ဟင်းသီးဟင်းရွက်မျိုးစေ့များအား သိုလှောင်သိမ်းဆည်းခြင်း
ဟင်းသီးဟင်းရွက်များသည် လူတို့အတွက်လိုအပ်သော အဖိုးတန် ဗီတာမင်နှင့် သတ္တုဓာတ်များ ကို ထောက်ပံ့ပေးကြသည့်အပြင် စီးပွားဖြစ်စိုက်ပျိုးနိုင်သော သီးနှံများလည်း ဖြစ်သည်။ စိုက် ပျိုးသူများအနေဖြင့် မိမိတို့စိုက်ပျိုးရရှိသော ဟင်းသီးဟင်းရွက်တို့မှ ရလာသည့် မျိုးစေ့များကို ကိုယ်တိုင် သိုလှောင်သိမ်းဆည်းထားနိုင်ပါက မိမိတို့ဒေသနှင့် ကိုက်ညီသည့် ယုံကြည်စိတ်ချရ သည့် အရည်အသွေးကောင်းဒေသမျိုးများကို အလုံအလောက်ရနိုင်ပြီး မျိုးစေ့အတွက် ကုန်ကျစ ရိတ် လည်း သက်သာနိုင်ပေသည်။
ကောင်းကျိုးများ
- မျိုးစေ့များအား မှန်ကန်နည်းစနစ်ကျသော ပြုပြင်စီမံခြင်းနှင့် သိုလှောင် သိမ်းဆည်းခြင်းသည် မျိုးစေ့များ၏ အစေ့အအညှာက်ပေါက်နှုန်းကို ကောင်းစေသည်။
- မျိုးစေ့စရိတ်သက်သာစေ၍ အမြတ်ပိုမိုရရှိစေသည်။
- ကိုယ်တိုင်သိုလှောင်ထားသဖြင့် လိုအပ်သည့်အချိန်တွင် စိုက်ပျိုးရန်ရရှိနိုင်သည်။
ဆိုးပြစ်များ
- ရောဂါကျနေသော အပင်များဖြစ်ပါက သိုလှောင်မည့်အစေ့များသည် အရည်အသွေး ညံ့၍ ရော ဂါများ လည်း ပျံ့နှံ့နိုင်သည်။
- စပ်မျိုးပင်များမှ ပြန်မျိုးခံရန် မသင့်တော်ပေ။
လိုအပ်သောပစ္စည်းများ
ဓါး၊ ရေခွက်၊ ရေဗူး၊ ရေပုံး၊ ဇကာ၊ ပလပ်စတစ်အစ (သို့) အဝတ်အစ၊ လေလုံသည့် ပုလင်း/ဗူး၊ ရေ။
- ရင့်မှည့် (သို့) ခြောက်သွေ့နေသော အသီး/ အသီးတောင့်
အစေ့များအား ပြုပြင်စီမံခြင်း
(က) မျိုးစေ့အစိုများပါသော အသားထူသည့် အသီး/ အသီးတောင့်အား ပြုပြင်စီမံခြင်း
ဥပမာ - ခရမ်းချဉ်၊ ခရမ်း၊ ဗူးဖရုံသခွား
- ကျန်းမာသန်စွမ်း၍ ရောဂါကင်းသော မိခင်အပင်မှ အလွန်ရင့်မှည့်နေသော အသီးကို ရွေးချယ် ပါ။
- ခွက် (သို့) ဗူး တစ်ခုထဲသို့ အစေ့နှင့် အရည်များကို ညှစ်ချ၍ လုံအောင်တင်းကျပ်စွာ ပိတ်ပါ။
- ၄ - ၇ ရက်ကြာသောအခါ ဗူးအတွင်းရှိ အစေ့နှင့် အရည်များသည် အနည်းငယ် အချဉ်ပေါက် လာမည်။
- ထိုအချဉ်ပေါက်နေသော ဗူးကို ညင်သာစွာလှုပ်ခါ၍ ရေပုံးတစ်ခုထဲသို့ လောင်းချပါ။
- ရေအသန့်ကို ပုံးထဲလောင်းထဲ့လိုက်ပါက အောင်သောအစေ့များသည် ရေထဲတွင်မြုပ်နေ၍ မ အောင်သောအစေ့များသည် ရေပေါ်တွင်ပေါလောပေါ်နေမည်။
- ရေပုံးထဲမှ ရေနှင့် မအောင်သောအစေ့များကို သွန်ချပါ။ အောင်သော အစေ့များ ကျန်ခဲ့ရမည်။
- ၎င်းအောင်သောအစေ့များကို ရေဆေး၍ အဝတ်စထဲတွင် ၂ - ၄ ရက်ကြာ ခြောက်သွေ့အောင် ထားရမည်။
(ခ) မျိုးစေ့အခြောက်များပါသော အသားထူအသီး/ အသီးတောင့်အား ပြုပြင်စီမံခြင်း
ဥပမာ - ငရုတ်၊ ရုံးပတီကဲ့သို့သော ဟင်းသီးဟင်းရွက်များ
- အသီး/ အသီးတောင့်တစ်ခုလုံးအား အဝတ်စထဲထည့်၍ အခြောက်ခံပါ။
