တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်
ခုတလောမှာ တိုကျိုရဲ့ TOCOM ရော်ဘာဟာ ၂ နှစ် အတွင်း(၂၄ လအတွင်း) အနိမ့်ဆုံးဈေးနဲ့ သိပ်မကွာလှပဲ အရောင်းအဝယ်ဖြစ်နေခဲ့တယ်။ ဂျပန်ဗဟိုဘဏ် Bank of Japan က ၃ လတစ်ကြိမ် quarterly လုပ်တဲ့ tankan လို့ အတိုကောက်ခေါ်တဲ့ ကုန်ထုတ်လုပ်ငန်းကြီးများ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု စစ်တမ်းမှာ လွန်ခဲ့တဲ့ ၃ လ ဇွန်လမှာ ဆိုးဝါးခဲ့တယ်လို့ ဈေးကွက်အရင်းအမြစ်တွေကဆိုတယ်။
ကုန်ထုတ်လုပ်ငန်းကြီးတွေရဲ့ အညွှန်းကိန်းဟာ ဂျပန်စီးပွားရေးတိုးတက်မှုနှုန်းကို ပြတဲ့ မီတာတံပဲတဲ့။
ဒါနဲ့ တိုကျိုရဲ့ TOCOM မှာ ဒီဇင်ဘာ ကန်ထရိုက်ရော်ဘာဈေးဟာ ၂.၅ ယန်းကျကာ ၁၇၃.၈ ယန်း ($၁.၅၇)/တန်ဈေးနဲ့ ပိတ်သွားတယ်။
နောက်တစ်နေ့ အင်္ဂါနေ့မှာ တိုကျိုကစံထားတဲ့ ရော်ဘာကန်ထရိုက်ဈေးမှာ ဆက်ကျတာ တစစ်ပတ်အတွင်းအနိမ့်ဆုံးကိုရောက်သွားတာပဲ။ ယူအက်စ်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးတင်းမာမှုကြောင့် ထိခိုက်မယ့်အရေး ဆက် လက်စိုးရိမ်လာလို့ပါပဲ။ ပြီးတော့ ရော်ဘာစတော့ကလည်း တရုတ်မှာကော ဂျပန်မှာပါ များပြားနေတာကိုးလို့ အကြောင်းပြတယ်။
အခွန်အကောက်တိုးကောက်ကြဘို့ နှစ်နိုင်ငံကြား ခြိမ်းခြောက်နေကြတာနဲ့ တင်းမာမှုအရှိန်က မြင့်တက်လာနေတယ်။ တရုတ်ရဲ့ တရားမျှတမှုမရှိတဲ့ ကုန်သွယ်ရေးအကျင့်ကို အကြောင်းပြပြီး လာမည့် သောကြာနေ့ (၆-၇-၂၀၁၈) မှာ ထရမ့်အစိုးရက နောက်ထပ်တရုတ်ရဲ့ ၃၄ ဘီလီယံဘိုး ကုန်တွေကို အခွန်စည်းကြပ်ဘို့ ညွှန်ကြားလိုက်တယ်။ တရုတ်သွင်းကုန် ဘီလီယံ ၄၅၀ ထိ ဂျူတီဆက်တိုးကောက်ဘို့လည်း ခြိမ်းခြောက်လိုက်တယ်။
ပြီးတော့ အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို အဆုံးအဖြတ်ပြုတဲ့ တိုကျိုရဲ့ TOCOM ရော်ဘာဈေးဟာ တရုတ်နဲ့ ဂျပန် ၂ နိုင်ငံလုံးမှာ ရော်ဘာစတော့တွေပိုလျှံနေတဲ့စိုးရိမ်စိတ် လဲရှိနေတယ်။
