စိုက်ပျိုးသုတ စက်တင်ဘာလ
ယခုစက်တင်ဘာလသည် မိုးနှောင်းရာသီသီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါသီးနှံများကို ယာမြေတွေမှာ စိုက်ပျိုးသည့်ရာသီဖြစ်သည်။ ဆည်ရေ၊ သွင်းရေဖြင့် မဟုတ်ဘဲ ရွာသွန်းသည့်မိုးရေကိုသာအားကိုးပြီး စိုက်ပျိုးရတာဖြစ်သဖြင့် အပင်ဖြစ်ထွန်း ကောင်းမွန်အောင် အစိုဓာတ်မိစွာ စိုက်ပျိုးရမည့်အချိန်လည်းဖြစ်သည်။
မိုးစပါးကို နိုင်ငံအဝှမ်းစိုက်ပျိုးပြီးချိန်ဖြစ်ပြီး အပင်ပွားစည်းရေး၊ အပင်ပွားသည်နှင့်အမျှ အနှံဖြစ်ပေါ်ရေး၊ တစ်နှံတွင် အစေ့ဖြစ်တည်မှုများရေးတို့အတွက်လည်း အရေးကြီးသောကာလ လည်း ဖြစ်ပါသည်။
စက်တင်ဘာလသည် မုတ်သုန်စတင်ဆုတ်ခွာမည့်လဖြစ်သော်လည်း လအတွင်း မိုးရွာသွန်းနိုင်မှုကို အတွေ့အကြုံအရ မျှော်မှန်းရလျှင် ယခင်လ (သြဂုတ်လ) တွင် ရွာသွန်းသည်လောက်နီးပါး မိုးရွာသွန်းနိုင်ကြောင်း၊ အချို့ဒေသတွင် ယခင်လ (သြဂုတ်လ) ၏ တစ်ဆခွဲလောက်တောင် ရွာသွန်းနိုင်သေးကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
မိုးနှောင်းယာသီးနှံမျိုးရွေးချယ်မှုမှန်ကန်ရေး
မည်သည့်မိုးနှောင်းသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသည့်မျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
(၁) သက်လျင်အထွက်ကောင်းမျိုးဖြစ်ရမည်။
(၂) အပင်ပေါက် (၈၀) ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့်ဖြစ်ရမည်။
(၃) စိုစွတ်မှုဒဏ် (Excess Water) ကို ခံနိုင်ပြီး အပင်ပေါက်သန်စွမ်းကောင်းမွန်သည့်(good seedling vigour) ရှိသည့်မျိုး ဖြစ်သင့်သည်။
(၄) ရေမြေဒေသ ကိုက်ညီဖြစ်ထွန်းစျေးကွက်ရှိသည့် ရာသီဥတုဒဏ်ခံမျိုးဖြစ်သင့်ပါသည်။
အကယ်၍ မိုးရွာသွန်းမှုသည်ပုံမှန်မဖြစ် ပြန့်နှံ့မှုမညီညာ သွန်ချချင်သလိုသွန်ချ မိုးကြီးခြင်းများကြုံတွေ့ရပါက အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ကာကွယ်ရန် အထူးသတိရှိဖို့ လိုပါသည်။
ပဲမျိုးစုံသီးနှံအတွက် ပဲမြစ်ဖုမြေသြဇာ
မြေပဲနှင့် ပဲမျိုးစုံစိုက်ခင်းတွေအတွက် လိုအပ်သည့်အာဟာရ နိုင်ထရိုဂျင်ရရှိဖို့ ပဲမြစ်ဖုဇီဝမြေသြဇာကို အသုံးပြုစိုက်ပျိုးသင့်သည်။ နိုင်ထရိုဂျင်က အပင်ဖြစ်ထွန်းကြီးထွားရေးကို အကျိုးပြုပါသည်။
