အရေးကြီးလာပြီဖြစ်သော ရိတ်သိမ်းချိန်လွန်နည်းပညာ (၂/၂)
ဟင်းသီးဟင်းရွက်သစ်သီးဝလံများ ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက် တလျှောက်ရှိ လုပ်ငန်းစဉ်များကို နောင်လာမည့်နှစ်များတွင် တစ်နှစ်ထက် တစ်နှစ် နှစ်စဉ် တင်ပို့လုပ်ကိုင် သွားရမည့်လုပ်ငန်း ဖြစ်သကဲ့သို့ စျေးနှုန်း ကိုယ့်စိတ်ကြိုက် ရောင်းချနိုင်စေရန်လည်း စိုက်ပျိုးရေး နည်းစနစ်ကောင်းများဖြင့် ဆောင်ရွက်သွား ရမည် ဖြစ်ပါသည်။ ထို့အပြင် လုပ်ငန်း အောင်မြင်ရေး အတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များ၊ တင်ပို့ရောင်းချသူများ အနေနှင့်လည်း လုပ်ငန်းအောင်မြင်ရေး၊ အရည်အသွေးမီ သီးနှံများ တင်ပို့နိုင်ရေး၊ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရေး၊ အန္တရာယ် ကင်းသော သီးနှံ ထုတ်လုပ်နိုင်ရေး တို့အတွက်၊ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ၊ ခေတ်မီကိုင်တွယ် နည်းစနစ်များ၊ ထုတ်ပိုးနည်းစနစ်များ၊ သိုလှောင်မှုနည်းပညာများ၊ အဆင့်အတန်း ခွဲခြားခြင်းနည်း ပညာများ၊ ပိုးမွှားရောဂါ ကာကွယ်ရေး နည်းပညာများ စသည့် လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုက်နာရန် အရေးကြီးပါသည်။ ထိုသို့ လိုက်နာဆောင်ရွက်နိုင်ပါမှ မိမိတို့၏ သီးနှံများ လေလွင့်ဆုံးရှုံးမှု နည်းကာ အရည် အသွေးကောင်း၍ စျေးကောင်းရရှိမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် သီးနှံအမျိုးမျိုး၏ ရိတ်သိမ်းပြီးနောက်ပိုင်း ခန့်မှန်းခြေ ဆုံးရှုံးမှု များမှာ ပျှမ်းမျှ (၄ မှ ၄၀)% အထိရှိပါသည်။ လက်ရှိအခြေအနေတွင် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုများသည် နေရာဒေသ ၊ သီးနှံမျိုးကွဲများနှင့် ရာသီတုအခြေအနေ အချိန်အခါ များပေါ် မူတည်၍ကွဲပြားပါသည်။ သီးနှံအမျိုးမျိုး၏ ရိတ်သိမ်းစဉ်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ ဆုံးရှုံးမှုများကို ရိတ်သိမ်းချိန်၊ သယ်ယူပို့ဆောင်ချိန်၊ ခြောက်သွေ့ချိန်၊ ချွေလှေ့ချိန်၊ သိုလှောင်ချိန်၊ လက်လီလက္ကား ကုန်သည်ပွဲစားများ ကိုင်တွယ်ချိန်များတွင် တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၏ ဆုံးရှုံးမှုများမှာ (၄၀ မှ ၅၀)% အထိရှိပြီး စပါးတွင် (၅.၆ မှ ၂၀.၉)% နှင့် ပဲမျိုးစုံတွင် (၄.၆ မှ ၆.၆)% အသီးသီးရှိပါသည်။

လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ရိတ်သိမ်းချိန်လွန်လုပ်ငန်းစဉ်တွင် ပါဝင် သူများသည် အသိရှိရှိ သတိမြဲမြဲဖြင့် မိမိထုတ်ကုန် သီးနှံများကို အောက်ပါ အတိုင်း လိုက်နာဆောင်ရွက်သင့်ပါသည်။