" တရုတ်နဲ့ ယူအက်စ်တို့ရဲ့ ကုန်သွယ်ရေးတင်းမာမှုက စက်မှုလုပ်ငန်းတွေနဲ့ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ရော်ဘာအသုံးချမှုကို နှေးကွေးနိမ့်ကျသွားစေတယ်" လို့ဂျပန်ကုန်သွယ်ရေးအရင်းအမြစ်ကဆိုတယ်။ ဒီတော့ ဈေးကျတာမဆန်း။
တိုကျိုရဲ့ TOCOM မှာ ဒီဇင်ဘာလကန်ထရိုက်ဈေးဟာ ၁.၅ ယန်းကျပြီး ၁၇၂.၃ ယန်း($၁.၅၅)/ကီလိုဂရမ်ဈေးနဲ့ပိတ်သွားတယ်။ စောစောပိုင်းမှာ ဇွန် ၂၆ ကစတွက်ရင် အနိမ့်ဆုံးဖြစ်တဲ့ ၁၇၀.၄ ယန်းကိုရောက်သွားခဲ့သေးတယ်။
တိုကျိုရဲ့ စံထားတဲ့ ကန်ထရိုက်ရော်ဘာဈေးဟာ ဗုဒ္ဓဟူးနေ့မှာလည်း ကျတယ်။ ၅-၇-၂၀၁၈ ကြာသပတေးနေ့မှာလည်း ဆက်တိုက် ၄ ရက်မြောက်အဖြစ် ကျပါတယ်။ ၂၁ လအတွင်းအနိမ့်ဆုံးဈေးကို ကျပါတယ်။ ကြာသပတေးနေ့ဟာ တရုတ်နဲ့အမေရိကန်တို့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဒဏ်ခတ် အခွန်စည်းကြပ်ဘို့ နောက်ဆုံးသတ်မှတ်ရက် မတိုင်မီနေ့ပါ။ မနက်ဖြန်မှာ တားဂတ်နေ့ရောက်မယ်ဆိုတော့ ကုန်သွယ်ရေးစစ်ပွဲ အမှန်တကယ်ဖြစ်တော့မည်လားလို့ လိပ်ပြာလန့်နေလို့ ဒီလိုဈေးကျရတာပါ။
တိုကျိုရဲ့ TOCOM ရော်ဘာဈေးဟာ တရုတ်အပါအဝင် ရော်ဘာအသုံးချနိုင်ငံတွေမှာ ရော်ဘာစတော့တွေ တောင်လိုပုံနေတယ်ဆိုတဲ့ ဖိအားက သက်ရောက်နေပြီးသားဖြစ်တယ်။ ပြီးတော့ ရောင်းလိုအားကလည်း များလာနေတယ်။ အာရှဘက်မှာ ရော်ဘာတွေ ပိုထွက်လာနေတယ်လေ။
အမေရိကန်က တရုတ်သွင်းကုန် ၅၀ ဘီလီယံဘိုးကို အခွန်စည်းကြပ်ဘို့ ကြံနေတယ်။ နှစ်နိုင်ငံလုံးက အငြင်းပွားမှုတွေနဲ့ ကုန်သွယ်ရေးမှာ ခါးခါးသီးသီးဖြစ်နေကြတော့ မကြာသေးခင် ရက်သတ္တပတ်တွေမှာ ကမ္ဘာငွေကြေးဆိုင်ရာဈေးကွက်တွေ တုန်လှုပ်နေကြပါတယ်။
သောကြာနေ့မှာ ၃၄ ဘီလီယံဘိုး ကုန်တွေကို အခွန်စည်းကြပ်မှု စတင်ပါမယ်။ ဘေကျင်းကလည်း လက်တုန့်ပြန်မယ်လို့ အတည်ပြုပြောကြားထားတယ်။
" ထိတိုက်မှုဖြစ်ပြီးလျှင်တော့ သဘောတူညှိနှိုင်းမှုတွေနဲ့ ပြီးဆုံးသွားမယ် ဆိုသော်လည်းပဲ၊ လူတွေအတွက်တော့ တကယ့် အနုတ်လက္ခဏာပါ" လို့ ဂျပန်ကုန်သွယ်ရေး သတင်းရင်းမြစ်ကဆိုတယ်။
တိုကျိုရဲ့ TOCOM မှာ ဒီဇင်ဘာကန်ထရိုက်ရော်ဘာဈေးဟာ ၁.၆ ယန်းကျပြီး ၁၆၉.၅ ယန်း($၁.၅၃)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ စောစောပိုင်းမှာ ၂၀၁၆ အောက်တိုဘာကစတွက်ရင် အနိမ့်ဆုံးဈေးဖြစ်တဲ့ ၁၆၆.၉ ယန်းဈေးကို ရောက်သွားသေးတယ်။