ပဲမြစ်ဖုဇီဝမြေသြဇာမှာ မြစ်ဖုဘက်တီးရီးယားများပါဝင်သည်။ မျိုးစေ့နှင့် လူးနယ်စိုက်ပျိုးလိုက်လျှင် သို့မဟုတ် မြေကြီးထဲထည့်လိုက်လျှင် ဘက်တီးရီးယားကလေးများသည် ပဲပင်၏မြစ်ဖုထဲတွင်နေထိုင်ပြီး လေထဲမှနိုက်ထရိုဂျင်ကို ပဲပင်အတွက် ရယူပေးသည်။
ပဲမျိုးအလိုက် လေထဲမှနိုက်ထရိုဂျင်ကို တစ်ဧက ပေါင် ၄ဝ မှ ပေါင် ၁၅ဝ အထိ ဖမ်းယူပေးသဖြင့် ၂၀ မှ ၅၀ ရာခိုင်နှုန်း ပဲသီးနှံအထွက်ကို တိုးစေသည်ဟု သိရပါသည်။
လက်ရှိ ပဲစိုက်ခင်းအတွက်သာမက သီးထပ်စိုက်မည့် နောက်သီးနှံအထွက်တိုးရေးအတွက်လည်း သွယ်ဝိုက်အကျိုးပြုသေးသည်။ ပဲမြစ်ဖုဇီဝမြေသြဇာကိုသုံးပါက နိုက်ထရိုဂျင်မြေသြဇာ သုံးဖို့မလိုသဖြင့် ကုန်ကျစရိတ်သက်သာသည်။ Organic Farming အတွက် အထောက်အကူပြုပါသည်။
မိုးစပါးသီးနှံအောင်မြင်ရေး
စိုက်ချိန်မှန်သည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ မိုးစပါးအားလုံးနီးပါး နိုင်ငံတစ်ဝှမ်းစိုက်ပျိုးပြီးစီးလောက်ပြီဖြစ်သည်။ မည်သည့်ဒေသ၊ မည်သည့်အချိန်ပဲစိုက်စိုက် တစ်ဧကအထွက်နှုန်းမြင့်မားဖို့ နံပါတ်တစ်ဖြစ်သည်။ တနည်းအားဖြင့် မိုးစပါးအောင်မြင်ဖို့ ဖြစ်ပါသည်။
နိုင်ငံအနှံ့အပြား စပါးခင်းများ၏အသက်အရွယ်ကို ခြုံကြည့်လိုက်လျှင် နှစ်မျိုးသာဖြစ်ပါ မည်။ ၄င်းတို့မှာ- ၁။ ပင်ပိုင်းကြီးထွားသည့်ကာလ (Vegetative Phase) အတွင်း ရောက်ရှိနေ သည့် စပါးခင်းများနှင့် ၂။ မျိုးပွားပိုင်းကြီးထွားသည့်ကာလ (Reproductive Phase) အတွင်း ရောက်ရှိနေသည့် စပါးခင်းများဖြစ်ပါသည်။
ပင်ပိုင်းကြီးထွားသည့်ကာလအတွင်း ရောက်ရှိနေသည့် စပါးခင်းများအတွက် ဆောင်ရွက်သင့်သည်များမှာ-
(၁) ကောက်စိုက်ပြီးတစ်ပတ်အတွင်း မဖြစ်မနေ ကောက်ပင်ဖာရန်၊
(၂) ကောက်စိုက်ပြီး ၁၄ ရက်အတွင်း နိုက်ထရိုဂျင်၊ ဖေါ့စ်ဖါးရပ်နှင့် ပိုတက်စီယံဓါတ်မြေသြဇာ များကို ကျွေးပေးရန်၊
(၃) ကောက်စိုက်ပြီး ၂၃ ရက်မှ ၂၇ ရက်သားတွင်မူ နိုက်ထရိုဂျင်မြေသြဇာကို ကျွေးပေးရန်တို့ ဖြစ်ပါသည်။ အကြောင်းမှာ စပါးအပင်ပွားလှိုင်လှိုင်ပွားသည့် အချိန်ဖြစ်လို့ ဖြစ်ပါသည်။
