တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (အောက်တိုဘာလ၊ ၂၀၂၀)
စိုက်ပျိုးဆဲ မိုးနှောင်းသီးနှံဖြစ်သော နေကြာသီးနှံ၊ စတင်စိုက်ပျိုးမည့် ဆောင်းသီးနှံများဖြစ်သော မတ်ပဲနှင့် ပဲတီစိမ်းသီးနှံ၊ အလားတူ ရိုးရိုးမိုးစပါးနှင့် မျိုးစေ့ထုတ်စပါးသီးနှံတို့အတွက် သိသင့်သည့်အကြောင်းအရာများကို အသိပေးနှိုးဆော်လိုပါသည်။
အများအားဖြင့် မြေတွင်းအစိုဓာတ်ကို အားကိုးစိုက်ပျိုးသည်ဖြစ်ရာ မိုးနှောင်းသီးနှံ သို့မဟုတ် ဆောင်းသီးနှံတို့ကို မြေအစိုဓာတ်မပြေးမီ ထွန်ရေးပြုပြင်မှု လျင်မြန်စွာဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချရန် ဖြစ်ပါသည်။
နေကြာသီးနှံစိုက်ပျိုးလျှင်
အများစု စစိုက်တာကတော့ စက်တင်ဘာလပါ။ အခုအောက်တိုဘာလမှာ ပြီးစီးအောင် စိုက်ပျိုးရန် ဖြစ်သည်။ နေကြာသီးနှံကြိုက်နှစ်သက်တာကတော့ အချဉ်အငန်ဓာတ် ၅ အထက်ရှိသော မြေအမျိုးအစားဖြစ်သည်။ တစ်ဧကအထွက် အများဆုံးရရှိစေမည့် ရေဆင်းစပ်မျိုးနေကြာ-၁ နှင့် ဆင်းရွှေကြာ-၂ နေကြာမျိုးတို့ကို စိုက်ပျိုးသင့်သည်။ ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဖြင့် မြေပြုပြင်စိုက်ပျိုးရန် ဖြစ်ပါသည်။
အပင်သက်တမ်း ၁၅ ရက်သားရှိချိန် တစ်ကျင်းတစ်ပင်ချန်၍ သားခွဲရန်လိုသည်။ အပင်ငယ်စဉ် ကြားလိုက်ပေါင်းရှင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ဖြစ်ပါသည်။
မတ်ပဲသီးနှံစိုက်ပျိုးလျှင်
ရာသီအရ ရေမြေအခြေအနေအရ မြန်မာနိုင်ငံအလယ်ပိုင်းလို အချို့ဒေသတွေမှာ အောက်တိုဘာတတိယပတ်ဆို စတင်စိုက်နိုင်တော့မည်။ စိုက်သင့်တာက မြေအချဉ်အငန်ဓာတ် ၆ ဒသမ ၅ မှ ၇ ဒသမ ၀ အတွင်းရှိ အနည်းငယ်စေးသော မြေသားအနက်ရောက်ရှိသည့် မြေများမှာ စိုက်ပျိုးသင့်တာပါ။ အပင်ကြီးထွားသန်စွမ်းစေဖို့ ဖြစ်ပါသည်။ ရေထုတ်ရန် လွယ်ကူသောမြေလည်း ဖြစ်ရပါမည်။
စိုက်သည့်အခါ နိုက်ထရိုဂျင်အာဟာရအတွက် ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုး သင့်သည်။ အပင်ငယ်စဉ် မှိုရောဂါကျရောက်ဖျက်ဆီးတတ်သည်။ ကာကွယ်ဖို့ မှိုသတ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးသင့်တာပါ။ မတ်ပဲမှာက မြေတွင်းအောင်းပိုးနှင့် ပင်စည်ထိုးယင်ကလည်း ကျရောက်တတ်သေးတာပါ။ ဖျူရာဒန်ဆေးကို စိုက်ပျိုးသည့်အခါ စိုက်ကြောင်းထဲမှာ ထည့်သင့်ပါသည်။
ဒေသရေမြေနှင့်ကိုက်ညီသည့် ရေဆင်းမတ်ပဲမျိုးများကို တစ်ဧကလျှင် အပင်ဦးရေ တစ်သိန်းအပြည့်အဝရရှိရန် တန်းကြား တစ်ပေခွဲ၊ ပင်ကြား ၄ လက်မ ထားရှိစိုက်ပျိုးပါ။ ဒါတွေက စိုက်သည့်အချိန် အသိပေးလိုတာများဖြစ်ပါသည်။
စိုက်ပြီးအပင်ပေါက်လာတော့ အပင်ငယ်စဉ်မှာ ပင်စည်ထိုးယင်ဆိုတာ ကျရောက်ဖျက်ဆီးတတ်သေးသည်။ ဆေးဖျန်းကာကွယ်နှိမ်နင်းရပါဦးမည်။
ပေါင်းမြက်ကင်းစင်ရေးကတော့ အပင်ပေါက်ပြီး (၂) ပတ်သားကနေ ပန်းပွင့်ချိန်ထိ ကင်းစင်အောင် ဆောင်ရွက်ဖို့ ဖြစ်ပါသည်။
ပဲတီစိမ်းသီးနှံစိုက်ပျိုးလျှင်
အောက်တိုဘာလယ်ဆိုရင် စတင်စိုက်သည့်ဒေသတွေရှိသည်။ ညအပူချိန်မြင့်သော မြန်မာနိုင်ငံ အောက်ပိုင်းဒေသအချို့မှာပါ။ နုံးမြေနှင့် သဲနုံးမြေတွင် စိုက်ပျိုးသင့်ပြီး ရှိသင့်သည့် မြေအချဉ်အငန်ဓာတ်ကတော့ ၆ ဒသမ ၅ မှ ၇ ဒသမ ၀ အတွင်းပင် ဖြစ်သည်။
အပင်ပေါက်နှုန်းကောင်းမွန်သော အဝါရောင်မိုစေ့ရောဂါဒဏ် ခံနိုင်သည့်မျိုးကို သုံးရန်ဖြစ်သည်။ ရေဆင်းပဲတီစိမ်း-၁၁ နှင့် ရေဆင်းပဲတီစိမ်း-၁၄ မျိုးများကို စိုက်ပျိုးသင့်ပါသည်။
ပဲမျိုးစုံသီးနှံတစ်မျိုးဖြစ်လေတော့ နိုက်ထရိုဂျင်အာဟာရအတွက် ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးရမှာ ဖြစ်ပါသည်။
မတ်ပဲလိုပင် အပင်ငယ်စဉ် မှိုရောဂါ ကျရောက်ဖျက်ဆီးတတ်သေးတာပါ။ မှိုသတ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပျိုးကာကွယ်သင့်ပါသည်။
မတ်ပဲနှင့်တူတာ နောက်တစ်မျိုးရှိသေးသည်။ ပင်စည်ထိုးယင် ကျရောက်ဖျက်ဆီးတတ် တာ ဖြစ်သည်။ ဖျူရာဒန်လိုဆေးနှင့် စိုက်ပျိုးသည့်အခါ စိုက်ကြောင်းထဲထည့်ပြီး ကာကွယ်ရမှာ ဖြစ်ပါသည်။
တစ်ဧကလျှင် အပင်ဦးရေ တစ်သိန်းအပြည့်အဝရရှိရန် တန်းကြား တစ်ပေခွဲ ပင်ကြား ၃ မှ ၄ လက်မထားရှိ စိုက်ပျိုးရန်ဖြစ်သည်။
. ပေါင်းမြက်ကိုတော့ အပင်ငယ်စဉ်မှာ နိုင်နင်းအောင် နှိမ်နင်းထားဖို့ဖြစ်ပါသည်။
မိုးစပါးသီးနှံစိုက်ထားလျှင်
နိုင်ငံတစ်နံတစ်လျားစိုက်ထားသည့် စပါးသီးနှံတွေ ဘယ်ကြီးထွားမှုကာလကို ရောက်နေပြီလဲ။ ကြီးထွားကာလအလိုက် စပါးအထွက်မိတ်ဖက် (Yield Components) တွေအပေါ် အကျိုးပြုနိုင်မှုတွေရှိသည်။ အများစုမှာ မျိုးပွားပိုင်းကာလ (Reproductive Phase) ကို ရောက်လောက်ပြီ။ ဒီကာလက စပါးအထွက်နှုန်းမိတ်ဖက်တစ်ခုဖြစ်သော တစ်နှံရှိစပါးစေ့အရေအတွက်များဖို့ အရေးကြီးသည့်ကာလပါ။ တစ်နှံမှာ စပါးစေ့အရေအတွက် (number of grains per panicle) များလေ တစ်ဧကစပါးအထွက် မြင့်မားဖို့ အခွင့်အလမ်းများလေ ဖြစ်ပါသည်။