- (၁) ရိတ်သိမ်းချိန်တွင် မိမိသီးနှံအလိုက် အလေအလွင့်အနည်းဆုံး ဖြစ်စေရန် စီမံဆောင်ရွက်ပါ။
- (၂) မိမိသီးနှံအလိုက် ရိတ်သိမ်းပြီးနောက်ပိုင်း စျေးကွက်မပို့ခင် အချိန် အရိပ်အောက် တွင် စနစ်တကျ ထားသိုပါ (အခင်းအကာလုပ်နိုင်က ပိုကောင်းပါသည်။)
- (၃) မိမိသီးနှံအလိုက် သင့်တော်သော ရွေးချယ်ခြင်းစနစ်ကို လိုက်နာဆောင်ရွက်ပါ။
- (၄) မိမိသီးနှံအလိုက် သင့်တော်သည့် ထုပ်ပိုးပုံစံများဖြင့် ထုပ်ပိုးပါ(ထုပ်ပိုးရာတွင် လည်း ထုပ်ပိုးခြင်းစနစ်ကို လိုက်နာဆောင်ရွက်ပါ၊ ထုပ်ပိုးသည့်လုပ်သားများကို လည်း ကျွမ်းကျင်သည့်လုပ်သားများကို စနစ်တကျ ဆောင်ရွက်နိုင်စေရန် စီမံပေးပါ)။
- (၅) သယ်ဆောင်ရာတွင် လှည်းများ၊ ထော်လာဂျီများ၊ ကားဖြင့် သယ်ဆောင်ခြင်း၊ အချို့နေရာများတွင် ဆိုင်ကယ်ဖြင့်သယ်ဆောင်ခြင်း ရှိကြပါသည်။ ဝန်နှင့်အား မျှတစွာ သယ်ဆောင်ပါ သီးနှံများ ရောနှော သယ်ဆောင်ခြင်း၊ အထပ်ထပ် ဖိနှိပ် သယ်ဆောင် ခြင်း၊ ပြစ်ချခြင်းများ မပြုလုပ်မိစေရန် စီမံဆောင်ရွက်ပါ။
- (၆) မိမိသီးနှံအလိုက် ရောင်းချရန် စျေးကွက်ပို့ပြီး ကျန်ရှိနေသည့် သီးနှံ အနည်းငယ် ထိခိုက်သည့် သီးနှံများကို ပြုပြင်မွမ်းမံသည့် တန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်ခြင်း ဖြင့်လည်း ဆုံးရှုံးမှုကိုကာကွယ်စေပါသည်။ (ဥပမာ- သရက်ပြင်၊ သရက်ခြောက်၊ ကြက်သွန်ခြောက်၊ ဖရဲသီးဖျော်ရည်၊ သခွားမွှေးသီးယို) စသည်ဖြင့် ဆောင်ရွက်နိုင်ပါ သည်။
ထပ်မံ၍ ဟင်းသီးဟင်းရွက်သစ်သီးဝလံများ ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက် တလျှောက် လေလွင့်ဆုံးရှုံးမှုရော့နည်းစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်း သိစေချင်ပါသည်။ ၎င်းတို့မှာ
- ၁။ ရာသီဥတုအေးသောအချိန်တွင် ခူးဆွတ်ခြင်း
- ၂။ ဂရုတစိုက် ခူးဆွတ်ခြင်း
- ၃။ သယ်ယူပို့ဆောင်စဉ်ကာလအတွင်း ဂရုတစိုက် ဆောင်ရွက်ခြင်း/ သယ်ယူပို့ဆောင် သည့် စနစ်ကောင်းအောင် ဆောင်ရွက်ခြင်း
- ၄။ ရာသီဥတုအေးသောအချိန်တွင် သီးနှံစုဆောင်းခြင်း
- ၅။ ထုတ်ပိုးစနစ်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း
- ၆။ သိုလှောင်သောနေရာတွင် အစိုဓါတ်ရှိအောင်ဆောင်ရွက်ခြင်း
- ၇။ တကိုယ်ရေသန့်ရှင်းမှုရှိအောင် ဆောင်ရွက်ခြင်း
- ၈။ စားသုံးသူများ လိုအပ်သလိုဝယ်ယူခြင်းနှင့် စားသုံးသူများ အရည်အသွေးကောင်း သီးနှံများ ဝယ်ယူသုံးစွဲခြင်း တို့ဖြစ်ပါသည်။