ပင်ပိုင်းကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area) များစေရေးကို အဆုံးအဖြတ်ပြုသဖြင့် ဖေါ်ပြပါလုပ်ငန်းများအပြင် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ရန် တိုက်တွန်း လိုပါသည်။
မျိုးပွားပိုင်းကြီးထွားသည့် ကာလအတွင်းရောက်ရှိနေသည့် စပါးခင်းများအတွက် ဆောင်ရွက်သင့်သည်မှာ-
(၁) သက်လျင်စပါးမျိုးများတွင် ကောက်စိုက်ပြီး ၃၃ ရက်မှ ၃ရ ရက်နှင့်
(၂) သက်လတ်စပါးမျိုးများတွင် ကောက်စိုက်ပြီး ၄၀ ရက်မှ ၄၄ ရက်တို့သည် အနှံသန္ဓေတည်စ အချိန်(တနည်း) မှို့ကပ်စအချိန်ဖြစ်သဖြင့် နိုက်ထရိုဂျင်မြေသြဇာကို ကျွေးပေးရန် ဖြစ်ပါသည်။
မျိုးပွားပိုင်းကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးတစ်နှံတွင် ပါဝင်သည့် အစေ့အရေအတွက်(Grains per panicle)များရေးကို အဆုံးအဖြတ်ပြုသဖြင့် ပေါင်းမြက်ကင်းစင်ရေးနှင့် ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ရန် ဖြစ်ပါသည်။
မျိုးကွဲနှုတ်ပယ်ရေး
မျိုးစေ့ထုတ်စပါးစိုက်ခင်း (Seed Production Field) များအတွက် ဖြစ်ပါသည်။ ပင်ပွားအများဆုံးထွက်ချိန်၌ မျိုးကွဲများနှုတ်ပယ်မှုကို စတင်ရန် လိုအပ်သည်ဖြစ်ရာ စိုက်ပျိုးထားသောစပါးမျိုးနှင့် အပင်အရပ်အနိမ့်အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှုပုံစံမတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့် အကျယ်၊ ပင်စည်မှ အရွက်ထွက်ပုံ ထောင့်အကျဉ်းအကျယ် ကွာခြားသောအပင်များကို မျိုးကွဲအပင်များဟုမှတ်ယူကာ နှုတ်ပယ်ရန်ဖြစ်ပါသည်။
ထို့အပြင် စိုက်ခင်းအတွင်းစိုက်ပျိုးသော စပါးမျိုးမဟုတ်သည့် မျိုးလေမျိုးလွင့်များလည်း ပေါက်ရောက်နိုင်သည်ဖြစ်ရာ စနစ်တကျ အခါခါ စစ်ဆေးနှုတ်ပယ်သင့်ပါသည်။
စက်တင်ဘာလသည် မိုးနှောင်းယာသီးနှံများ အောင်မြင်စွာစိုက်ပျိုးရေး၊ အပင်ဖြစ်ထွန်း ရေး၊ မိုးစပါးသီးနှံအောင်မြင်ရေးနှင့် မျိုးစေ့ထုတ်စပါးခင်းများတွင် မျိုးကွဲနှုတ်ပယ်မှုလုပ်ငန်း စတင်ရေးတို့အတွက် အထူးဂရုပြုဆောင်ရွက်သင့်သည့် လဖြစ်ပါသည်။ ရေမြေဒေသနှင့် ပြောင်းလဲဖြစ်ပေါ်သည့် ရာသီဥတုနှင့်အညီ လိုက်လျောညီစွာ လိုအပ်သလို စိုက်ပျိုးပြုစုလုပ်ကိုင်ရန်ဖြစ်ပါသည်။
Zwe
လွန်ခဲ့သော ၄ နှစ် ကပဲမြစ်ဖုမြေသြဇာက မြေဆီလား
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး