အစိမ်းရောင်လမ်း
တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်

တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက် သုံးသပ်ချက်

Nyi Thway
Nyi Thway Greenovator 04/06/2018

ပြီးခဲ့တဲ့အပတ် တနင်္လာနေ့တုန်းက ၄ လတာအတွင်း အမြင့်ဆုံး (၂၀၀ ယန်း/ကီလိုဂရမ်) ကိုရောက်ခဲ့တဲ့ တိုကျိုမှ TOCOM (Tokyo Commodity Exchange) ရော်ဘာဈေးဟာ ဒီအပတ်တနင်္လာနေ့မှာ ၁၉၃.၄ ယန်းနဲ့ ဈေး ပိတ်တယ်၊ အင်္ဂါနေ့မှာတော့ ၁၉၄.၃ ယန်းနဲ့ အနည်းငယ်ပြန်တက်ပေမယ့်၊ ဗုဒ္ဓဟူးနေ့ကျတော့ ၁၉၂.၀ ယန်း၊ ကြာသပတေးနေ့မှာ ၁၉၀.၉ ယန်းနဲ့ သောကြာနေ့မှာ ၁၈၉.၄ ယန်းအသီးသီးနဲ့ ဈေးပိတ်သွားခဲ့တယ်။ အကျလမ်း ကြောင်းဘက် ပြန်ရောက်လာခဲ့တယ်။ ဒီနေ့ သောကြာနေ့မှာဆိုရင် ၁၉၀ ယန်းအဆင့်အောက်တောင် ရောက်သွား တယ်။ 

ဒီအပတ်အစ ပထမနေ့ဖြစ်တဲ့ တနင်္လာနေ့ ၂၈-၅-၂၀၁၈ ရက်နေ့မှာ TOCOM ရဲ့ ကန်ထရိုက်လ ပြောင်းတယ်။ အောက်တိုဘာကနေ နိုဝင်ဘာကိုစပြောင်းသွားတာ။ TOCOM က future ဈေးကွက်ဆိုတော့ နောင်လာမည့် ၆ လမှာ ဝယ်ထားတဲ့ပစ္စည်းကို အရောက်ပို့ရမယ်ဆိုပြီး ကန်ထရိုက်စာချုပ်ချုပ်ပြီး ရောင်းဝယ်တယ်။ TOCOM မှာ ၆ လမြောက်ကန်ထရိုက်လက အနုတ်အသိမ်းအများဆုံးပဲ။ အခုဆိုရင် နိုဝင်ဘာလပေါ့။ တရုတ်ရှန်ဟိုင်းရဲ့ SHFE (Shanghai  Foreign Exchange) မှာက ဒီလိုမဟုတ်ပြန်ဘူး။ သူတို့မှာက အခုဆိုရင် စက်တင်ဘာလက အနုတ် အသိမ်း အများဆုံးကန်ထရိုက်လပါ။ တနင်္လာနေ့ TOCOM ဈေးကွက်အခြေအနေကို ပြန်ပြောရရင် စောစောပိုင်း မှာ ကျနေပေမယ့် ဈေးအပိတ်မှာ အနည်းငယ်ပြန်တက်ပြီး ပိတ်သွားတယ်။ ပြန်တက်ပေမယ့် ရေနံဈေးကအကျနဲ့ ရှန်ဟိုင်းဘက်မှာ inventories အရန်ရော်ဘာတွေ များနေတာတို့ကြောင့် များများမတက်နိုင်ဘူးလေ။ ရေနံဈေး ကျရင် ရော်ဘာဈေးကျတာထုံးစံပဲ။ သူတို့ ၂ ခုက တိုက်ရိုက်အချိုးကျတယ်။ ဒါကတိုင်ယာထုတ်လုပ်တဲ့ ကုန်ကြမ်း တွေကြောင့်ပါ။ တိုင်ယာလုပ်ရာမှာ သဘာဝရော်ဘာနဲ့ ရော်ဘာတုရောသုံးရတယ်။ အချိုးအားဖြင့် ထက်ဝက်စီ နီး ပါးပဲ။ ရော်ဘာတုကို ရေနံကထုတ်တော့ ရေနံဈေးကျရင် ရော်ဘာတုဈေးကျမယ်။ ဒီတော့သူနဲ့ တွဲသုံးတဲ့ သဘာဝ ရော်ဘာလည်း လိုက်ကျတယ်။  