ရောင်းဝယ်ဖောက်ကားစဉ်ထိခိုက်ဒါဏ်ရာရရှိခြင်း
ရိတ်သိမ်းချိန်လွန်နည်းပညာ လုပ်ငန်းစဉ်များကို ယခင်က စပါးနှင့် နှံစားသီးနှံ များ၊ ပဲမျိုးစုံတို့အတွက် စီးပွားကူးသန်း ဝန်ကြီးဌာန မှ တာဝန်ယူဆောင်ရွက် ခဲ့သော်လည်း ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသည့် ကိုရီးယားနိုင်ငံ (KOICA) အထောက်အပံ့ဖြင့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း ကျောင်းကို ၂၀၁၄ ဒီဇင်ဘာ ၂၃ရက်နေ့ ကဖွင့်လှစ်ခဲ့ပြီး ရိတ်သိမ်းချိန်လွန် လုပ်ငန်းစဉ် တွင် ပါဝင်သူများအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျှက်ရှိကြောင်းလည်း သိရှိရပါ သည်။
သို့ပါသောကြောင့် စိုက်ပျိုးထုတ်လုပ်သူများ၏ မိသားစု ဝင်ငွေတိုးမြင့်စေ၍ ဆင်းရဲနွမ်းပါမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်မှ တွန်းအားပေး ဆောင်ရွက်ရာတွင် မိမိတို့ဘက်မှလည်း တတ်စွမ်းသမျှ ပါဝင်၍ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ အရင်းအနှီး (ချေးငွေ/ အထောက်အပံ့ရရှိမှု)၊ နည်းပညာ ပြောင်းလဲကျင့်သုံးမှု၊ စျေးကွက်ခိုင်မာမှု၊ ထုတ်ကုန်အရည်အသွေးမြင့်မားမှု စသည့်လိုအပ်ချက်များကို နိုင်ငံတော်နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအားလုံး ညီညွတ်စွာဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း စိုက်ပျိုးရေး လုပ်ငန်းဖြင့် နိုင်ငံခြားဝင်ငွေတိုးတက်အောင် ဆောင် ရွက်၍ မိမိစီပွားရေးလုပ်ငန်းကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ဝါရွှေမိုးအေး
ကျမ်းကိုးစာရင်း
- တင်ဥမ္မာဝင်း (ဒေါက်တာ ) ၂၀၁၂ ရိတ်သိမ်းချိန်လွန်နည်း ပညာများကိုတောင်သူများ အသုံးချနိုင်မှု အခြေအနေသင်တန်းမှတ်စု လယ်/ဆည် ဝန်ကြီးဌာန၊
- အောင်ဆန်း(စိုက်ပျိုးရေး) ၂၀၁၁ ၊ သိုလှောင်သီးနှံမပျက်စီးအောင် စနစ်တကျ သိုလှောင် (လယ်ယာစီးပွားဂျာနယ်) - အမှတ်စဉ် ၅၆၃
- လယ်/ဆည် ဝန်ကြီးဌာန ၂၀၁၄၊ မြန်မာ GAP (ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ)
ဓာတ်ပုံ - ဝါရွှေမိုးအေး
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
နှမ်းနက်ဘယ်ဈေးပေါက်နေပြီလဲဗျ
yarzar • ဖြေကြားချက် 0 ခု
ကုလားပဲ
TSM • ဖြေကြားချက် 1 ခု
ရော်ဘာ
win le oo • ဖြေကြားချက် 1 ခု
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • ဖြေကြားချက် 1 ခု
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026