အစိမ်းရောင်လမ်း
တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်

တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်

Nyi Thway
Nyi Thway Greenovator 26/01/2018

ရော်ဘာဈေးဟာ ရော်ဘာထွက်ရှိရာနိုင်ငံ၏ နိုင်ငံရေးအခြေအနေပေါ်လည်း မှီနေတယ်ဆိုတာ တနင်္လာနေ့က ထိုင်းမှာ ဗုံးပေါက်ကွဲမှုက သာဓကပါပဲ။ ရော်ဘာအထွက်ဆုံးဒေသ ထိုင်းတောင်ပိုင်းက ယာလပြည်နယ်မှာ ဆိုင်ကယ်ဗုံးပေါက်ပြီးနောက် ရော်ဘာဈေးဟာ သောကြာနေ့က ပိတ်ဈေးအတိုင်း တနင်္လာနေ့မှာလည်း အတက် အကျမရှိ ငြိမ်သက်စွာ ဈေးပိတ်သွားတော့တယ်။ တနင်္လာနေ့မှာပဲ TOCOM ဈေးကွက်ရှိ ကုန်သည်တစ်ဦးက " အာရှမှာ ရော်ဘာရောင်းလိုအား တအားများနေတယ်။ ဒီတော့ ရော်ဘာအထွက်ကို ထိခိုက်နိုင်တဲ့ အကြောင်းအရာ မပေါ်မချင်း၊ တစ်နည်းပြောရရင် ရော်ဘာအထွက်မလျော့မချင်း ရော်ဘာဈေးဟာ ရောင်းလိုအားများတဲ့ ဖိအား ဒဏ်ကို ခံနေရမှာပဲ" တဲ့။

ကွာလာလမ်ပူက လာတဲ့သတင်းမှာက၊ ၂၀၁၇ မှာ ကမ္ဘာ့သဘာဝရော်ဘာအထွက် တိုးတယ်တဲ့။ ဒါပေမယ့် ကမ္ဘာ့သဘာဝရော်ဘာအသုံးက ကျဆင်းနေတယ်လို့ ANRPC လို့ခေါ်တဲ့ ကမ္ဘာ့ရော်ဘာထုတ်လုပ်သူများအသင်း ကပြောပါတယ်။ ANPRC ရဲ့အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်မှာ သဘာဝရော်ဘာ ထုတ်လုပ်မှုဟာ ၆.၈% တိုးပြီး မက်ထရစ်တန် ၁၃.၃ သန်းထိရောက်သွားပါတယ်။ ၂၀၁၆ မှာ တန် ၁၂.၄ သန်းထုတ်လုပ်ပါတယ်။ ကမ္ဘာ့ သဘာဝရော်ဘာအထွက်ရဲ့ ၉၀% ခန့်ကို သူတို့အဖွဲ့ဝင်နိုင်ငံများမှထုတ်လုပ်တာလို့ ANRPC ကဆိုပါတယ်။ 

ANRPC ကပဲ ၂၀၁၇ မှာ ကမ္ဘာ့သဘာဝရော်ဘာအသုံးက ၁.၄% မျှသာတိုးပြီး တန် ၁၂.၉ သန်းသာ သုံးစွဲ ပါတယ်လို့ ပြောပါတယ်။ ရော်ဘာကအထွက်တိုးတယ်။ တိုးသမျှကို မဖြုန်းနိုင်ဘူးဆိုရင်တော့ ဈေးကွက်မှာ ပေါလျှံပြီး ဈေးကျဘို့အလားအလာ ဖြစ်စေတာပါပဲ။ ဒါကြောင့် ရော်ဘာကြီး ၃ ကြီးက ဈေးမကျသွားရအောင် အိတ်စပို့လျှော့ချဘို့ လုပ်ကြတာပါပဲ။ 

ဗုဒ္ဓဟူးနေ့မှာတော့ ငွေဈေးက ရော်ဘာဈေးကို လွှမ်းမိုးသွားပြန်တယ်။ ဒေါ်လာနဲ့ယှဉ်တဲ့အခါ ၄ လအတွင်း ယန်းငွေဟာ ဈေးအမြင့်ဆုံးကိုရောက်သွားတဲ့ အတွက်ကြောင့်ပါ။ ယန်းဈေးမြင့်တော့ ယန်းနဲ့သတ်မှတ်ထားတဲ့ ကုန်စည်ကို ဒေါ်လာလို အခြားငွေကြေးနဲ့ဝယ်တဲ့အခါ ဈေးကြီးသွားပါတယ်။ ဒီတော့ ရောင်းအားကျကာ ဈေးလဲ ကျတော့တာပေါ့။ ပြီးတော့အဲဒီနေ့က တရုတ် ရှန်ဟိုင်းမှာလည်း ဈေးကအေးနေတယ်လေ။ တိုကျိုကလည်း ရှန်ဟိုင်းကို မှီနေပြန်တယ်။

နောက်တစ်ခုကလည်း ကွာလာလမ်ပူကလာတဲ့သတင်းပါပဲ။ အကြီးဆုံးကွန်ဒုံးထုတ်လုပ်သူကုမ္ပဏီ Karex ရဲ့ ခန့်မှန်းချက်ပါ။ "ဝယ်လိုအား အတော့်ကိုမကောင်းတော့ ဒီနှစ်အတွင်းမှာ ရော်ဘာဈေးဟာ အတိုင်းအတာတစ်ခု အတွင်း တက်လိုက် ကျလိုက်နဲ့ပဲ ရှိနေမယ်" တဲ့။ 

" ရော်ဘာဝယ်လိုအားက နည်းသွားတယ်။ ဥရောပတို့ အမေရိကတို့မှာလို ရော်ဘာတုကိုအသုံးများလာလို့လေ" Karex အုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် Goh Miah Kiat က Invest Malaysia 2018 ဒီနေ့ ညီလာထံမှာ သတင်းထောက်တွေကိုပြောပါတယ်။ ရော်ဘာတု Synthetic Rubber နဲ့ သဘာဝရော်ဘာကို တွဲစပ်ပြီး သုံးကြရာမှာ တစ်ခုဈေးတက်ရင် တစ်ခုကဈေးကျပါတယ်။ သဘာဝရော်ဘာအသုံးများရင် သဘာဝရော်ဘာ ဈေးတက်ပြီး၊ ရော်ဘာတုဈေးကျတယ်။ အပြန်အလှန်ပေါ့။ ဒီလို ၂ မျိုးတွဲစပ်သုံးတဲ့ ကုန်ထုတ်လုပ်ငန်းက တိုင်ယာလုပ်ငန်းပဲ။ ကားငယ်လေးတွေရဲ့ တိုင်ယာမှာ သဘာဝရော်ဘာအသုံးနည်းပြီး၊ ထရပ်ကားတို့၊ ထွန်စက်ဘီးတို့လို အကြီးစားတွေက သဘာဝရော်ဘာ အသုံးများတယ်။ ဒီတော့ ရော်ဘာဈေးဟာ မော်တော်ယာဉ် ရောင်းအားအပေါ်မူတည်တယ်ဆိုရာမှာ ဘယ်လိုမော်တော်ယာဉ်ရောင်းအားမျိုးလဲဆိုတာ ကြည့်ရသေးတယ်။ 

ရော်ဘာဈေးရဲ့ အမှီသဟဲပြုမှုအချက်တွေက အလွန်စုံလှပါတယ်။

ညီသွေး

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....