ကြိုတင်အအေးခံခြင်းနည်းပညာ (သို့မဟုတ်) ရိတ်သိမ်းပြီးသီးနှံများ၏ ကွင်းထဲမှပါလာသောအပူများကို ဖယ်ရှားခြင်း
ကြိုတင်အအေးခံခြင်းဆိုသည်မှာ သီးနှံများ ရိတ်သိမ်းပြီးနောက်တွင် ကွင်းထဲမှပါလာသော အပူဓာတ်များကို အလျင်အမြန်ဖယ်ရှားခြင်းကို ဆိုလိုသည်။ ကွင်းထဲမှပါလာသော အပူဆိုသည်မှာ ပုံမှန် သီးနှံများသိုလှောင်သိမ်းဆည်းသော အပူချိန်နှင့် သီးနှံများ ကွင်းထဲမှ ရိတ်သိမ်းလျှင်ရိတ်သိမ်းပြီးချင်း ပါလာသော အပူချိန်ကြား ကွာဟချက်ကို ဆိုလိုပါသည်။ ရိတ်သိမ်းပြီးနောက် သီးနှံများတွင် ကွင်းပါလာသော အပူဓာတ်များကို အမြန်ဆုံးဖယ်ရှားရန်လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အပူဓာတ်များ မဖယ်ရှားခဲ့ပါက သီးနှံသက်တမ်း အနည်းဆုံး (၁) ရက်နည်းသွားနိုင်သောကြောင့်ဖြစ်သည်။ ကြိုတင်အအေးခံခြင်းကို ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် ပန်းမန်များတွင် အများဆုံးနှင့် အမြန်ဆုံး ပြုလုပ်ပေးရန်လိုအပ်ပါသည်။
ကြိုတင်အအေးခံခြင်းကို ပြုလုပ်ပါက ရရှိနိုင်မည့် အကျိုးကျေးဇူးများ
• သိုလှောင်သိမ်းဆည်းသောအခါတွင် သိုလှောင်သိမ်းဆည်းရန် သင့်တော်သော အပူချိန်ကို အလျင်အမြန်ရရှိစေသောကြောင့် သိုလှောင်အအေးခန်း၏ လုပ်အား ဝန်အားကို လျော့နည်းစေခြင်း။
• သီးနှံ၏ အသက်ရှူမှုဖြစ်စဉ်များ၊ သီးနှံ၏ အလေးချိန်များနှင့် အင်ဇိုင်းလှုပ်ရှားမှုများကို ကန့်သတ်လျော့ချပေးသောကြောင့် သီးနှံများ ပျော့သွားခြင်း၊ ညှိုးသွားခြင်းနှင့် ရေဓာတ်ဆုံးရှုံးခြင်းများ မဖြစ်စေတော့ပါ။
ဘက်တီးရီးယားများနှင့် မှိုများကဲ့သို့ အဏုဇီဝပိုးမွှားများ၏ ကြီးထွားမှုကို ဟန့်တားပေးသောကြောင့် ပုပ်သိုးဆွေးမြေ့မှုကို လျော့နည်းစေခြင်း။
• အီသိုင်လင်းထုတ်လွှတ်မှုနှုန်းကိုလည်း လျော့ချစေခြင်း။
• သီးနှံများ ထိခိုက်ဒဏ်ရာရရှိမှုကို နှောင့်နှေးစေခြင်း။
ကြိုတင်အအေးခံခြင်း နည်းလမ်းများ
ကြိုတင်အအေးခံခြင်းနည်းလမ်း အမျိုးမျိုးရှိသည့်အထဲမှ ကြိုက်နှစ်သက်ရာ နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။
• အရိပ်ထဲတွင် အအေးခံခြင်း
• လေဖြင့် အအေးခံခြင်း
• ရေဖြင့် အအေးခံခြင်း
• ရေခဲဖြင့် အအေးခံခြင်း
• လေဟာနယ်ဖြင့် အအေးခံခြင်း
အရိပ်ထဲတွင် အအေးခံခြင်း
