တစ်ပါတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်
တိုကျို ရဲ့ TOCOM ဈေးကွက်မှာ တနင်္လာနေ့က ပြီးခဲ့တဲ့ သောကြာနေ့ကအဆက်နဲ့ ဆက်ကျတာ ၂ လနီးပါးအတွင်း အနိမ့်ဆုံးကိုရောက်သွားတော့တယ်။ အာရှဘက်မှာ အရန်ရော်ဘာတွေ ပိုလျှံနေတဲ့ အတွက်ကြောင့်ပါ။ ရော်ဘာဝယ်ထား ပြီးသားတွေ စုပုံနေတော့ ဘယ်သူမှ ထပ်မဝယ်ချင်ကြဘူးလေ။ ဒီတော့ ဈေးမလိုက်ဘူးပေါ့။
အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကိုထင်ဟပ်တဲ့ TOCOM ရော်ဘာဈေးဟာ ထွက်အားကျတဲ့ ရွက်ကြွေရာသီ ပြီးသွား တဲ့နောက် အရှေ့တောင်အာရှဘက်မှ ရော်ဘာအဓိကထွက်တဲ့ နိုင်ငံတွေမှာ ရော်ဘာပိုထွက်လာနေတဲ့အတွက် ရောင်းလို အား များလာမယ့်သဘောကြောင့် ဈေးကျတာလည်းဖြစ်တယ်။
ဂျပန်ဆိပ်ကမ်းမှ အရန်ရော်ဘာပမာဏဟာ မေ ၁၀ ရက်စာရင်းအရ တန်ချိန် ၁၇၀၀၉ တန်ရှိနေတယ်။ လွန်ခဲ့တဲ့နှစ် ဒီအ ချိန်မှာ ၄၀၇၀ တန်ရှိခဲ့တော့ ၄ ဆကျော်များနေတာပါ။ ဒါက Rubber Trade Association of Japan ရဲ့ စာရင်းအရ သိရတာ။
"များသည်ထက်များလာတဲ့ အရန်ရော်ဘာတွေက ရော်ဘာဈေးကို ထိခိုက်ပါတယ်" လို့ ဂျပန်ကုန်သွယ်ရေးအရင်းအမြစ် ကလည်းဆိုတယ်။
TOCOM ရဲ့ နိုဝင်ဘာကန်ထရိုက်ရော်ဘာဈေးဟာ ၁ ယန်းကျကာ ၁၈၄.၉ ယန်း($၁.၆၈)/ကီလိုဂရမ်ဈေးနဲ့ ဈေးပိတ် သွားတယ်။ စောစောပိုင်းမှာ ၁၈၄.၃ ယန်းထိကျသွားသေးတယ်။ ဒါက ဧပြီ ၁၉ ကတည်းကဆိုရင် တနေ့တာအတွင်း အနိမ့်ဆုံးဈေးပေါ့။
ရှန်ဟိုင်းရဲ့ SHFE မှာ အနုတ်အသိမ်းအများဆုံး ကန်ထရိုက်လ စက်တင်ဘာမှာ ရော်ဘာဈေးဟာ ယွမ် ၁၂၀ ကျပြီး ၁၁၄၀၀ ယွမ်/တန်ဈေးနဲ့ ပိတ်သွားတယ်။
အင်ဒိုနီးရှားရဲ့ မော်တော်ဆိုင်ကယ်ရောင်းအားက မေလမှာ လွန်ခဲ့နှစ်ကထက် ၁၀.၉% တက်သွားတာ ယူနစ်ပေါင်း ၅၈၉၃၀၄ ထိရောက်သွားတယ်လို့ တနင်္လာနေ့မှာ စက်မှုအသင်းရဲ့ ထုတ်ပြန်ချက်အရသိရတယ်။ သဘောတရားအရတော့ မော်တော်ယာဉ်ရောင်းအားတက်ရင် တိုင်ယာတွေလည်း အသုံးများလာတဲ့အတွက်ကြောင့် တိုင်ယာထုတ်လုပ်ရာမှာ အဓိ ကဖြစ်တဲ့ သဘာဝရော်ဘာက အဝယ်လိုက်ပြီ ဈေးလိုက်လာရမယ်။ ခုတော့ အဲလိုမဖြစ်ဘူး။
တိုကျိုရော်ဘာ ကြိုရောင်း/ကြိုဝယ်ဈေးဟာ ၂ ရက်ကြာကျနေရာမှ အင်္ဂါနေ့ဈေးပိတ်ချိန်မှာ လမ်းကြောင်းပြောင်းသွား တယ်။ ပြန်တက်သွားတယ်ပေါ့။ ယန်းအားပျော့နေတဲ့ နောက်ခံအကြောင်းရင်းကြောင့်ပါပဲ။ ဒါပေမယ့် အရန်ရော်ဘာ များနေတော့ ရော်ဘာဈေးဟာ လွန်ခဲ့တဲ့နေ့က ဖြစ်ခဲ့တဲ့ ၂ ပတ်အတွင်းအနိမ့်ဆုံးဈေးဝန်းကျင်မှာပဲ ရှိနေတယ်။
အင်္ဂါနေ့မှာ ဒေါ်လာဟာ ယန်းနဲ့ယှဉ်ရာမှာ ၃ ပတ်အတွင်း အမြင့်ဆုံးရောက်သွားတယ်။ အနီးကပ်စောင့်ကြည့်နေတဲ့ ယူအက်စ်-မြောက်ကိုးရီးယား ထိပ်သီးဆွေးနွေးပွဲကြောင့် သူတို့ ၂ ဦးအတွက် တင်းမာမှုတွေလျော့သွားမယ်ဆိုတဲ့ မျှော် လင့်ချက်ကြောင့်ပါ။ ဒေါ်လာတက်တော့ ယန်းကျတယ်။ ယန်းငွေကျတော့ ယန်းငွေနဲ့ သတ်မှတ်ထားတဲ့ ကုန်စည်တွေကို ဒေါ်လာနဲ့ ဝယ်တဲ့အခါ ဈေးသက်သာပါတယ်။ ဒီတော့ အဝယ်လိုက်ပြီး ဈေးပါ လိုက်လာပါတယ်။
တိုကျိုရဲ့ TOCOM မှာ နိုဝင်ဘာကန်ထရိုက်ရော်ဘာဈေးဟာ ၁.၆ ယန်းတက်ကာ ၁၈၆.၅ ယန်း($၁.၆၉)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။
သို့ရာတွင် TOCOM ရော်ဘာဈေးဟာ ၁၈၄.၃ ယန်းဆိုတဲ့ ၂ လအတွင်း အနိမ့်ဆုံးဈေးဝန်းကျင်မှာ ရောင်းဝယ်နေကြဆဲ ပါ။ ဂျပန်နဲ့ အခြားရော်ဘာ အသုံးချတိုင်းပြည်တွေမှာ အရန်ရော်ဘာတွေ ပိုလျှံနေတာကြောင့်ပါပဲ။
" အရန်ရော်ဘာတွေက သိပ်များနေတော့ ဒီအခြေဆိုက်မှာ ရှင်းပါတယ်" လို့ ဂျပန်ကုန်သွယ်ရေး သတင်းရင်းမြစ်က ဆို တယ်။
ရှန်ဟိုင်းရဲ့ ShFE မှာ အနုတ်အသိမ်းအများဆုံး ကန်ထရိုက်လ စက်တင်ဘာရော်ဘာဈေးဟာ ၅ ယွမ်ကျပြီး ၁၁၄၀၀ ယွမ် ($၁၇၈၀)/တန်ဈေးနဲ့ ပိတ်သွားတယ်။
တိုကျို ကြိုရောင်း/ကြိုဝယ်ရော်ဘာဈေးဟာ ဗုဒ္ဓဟူးနေ့မှာ ၂ လနီးပါးအတွင်း အနိမ့်ဆုံးကို ရောက်သွားပြန်တယ်။ ရှန်ဟိုင်း အကျနောက် လိုက်ပါသွားတာပါ။ ထုတ်လုပ်မှုများနေသည့်အထဲ ရော်ဘာအသုံးချနိုင်ငံတွေမှာ အရန်ရော်ဘာတွေ များနေ တာကို စိုးရိမ်ကြတဲ့ အတွက်ကြောင့်ပါ။
တိုကျိုရဲ့ TOCOM ရော်ဘာဈေးကွက်ဟာ စောစောပိုင်းမှာ ယန်း ၁၈၀ ဈေးကိုရောက်ကာ ဧပြီ ၁၈ ကစတွက်ရင် နေ့ တွင်း အနိမ့်ဆုံးဈေးကို ရောက်သွားတယ်။ ရှန်ဟိုင်းရဲ့ ShFE မှာ အနုတ်အသိမ်းအများဆုံး စက်တင်ဘာကန်ထရိုက် ဈေး မှာ ယွမ် ၁၀၆၀၀ ($၁၆၅၅) ထိကျသွားပြီး ၂၀၁၆ ဇူလိုင်မှစလို့ နေ့တွင်းချင်း အနိမ့်ဆုံးဈေးကို ရောက်သွားတယ်။ ဈေးပိတ်တော့ ၁၀၈၃၅ ယွမ်/တန်ဈေးနဲ့ ပိတ်သွားတယ်။
" ဈေးကွက်တခုလုံးဟာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အခြားဆီက ရော်ဘာတွေနဲ့ လွှမ်းနေတယ်" လို့ ဂျပန် ကုန်သွယ်ရေး အရင်းအမြစ်က ဆိုတယ်။
တိုကျိုရဲ့ TOCOM မှာ နိုဝင်ဘာကန်ထရိုက်ဈေးဟာ ၅.၂ ယန်းကျပြီး ၁၈၁.၃ ယန်း($၁.၆၄)/ကီလိုဂရမ်နဲ့ ပိတ်သွားတယ်။ စောစောပိုင်းမှာ ဧပြီ ၁၈ ကစတွက်ရင် အနိမ့်ဆုံးဈေးဖြစ်တဲ့ ယန်း ၁၈၀ ဈေးကို ရောက်သွားသေးတယ်။ ဗုဒ္ဓဟူးနေ့ ကတော့ အကျကြမ်းတဲ့နေ့ပါပဲ။
ကြာသပတေးနေ့မှာလည်း ဆက်ကျပေမယ့် ဗုဒ္ဓဟူးနေ့ကလောက်တော့ မများတော့ပါ။
သောကြာနေ့ ဈေးပိတ်ချိန်မှာတော့ TOCOM မှာ အနည်းငယ်တက်ပြီး ShFE မှာ အနည်းငယ်ကျပါတယ်။
သတင်းအရ ShFE ကို ကိုင်တွယ်ဆောင်ရွက်နေသူတွေက Technically Specified Rubber (TSR)20 ကြိုရောင်း/ ကြိုဝယ် Future ကို သူတို့၏ Exchange မှာ စတင်ဆောင်ရွက်ပေးဘို့ သဘောတူလိုက်ပြီဖြစ်တယ်။ ကန်ထရိုက်ရဲ့ ပေါ်လစီတွေက TSR 20 လိုပဲ အသစ်စတင်တဲ့ ရှန်ဟိုင်း ရေနံစိမ်းရဲ့ ကြိုရောင်း/ကြိုဝယ် စည်းမျဉ်းစည်းကမ်းတွေ အတိုင်းပါပဲတဲ့။ ဆိုလိုတာက နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူတွေပါ ရောင်းဝယ်ခွင့်ပြုမှာဖြစ်တယ်လို့ ShFE ကပြောပါတယ်။ ဒါပေမယ့် စတင်မယ့် နေ့ကိုတော့ မကြေညာရသေးပါဘူး။ ရှန်ဟိုင်းရဲ့ ShFE မှာ လက်ရှိရောင်းဝယ်နေတဲ့ ရော်ဘာ အတန်းအစားတွေက ပြည်တွင်းမှ Sinochem Rubber (SCR WF ) နဲ့ ပြည်ပမှတင်သွင်းတဲ့ Ribbed Smoked Sheet (RSS 3) တို့ပါ။ အခု TSR 20 ကိုထပ်တိုးကုန်သွယ်ကြမယ်။
RSS 3 ကို တိုကျိုရဲ့ Tokyo Commodity Exchange (TOCOM) မှာလည်း ရောင်းဝယ်တယ်။ TSR 20 ကို အဓိက ရောင်းဝယ်နေတာက စင်္ကာပူ Exchange မှာပါ။
ညီသွေး
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from Nyi Thway
အားလုံး