- အစေ့များထွက်လာစေရန် အိတ် (သို့) ဖျာပေါ်တွင် ၂ - ၃ ရက်ကြာ ခြောက်သွေ့အောင် ထားပါ။
- အဖျင်းအမှော်များ၊ ပေါင်းစေ့များနှင့် အခြားရောနှောပါဝင်နေသည့် အရာများကို ဖယ်ရှားရန် ပြာလှေ့ သန့်စင်ပါ။
မ
- အသီး/ အသီးတောင့်ကို အိတ်ထဲထည့်၍ အစေ့များထွက်လာအောင် ရိုက်ပုတ်ပါ။
- အစေ့များထွက်လာစေရန် အိတ် (သို့) ဖျာပေါ်တွင် ၂ - ၃ ရက်ကြာ ခြောက်သွေ့ အောင်ထားပါ။
- အဖျင်းအမှော်များ၊ ပေါင်းစေ့များနှင့် အခြားရောနှောပါဝင်နေသည့် အရာများကို ဖယ်ရှားရန် ပြာလှေ့ သန့်စင်ပါ။
အစေ့များအား သိုလှောင်သိမ်းဆည်းခြင်း
မျိုးစေ့အားလုံးအတွက် ဖြစ်ပါသည်။
- ခြောက်သွေ့သောမျိုးစေ့များအား လေလုံသောသံဗူး၊ ပုလင်း စသည်ထဲတွင်ထည့်၍ အေးမြ ခြောက်သွေ့သောနေရာတွင် သိုလှောင်ပါ။
- ဗူး/ ပုလင်းတွင် အပင်အမျိုးအစားနှင့် ရိတ်သိမ်းယူခဲ့သည့် ရက်စွဲကို ရေးမှတ်ထားရမည်။
- အစေ့များအား ခြောက်သွေ့နေစေရန် မီးဖိုမှရသည့် အေးနေသောပြာဖြင့် ရော၍ ထားရမည်။
- အင်းဆက်ပိုးမွှားများရန်မှ ကာကွယ်ရန် မျိုးစေ့ ၁ ကီလိုဂရမ်တွင် တမာပိုးသတ်ဆေးမှုန့် လက် ဘက်စားဇွန်း ၃-၄ ဇွန်းရောနယ်ပါ။
- တမာပိုးသတ်ဆေးမှုန့်အစား ငရုတ်သီးမှုန့်ကိုလည်း အသုံးပြုနိုင်သည်။
ဆောင်ရန်များ
- ကျန်းမာသန်စွမ်းသော အသီးမှရသည့် ရင့်မှည့်ခြောက်သွေ့သော အစေ့ကိုသာ သုံးပါ။
- အစေ့ကိုရေဆေးရာတွင် သန့်သောရေကိုသာ သုံးပါ။
- အစေ့များကို အရိပ်ထဲတွင်သာ အခြောက်ခံပါ။
- ရောဂါကျနေသည်ဟုထင်ပါက ဓာတုဆေးတမျိုးမျိုးဖြင့် စီရင်နိုင်ပါသည်။
- မျိုးစေ့မပြတ်ရရှိနေစေရန် ပုံမှန် စုဆောင်းပါ။
- သိမ်းဆည်းပြီး ၃-၆ လကြာမှ စိုက်ပျိုးပါ။
ရှောင်ရန်များ
- မီးဖိုသုံး၍ အခြောက်မခံပါနှင့်။
- မိုးရာသီတွင် မျိုးစေ့ပြုပြင်စီရင်ခြင်း မပြုလုပ်ပါနှင့်။
- သိုလှောင် သိမ်းဆည်းရာတွင် ၃ နှစ်ထက် မကြာမြှင့်စေရ။
- မသိုလှောင်မီ မျိုးစေ့အား မြေကြီးနှင့် မထိတွေ့ရ။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
(မှတ်ချက်။ ။ "Sustainable Agriculture Extension Manual" ပါ " Storing Vegetable Seeds " ကို သင့်တော်သလို ဘာသာပြန်ရေးသားထားပါသည်။)
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
နှမ်းနက်ဘယ်ဈေးပေါက်နေပြီလဲဗျ
yarzar • ဖြေကြားချက် 0 ခု
ကုလားပဲ
TSM • ဖြေကြားချက် 1 ခု
ရော်ဘာ
win le oo • ဖြေကြားချက် 1 ခု
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • ဖြေကြားချက် 1 ခု
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
More from HanPhyoAung
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....