ကွင်းထဲမှ ရိတ်သိမ်းပြီးလာသော သီးနှံများကို အရိပ်ရသောနေရာတွင် တိုက်ရိုက်ပြောင်းရွှေ့ပြီး ကွင်းထဲမှ အပူဓာတ်များကို ဖယ်ရှားရန် နည်းပညာလိုအပ်မှု အနည်းဆုံးနှင့် ကုန်ကျစရိတ်အနည်းဆုံး အရိုးရှင်းဆုံးနည်းလမ်းဖြစ်သည်။ ထုပ်ပိုးသိမ်းဆည်းမည့် နေရာအဆောက်အဦး အတွင်းရှိသော အပူချိန်ကို ၂၀ ဒီဂရီစင်တီဂရိတ်ထိ လျော့ချနိုင်သည်။
လေဖြင့် အအေးခံခြင်း
လေဖြင့်အအေးခံခြင်းဆိုသည်မှာ အထူးပြုပြင်ထားသော အခန်းထဲတွင် လေအေးပေးစနစ်တပ်ဆင်ပြီး အအေးခံခြင်းဖြစ်သည်။ လေဖြင့်အအေးခံခြင်း နှစ်မျိုးရှိသည်။ အခန်းထဲတွင် အအေးဓာတ်လွှတ်ပြီး အအေးခံခြင်းနှင့် အခန်းထဲတွင် လေအားကို အသုံးပြုပြီး အအေးခံခြင်းဖြစ်သည်။
ရေဖြင့် အအေးခံခြင်း
ကွင်းထဲမှ ရိတ်သိမ်းလာသော သီးနှံများကို ရေအေး (သို့မဟုတ်) ရိုးရိုးရေကို အသုံးပြုပြီး ပက်ဖြန်းကာ ကွင်းထဲမှပါလာသော အပူဓာတ်ကို ဖယ်ရှားအအေးခံခြင်းဖြစ်သည်။
ရေခဲဖြင့် အအေးခံခြင်း
သီးနှံလတ်လတ်ဆတ်ဆတ်များမှ အပူဓာတ်ကို ရေခဲကိုအသုံးပြီး ဖယ်ရှားခြင်းနည်းလမ်းဖြစ်သည်။ ရေခဲဖြင့် အအေးခံခြင်း နည်းလမ်း (၄) မျိုးရှိသည်။
• လုပ်အားဖြင့်သော်လည်းကောင်း စက်ကို အသုံးပြုပြီးသော်လည်းကောင်း ရေခဲဖြင့် အအေးခံခြင်း
• ရေခဲနှင့် ရေ ရောထားသော ရေခဲရည်ဖြင့် သီးနှံများကို အအေးခံခြင်း
• ထုပ်ပိုးထားသော သီးနှံများအပေါ်တွင် ရေခဲထုပ်များကို တင်ထားခြင်းဖြင့် အအေးခံခြင်း
• ထုပ်ပိုးထားသော သီးနှံများအကြားတွင် ရေခဲဗူးများကိုထားခြင်းဖြင့် အအေးခံခြင်း
လေဟာနယ်ဖြင့် အအေးခံခြင်း
သတ္ထုထုလုံးရှည် (ဆလင်ဒါ) ထဲတွင် သီးနှံများကိုထည့်ပြီး ဆလင်ဒါအတွင်းရှိ လေထုဖိအားကို လျော့ချပြီး ရေငွေ့ပြန်ခြင်းနှင့် အေးခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေကာ အပူချိန်ကို လျော့ချပြီး အအေးခံခြင်းဖြစ်သည်။
ကြိုတင်အအေးခံခြင်း နည်းလမ်းအမျိုးမျိုးရှိသည့်အနက်မှ နေရောင်ခြည်စွမ်းအင်သုံး အအေးခန်းအကြောင်းကို ဆက်လက်ဖော်ပြသွားပေးပါမည်။
Tin Htut Khaung (B.Agr.Sc)
ဆက်စပ်ဆောင်းပါးများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
နှမ်းနက်ဘယ်ဈေးပေါက်နေပြီလဲဗျ
yarzar • ဖြေကြားချက် 0 ခု
ကုလားပဲ
TSM • ဖြေကြားချက် 1 ခု
ရော်ဘာ
win le oo • ဖြေကြားချက် 1 ခု
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • ဖြေကြားချက် 1 ခု
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026