သတ်မှတ်ရက် သောကြာနေ့ရောက်တော့ နံနက်စောစော ဈေးဖွင့်ချိန်မှာ TOCOM ဈေးဟာ အနုတ်နဲ့ စပြပေမယ့် နောက်ပိုင်း ဈေးပြန်ရလာတယ်။ အပေါင်းလက္ခဏာပြန်ပြလာတယ်ပေါ့။ ဈေးပိတ်ချိန်မှာတော့ TOCOM မှာ ၁.၉ ယန်းတက်ပြီး၊ ၁၇၁.၄ ယန်းဈေးဗျ။ SHFE မှာတော့ ၅ ယွမ်ကျတယ်။ ကျနော်တို့က ဈေးနှုန်း update တွေကိုသာကြည့်ပြီးပြောနေရတာ အကြောင်းအရင်း သတင်းတွေတော့မသိသေးဘူးလေ။
ဒီအပတ် ကမ္ဘာ့ရော်ဘာသတင်းမှာ မြန်မာ့ရော်ဘာအကြောင်းသတင်းလဲ ပါလာတယ်။ "မြန်မာအိတ်စပို့ရော်ဘာ ဝင်ငွေကျဆင်း" ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ပါ။ စီးပွားကူးသန်းမှရတဲ့ အချက်အလက်နဲ့ MRPPA မှ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်တို့ဆီက ရတဲ့ သတင်းအချက်အလက်တွေပါ။ မြန်မာ့ရော်ဘာက မနှစ်ကထက်တင်ပို့မှုများတယ်။ မနှစ်က ရော်ဘာတန်ချိန် ၃၄၀၆၅ တန်ပို့ပြီး ဒေါ်လာ ၅၃.၆၄၁ သန်းရပေမယ့် ဒီနှစ်ကျတော့ တန်ချိန် ၃၈၇၃၁ တန်ပို့တာ ၄၇.၀၀၉ သန်းပဲရသတဲ့။ ဒါက ကမ္ဘာ့ရော်ဘာဈေးကျလို့ပါတဲ့။ ဒီနှစ်အတွင်းမှာ မြန်မာပြည်တွင်း ရော်ဘာဈေးဟာ တစ်ပေါင်ကို ၈၅၀ ကျပ်အထိ စံချိန်တင်မြင့်ခဲ့ပေမယ့် ၅ လအတွင်း ၁၅၀ ကျပ်ခန့်ကျဆင်းပြီး တစ်ပေါင် ၇၀၀-၇၁၀ ကျပ် ဈေးခန့်သာရှိတော့တယ်လို့ သတင်းမှာဖော်ပြတယ်။
မြန်မာ့ နှစ်စဉ်ရော်ဘာထုတ်လုပ်မှုက တန် ၂၀၀၀၀၀ ခန့်ရှိနေပြီ။ မြန်မာက ရော်ဘာ ၉၀% ကျော်ကို နိုင်ငံခြားတင်ပို့ပြီး ပြန်တွင်းအသုံးက ၈% ခန့်ရှိပါတယ်။ တရုတ်ကတော့ မြန်မာ့ရော်ဘာတင်ပို့ရာ အဓိကတိုင်းပြည်ပါလို့ MRPPA အသင်းကဆိုတယ်။
မြန်မာအနေနဲ့ ရော်ဘာကို မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တောင်ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်နဲ့ အိန္ဒိယတို့သို့လည်း တင်ပို့ပါတယ်။
ညီသွေး
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from Nyi Thway
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....