ဝါးတန်း မစိပ် မကျဲ ရိုက်ကြသည်။ မိုးပက်မည့်ဘက်ကို လုံအောင် ကာရံပေးရသည်။ အစိုဓာတ်များတတ်သည့် မြေပြင်ပေါ်၌ ထား၍ လုံးဝမသိုလှောင်သင့်ချေ။
ကြက်သွန်သိုလှောင်ရုံရှိ အဆင့်များပေါ်တွင် ကြက်သွန်ဥများကို (၃-၆) လက်မခန့်ထူအောင် ညှိခင်း သိုလှောင်ရသည်။ ထူအားကြီးလျှင် လေဝင်လေထွက်ညံ့၍ ဥပုပ်ကာ အနံ့အသက်ဆိုးများ ဖြစ်လာတတ်သည်။
ရွှေဖလားမျိုးသည် သိုလှောင်ရာ၌ အဆင်အပြေဆုံးဖြစ်သည်။ ဘောက်စောက်မျိုးမှာ လည်ပင်းသွယ်၍ အခြောက်ခံရာ၌လည်း ကြာပြီး သိုလှောင်ရာ၌ ရွှေဖလားမျိုးလောက် မကောင်းချေ။
ကြက်သွန်နီ သိုလှောင်နေစဉ်ကာလ၌ အပြင်ခွံများကျွတ်လာတတ်သည်။ အပြင်ဘက်ဆုံးအလွှားများမှ ရေဓာတ်များ လျော့ပါးလာကာ တဖြည်းဖြည်းနှင့် ခြောင်သွေ့ကာ အခွံဘဝသို့ ပြောင်းလဲသည်။ ရက် (၃၀) ခန့်ရှိတိုင်း တစ်ခွံတစ်ခွံကျွတ်နေသည်ဟု သိရသည်။ ထို့ကြောင့် သိုလှောင်စဉ်ကာလ၌ မူလထား ရှိသောအလေးချိန်မှ သဘာဝအတိုင်း အလေးချိန်လျော့လျော့လာရခြင်းဖြစ်သည်။
ကြက်သွန်နီသိုလှောင်ရုံကို နှစ်လတစ်ခါ သန့်ရှင်းရေးလုပ်ပေးသင့်သည်။ အဆံချောင်ခြင်းနှင့် ဥပုပ်ခြင်း တွေ့ရှိရပါက ကောက်ယူရှင်းလင်းပေးသင့်သည်။
စိုးမြင့်ဒွဏ်း (အာယုဗ္ဗေဒ-ဂုဏ်ထူး)
ကြက်သွန်နီအကြောင်းသိကောင်းစုံလင်စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
စောငြိမ်းချမ်း
လွန်ခဲ့သော ၅ နှစ် ကအူတိုင်ပွတာနဲ့ မိတ်ဖြတ်လည်ပင်းကြီးတယ်ဆိုတာ ပုံပြပေးလို့ရလားဗျ
ဆက်စပ်ဆောင်းပါးများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းနက်ဘယ်ဈေးပေါက်နေပြီလဲဗျ
yarzar • ဖြေကြားချက် 0 ခု
ကုလားပဲ
TSM • ဖြေကြားချက် 1 ခု
ရော်ဘာ
win le oo • ဖြေကြားချက် 1 ခု
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • ဖြေကြားချက် 1 ခု
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....