တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (မတ်လ၊ ၂၀၂၀)
နွေစပါးမစိုက်ပျိုးရသေးသည့်ဒေသများ၊ စိုက်ပြီး အပင်ဖြစ်ထွန်းလျက်ရှိသည့် စိုက်ခင်းများအတွက် နှိုးဆော်လိုသည်။ ထို့ပြင် ဆည်ရေ၊ သွင်းရေကိုသာ အားကိုးစိုက်ပျိုးရသည့် မိုးကြိုယာသီးနှံများဖြစ်သော နှမ်းလျင်နှင့် ချည်မျှင်ရှည်ဝါ၊ ထို့နောက် မြေတွင်းအစိုဓာတ်ကို အဓိက အားကိုးစိုက်ပျိုးသည့် ကြံသီးနှံနှင့် ပတ်သက်လို့လည်း အသိပညာပေးလိုပါသည်။
နွေစပါးသီးနှံ
မတ်လအတွင်း စိုက်ပျိုးမည့် နွေစပါးစိုက်ခင်းများတွင် အသုံးပြုသည့် စပါးမျိုးသည် သက်လျင်မျိုးဖြစ်သင့်သည်။ စိုက်ပျိုးမည့် ဒေသ၊ ရေမြေနှင့် ကိုက်ညီသည့် မျိုးဖြစ်ရပါမည်။
ဖုံးတုံးလုံးတုံးအချိန်၊ အနှံထွက် ပန်းပွင့်ချိန်တို့တွင် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်အထက်ရှိသည့်ကာလနှင့် မတိုက်ဆိုင်ဖို့လိုသည်။
ထိုအချိန်မတိုင်မီ အနှံထွက်၊ ပန်းပွင့်ပြီးဖြစ်သင့်သည်။ စပါးအဖျင်းများရခြင်း၊ အထွက်ညံ့ရခြင်းမှာ ပန်းပွင့်ချိန်တွင် အပူချိန်မြင့်လွန်းခြင်းသည် အကြောင်းရင်းတစ်ချက် ဖြစ်နိုင်ပါသည်။
စပါးမစိုက်မီလယ်မြေတွင် နွားချေးမြေဆွေး ထည့်ပေးပါ။ ကွန်ပေါင်းဓာတ်မြေသြဇာ (သို့မဟုတ်)ထောက်ခံထားသည့် ပုလဲ၊ တီစူပါ၊ ပိုတက် စသည့်ဓာတ်မြေသြဇာများကို စနစ်တကျ မြေခံထည့်ပါ။ သို့မဟုတ် အပင်ပေါက်ပြီး နှစ်ပတ်အတွင်း ထည့်ပေးပါလို့ ပြောလိုပါသည်။
မတ်လမတိုင်မီက စိုက်ခဲ့ပြီး အပင်ဖြစ်ထွန်းနေသော နွေစပါးခင်းများတွင် ပေါင်းမြက် ကင်းစင်စေရေး ဆောင်ရွက်ပါ။ ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းနိုင်လို့ ဖြစ်ပါသည်။
စပါးပင်သက် တစ်လကျော်သည့် စိုက်ခင်းများတွင် လက်ပေါင်းလိုက်ခြင်းသည် အသင့် တော်ဆုံး နည်းစနစ်ဖြစ်သည်။ အတန်းလိုက်စိုက်ခင်းများတွင်မူ တမန်းနှိုးကြားပေါင်းလိုက်ကိရိယာကို သုံးနိုင်ပါသည်။
ပေါင်းသတ်ဆေးအသုံးပြုမည်ဆိုပါက စိုက်ပြီးကာစနှင့် ပေါင်းမြက်ပင် အပင်ပေါက်ကာစ အရွက် ၂ ရွက် ၃ ရွက်ထွက်ချိန်မှာ သုံးရတာအကောင်းဆုံးဖြစ်သည်။ ဆေးဖျန်းချိန်နောက်ကျလျှင်တော့ လက်ပေါင်းလိုက်တာ အကောင်းဆုံးဖြစ်ပါသည်။
အဓိကအချက်မှာ စပါးပင်သက်တမ်း၏ ပထမသုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ပင် များ စပါးခင်းအတွင်း ရှိမနေဖို့ ဖြစ်ပါသည်။
ဓာတ်မြေသြဇာသုံးစွဲရေးနှင့် ပါတ်သက်၍ ထောက်ခံနှုန်းအတိုင်း မြေခံဓာတ်မြေသြဇာ များ ထည့်သွင်းပါ။ အပင်ပေါ်မှ ပက်ဖျန်းရမည့် ပုလဲမြေသြဇာကိုလည်း သတ်မှတ်အချိန်အလိုက် ကျွေးပေးပါ။ ပိုတက်မြေသြဇာတွဲဖက်သင့်သည့် စိုက်ခင်းများတွင် တွဲဖက်သုံးစွဲဖို့ တိုက်တွန်းလိုပါသည်။
အပင်ပွားအားကောင်းစေရန် တိုက်ရိုက်မျိုးစေ့ချစပါးခင်းများတွင် မျိုးစေ့ချပြီး ၂၃ ရက်မှ ၂၇ ရက်တွင် နိုက်ထရိုဂျင်မြေသြဇာကို ကျွေးပေးရန်လိုပါသည်။ အပင်ပွားမှ အနှံများမည်။ အနှံများမှ စပါးအထွက်ကောင်းပါမည်။
မိုးကြိုနှမ်းလျင်သီးနှံ
ရေသွင်းရာတွင် စိုက်မည့်လယ်ကွက်ထဲ နေရာအနှံ့ ရေရောက်ပါစေ။ ထယ်ရေးပြုပြင်တာ ကောင်းပါစေ။
အပင်ပေါက်လာသည်နှင့် နှမ်းမှုန်းတာ၊ သားခွဲတာအရေးကြီးသည်။ နှမ်းစေ့က သေးသေး၊ ကြဲပက်စိုက်တာဖြစ်ဖြစ်၊ အတန်းလိုက်နို့ဆီဗူးနဲ့ မျိုးစေ့ချတာပဲဖြစ်ဖြစ်၊ ဘယ်လိုစိုက်စိုက် မြေပေါ်ကျသည့် မျိုးစေ့တွေကတော့ စုလို့ပုံလို့ဖြစ်နိုင်သည်။ ဒါ့ကြောင့် ဂရုတစိုက် သားခွဲရန် ဖြစ်ပါသည်။
တစ်ပင်ချင်းသားမခွဲနိုင်လျှင် ထွန်ဖြင့်မှုန်းနိုင်သည်။ ကြဲပက်စိုက်ခင်းဖြစ်ပါက ထွန်ဖြင့် တစ်စပ် (သို့မဟုတ်) နှစ်စပ်မှုန်းရန် လိုသည်။ လက်နှင့် သားခွဲလျှင်တော့ သန်မာသော အပင်ကိုချန်၊ မသန်မာသောအပင်တွေကို နှုတ်ပယ်ပစ်ရမည်။ အတန်းလိုက်စိုက်ခင်းတွင် တစ်ပင်နှင့်တစ်ပင် လေးလက်မအကွာသာထားပြီး ကျန်တာတွေ နှုတ်ပစ်ရန် ဖြစ်ပါသည်။
သားခွဲရမည့်အချိန်မှာ မူမှန်အရွက် ၆ ရွက်ထွက်ချိန်တွင် သားခွဲပါ။ အပင်သက်တမ်းအရ ဆိုလျှင် အပင်နှစ်ပတ်သားခန့်တွင် သားခွဲရန်ဖြစ်သည်။ နောက်ကျလျှင် အပင်လှီမည်။ ကြီးထွားသန်စွမ်းမှုနှေးပြီး အသီးနည်းနိုင်ပါသည်။
မိုးကြို ချည်မျှင်ရှည်၀ါသီးနှံ
လယ်မြေတွင် စပါးအပြီးစိုက်ပါက စပါးထယ်ရေးထက် အနည်းဆုံးတစ်လက်မ ပို၍နက်အောင် ထယ်ထိုးပါ။ အကြောင်းမှာ စပါးစိုက်မြေတွေမှာ ထယ်ရေး အောက်ခြေမာကြောလွှာ(Hard Pan) ဆိုတာ ရှိနေတတ်သည်။ ဝါပင်အမြစ်ကြီးထွားမှုကို ထိခိုက်စေတတ်သည့် အဆိုပါ မာကြောလွှာကို ခွဲပေးလိုက်သည့် သဘောဖြစ်ပါသည်။
ထယ်ရေးပြုပြင်ပြီးသည်နှင့် အမြန်စိုက်ပါ။ စိုက်ချိန်နောက်ကျမှု မဖြစ်စေလိုပါ။ မတ်လ လယ်အတွင်း အပြီးစိုက်သင့်ကြောင်း အကြံပြုလိုပါသည်။
ချည်မျှင်ရှည်ဝါမျိုးသည် သွေးသစ်လောင်းထားသည့် မျိုးသန့်မျိုးစေ့ဖြစ်သင့်သည်။ မစိုက်မီ ၁၅ ရက်အလိုတွင် အပင်ပေါက်စမ်းပါ။ ဝါစေ့ ၁၀၀ လျှင် အနည်းဆုံး အစေ့ ၇၀ အပင်ပေါက်သောမျိုး ဖြစ်ရပါမည်။
ချည်မျှင်ရှည်ဝါကို ပိုးမွှားရောဂါများ အလွန်ကြိုက်သည်။ ကြိုတင်ကာကွယ်သင့်သည်။ မျိုးစေ့ကို သင့်တော်ရာ လူးနယ်ဆေးများဖြင့် လူးနယ်ပြီးမှ စိုက်ပျိုးသင့်ပါသည်။
ကြံသီးနှံ
နိုဝင်ဘာ၊ ဒီဇင်ဘာတွင် စိုက်ပျိုးခဲ့ပါက ကြံပင်သက်တမ်း ရက် ၉၀၊ ရက် ၁၀၀ ရှိနေလောက်ပြီ။ နွေရာသီကာလကို ဖြတ်သန်းကြရတော့မည်။ မူလစိုက်ပျိုးစဉ်က အစိုဓာတ်မိမိ၊ စိုက်တန်း စိုက်ကျင်းနက်နက် စိုက်ပျိုးခဲ့သော်လည်း မြေအမျိုးအစားဖွဲ့စည်းပုံအရ မြေအစိုဓာတ်လိုအပ်မှုတွေ ရှိလာနိုင်ပါသည်။
မြေအစိုဓာတ်ကောင်းနေအောင် ရေပေးသွင်းပါ။ ရေပေးသွင်းစဉ် ယူရီးယား ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာတို့ကိုပါ ထည့်ပေးနိုင်သည်။ ကြံခင်းအတွင်း ရေဝပ်မနေစေဖို့ တော့ ဂရုစိုက်ရမည်။ ရေထုတ်မြောင်း၊ စိမ့်မြောင်း၊ ပတ်မြောင်းများထားပေးရပါမည်။ ကြံပင် သက်တမ်းရက် ၁၂၀ တွင် တစ်ပါတည်း ဘောင်လုံးပေးဖို့ ဖြစ်ပါသည်။
လိုအပ်သလို ပေါင်းမြက်နှိမ်နင်းပါ။ မျိုးပိုင်းချပြီး ၄ လသားအတွင်း ပေါင်းမြက်ကင်းစင် အောင်ဆောင်ရွက်ရန် နှိုးဆော်လိုပါသည်။
ဆင်းသီဟ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....