ဈေးကွက်ကစောင့်ရှောက်ထိန်းသိမ်းထားတဲ့ အရံရော်ဘာတွေများနေရင်လည်း ကုန်သည်တွေက အသစ်ထပ်ဝယ် ဘို့ လက်တွန့်တာလည်း ဓမ္မတာပါပဲ။ လက်ထဲမှာ ပစ္စည်းများပိုလျှံ နေတဲ့နောက် ဘယ်သူထပ်ဝယ်ဘို့ ဇောရှိမှာ လည်းလေ။ ဝယ်လိုအားနည်းတော့လည်း ဈေးကျပြန်တာပေါ့။ တနင်္လာဈေးနေ့ရဲ့ စောစောပိုင်းမှာ ကျနေတာ TOCOM တခုတည်းမဟုတ်ဘူး။ SHFE လည်းကျတာပါ။ ရေနံဈေးအကျကြောင့် သူတို့လိုက်ကျနေတာလေ။ SHFE ဆို ပြန်မတက်နိုင်ပဲ ယွမ် ၁၄၀ တောင်ကျသွားတော့တယ်။ ရေနံဈေးကလည်း သောကြာနေ့ကျတာထက် ထပ်ကျတာကိုး။ ဆော်ဒီနဲ့ ရုရှားတို့က ရေနံထုတ်လုပ်မှု  ကန့်သတ်ထားတာတွေကို လျှော့ပေါ့ပေးဘို့ ဆွေးနွေး ကြလို့ပါ။ အရန်ရော်ဘာကိုကြည့်မယ်ဆိုရင် SHFE မှာ ပြီးခဲ့တဲ့ သောကြာနေ့ကထက် ဝ.၇% တိုးလာတာတဲ့။ 

အင်္ဂါနေ့မှာ TOCOM ရော်ဘာက ၁၉၄.၃ ယန်းနဲ့ အနည်းငယ်ပြန်တက်သလို SHFE မှာလည်း ယွမ် ၁၇၀ တက် ကာ ၁၁၉၃၀ ယွမ်/တန်နဲ့ ဈေးပိတ်တယ်လေ။ 

ဒါပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ အကျနဲ့ ပိတ်သွားပြန်တယ်။ ကျရခြင်း အဓိကအကြောင်းအရင်းက ကမ္ဘာ့စီးပွားရေး ထိပ်သီး ၂ နိုင်ငံရဲ့ ကုန်သွယ်ရေးတင်းမာမှု တဖန်ပြန်ဖြစ်မယ့်သတင်းတွေ တက်လာလို့ပါပဲ။ ဒီ့အပေါ် စိုးရိမ်စိတ် ကြောင့် ဈေးကျရတာပါ။ ပြီးတော့ TOCOM မှာလည်း အရန်ရော်ဘာတွေများနေတာလည်း တကြောင်းကြောင့် ပေါ့။ ရှန်ဟိုင်းဘက်ကိုကြည့်ပြန်ရင်လည်း တိုင်ယာထုတ်လုပ်ရာအဓိကဒေသဖြစ်တဲ့ ကျင်ဒေါင်းမှာ ဒေသတွင်း ထိပ်သီးအစည်းအဝေး ကျင်းပဘို့ရှိတယ်။ အဲဒီမှာ တိုင်ယာထုတ်လုပ်မှု လျှော့ချမယ်ဆိုတဲ့ သတင်းကြောင့် ရော် ဘာဝယ်လိုအား နည်းနေတာကလည်း တကြောင်းကြောင့်ပါပဲ။ 

နှစ်ခုလုံးက ရော်ဘာဈေးကို ဖိအားသက်ရောက်တယ်" တဲ့ Zhao Wenting က ပြောပါတယ်။ သူက Dongwu Future ရဲ့ ဈေးကွက်ဆန်းစစ်သူပါ။

ရွက်ကြွေရာသီလည်းပြီးဆုံး မိုးလည်းရွာပြီဆိုတော့ ရော်ဘာအဓိကထုတ်လုပ်ရာဒေသတွေမှာ ရော်ဘာတွေတအား ထွက်လာတော့မယ်။ 

" ဇွန်လမှာ ရော်ဘာရောင်းလိုအား တအားများမယ်။ Shanghai Cooperation Organisation (SCO) ထိပ်သီး အစည်းအဝေးမတိုင်မီနဲ့ အစည်းအဝေးအတွင်းမှာ တိုင်ယာစက်ရုံတွေကလည်း ထုတ်လုပ်မှုကို လျှော့ချကြမယ်လို့ မျှော်လင့်ရတယ်" လို့ Dongwu Future ရဲ့ဈေးကွက်ဆန်းစစ်သူ Zhao Wenting ကပြောပါတယ်။ ဒီလို သုံး သပ်ချက်အရဆိုရင် ရော်ဘာဈေးက ဘယ်တက်နိုင်တော့မှာလည်း။ 

ဒါနဲ့ ကြာသာပတေးနေ့မှာ ဆက်ကျတယ်။ ဈေးအပိတ်မှာ ၁၉၀.၉ ယန်း/kg ဈေးတဲ့။ တရုတ်နဲ့ အမေရိကန် တို့ကြား စီးပွားရေးတင်းမာမှု ဆက်ရှိနေလို့ပါပဲ။ ကျင်ဒေါင်းညီလာခံသတင်းကြောင့် ဝယ်အားကျတော့ ရှန်ဟိုင်း ရော်ဘာဈေးကျတယ်။ အဲသည်အကျနောက် TOCOM လည်း လိုက်ကျတယ်။ တရုတ်-ယူအက်စ် ကုန်သွယ်ရေး တင်းမာမှု အသစ်တဖန်ပြန်ဖြစ်လာတဲ့သတင်းက ရော်ဘာဈေးကို သက်ရောက်နေတုန်းပါ။ တရုတ်ရဲ့ သွင်းကုန် ဒေါ်လာ ၅၀ ဘီလီယံဘိုးကို အခွန်တိုးကောက်မယ်လို့ ကြုံးဝါးနေဆဲပါလို့ အိမ်ဖြူတော်က ပြောကြားပြီးနောက်၊ ဝေါရှင်တန်ကသာ ကုန်သွယ်ရေးစစ်ပွဲကို မီးမွှေးမယ်ဆိုရင် သူတို့ရဲ့ အကျိုးစီးပွားကိုကာကွယ်ရမှာပဲလို့ တရုတ်က ပြောလိုက်တယ်လေ။ 

ဒီလိုနဲ့ပဲ ကုန်သွယ်ရေးစစ်ပွဲဖြစ်မှာကို စိုးရိမ်စိတ်၊ ရေနံဈေးအကျနဲ့ အရန်ရော်ဘာများနေသည့်ကြား ရော်ဘာ အထွက်တိုးချိန်မှာ ဝယ်လိုအားကကျနဲ့ သောကြာနေ့မှာ ရော်ဘာဈေးဟာ TOCOM မှာ ၁၈၉.၄ ယန်း/kg နဲ့၊ SHFE မှာ ၁၁၆၇၀ ယွမ်/တန်သာ ရှိတော့တယ်။

ညီသွေး

 

 

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....