စိုက်ချိန်စောသည့် စပါးခင်းတွေကတော့ ဒီအဆင့်ထက်ကျော်လောက်ပြီ။ ရင့်မှည့်သည့်ကာလ (Ripening Phase) ကို ရောက်နေလောက်သည်။ ဒီကာလက အောင်မြင်သောစပါးစေ့ရာခိုင်နှုန်း (percentage of filled grains) များဖို့နှင့် အစေ့ ၁၀၀၀ အလေးချိန် (weight of 1000 grains) ကောင်းဖို့ အရေးကြီးသည့်ကာလဖြစ်ပါသည်။
မျိုးပွားပိုင်းကြီးထွားသည့်ကာလမှာ အာဟာရချို့ယွင်းမှုမရှိစေရေး (အထူးသဖြင့် နိုက်ထရိုဂျင်) ကျွေးပေးသင့်သည်။ ရင့်မှည့်သည့်ကာလတွင်တော့ အလေအလွင့်နည်းပါးစေရန် ရိတ်သိမ်းချိန်မှန်တွင် ရိတ်သိမ်းပါ၊ ရိတ်သိမ်းပြီးလျှင်ပြီးချင်း ချက်ချင်းချွေလှေ့ပါ၊ ဒါပဲ အသိပေးလိုပါသည်။
မျိုးစေ့ထုတ်စပါးစိုက်ထားလျှင်
စိုက်ခင်းအတွင်း ရေထိန်းသိမ်းခြင်း၊ ပေါင်းနှိမ်နင်းခြင်း၊ မြေသြဇာကျွေးခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းစသည့် ပြုစုဂရုစိုက်သည့်လုပ်ငန်းများကို လစ်ဟင်းမှုမရှိအောင် ဆောင်ရွက်စေလိုပါသည်။
ပင်ပွားအများဆုံးထွက်ချိန်မှာ ပထမအကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးကြမည်ဟု ယူဆသည်။ ပန်းပွင့်ချိန်နှင့် မရိတ်သိမ်းမီအချိန်တို့မှာ ဒုတိယအကြိမ်နှင့် တတိယအကြိမ် မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းတို့ကို စနစ်တကျဆက်လက်ဆောင်ရွက်ဖို့ ဖြစ်ပါသည်။
ပန်းပွင့်ချိန်မှာ စပါးအနှံများ ပန်းပွင့်ဖြစ်ပေါ်မှုကိုကြည့်ပြီး ပန်းပွင့်စောလွန်းခြင်း၊ နောက်ကျလွန်းခြင်းဖြစ်သော အပင်များကို နှုတ်ပယ်ဖို့ပါ။ မရိတ်သိမ်းမီတွင်တော့ ရင့်မှည့်မှု စောလွန်း၊ နောက်ကျလွန်းသောအပင်များ၊ စိုက်သည့်မျိုးနှင့် စပါးအစေ့ပုံသဏ္ဍာန်၊ အရောင်နှင့် အရွယ်အစား ကွဲပြားသောအပင်များကို ကုန်စင်အောင်နှုတ်ပယ်ရမှာ ဖြစ်ပါသည်။
မျိုးသန့်စင်ရေးသည် အရေးကြီးသည်ဖြစ်ရာ စပါးအထွက်လျော့နည်းမှာစိုး၍ မျိုးကွဲများကို ကုန်စင်အောင်မပယ်ခြင်း၊ ကုန်ကျစရိတ်များမှာစိုး၍ မျိုးကွဲနှုတ်ပယ်လုပ်သားချွေတာခြင်းတို့ကို ရှောင်ရှားကြစေလိုပါသည်။
ဆင်းသီဟ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
Kyaw Thu Naing
လွန်ခဲ့သော ၄ နှစ် ကဟုတ်ကျေးဇူးပါ
မေဇင်ထွန်း
လွန်ခဲ့သော ၄ နှစ် က0949208124 ကိုဆက်သွယ်ကြည့်ပါရှင်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းရဲ့ ဖုန်းနံပတ်ပါ။ မျိုးသန့်တွေရနိုင်တဲ့နေရာပါ။
Kyaw Thu Naing
လွန်ခဲ့သော ၄ နှစ် ကရေတာရှည်ကပါအမ
မေဇင်ထွန်း
လွန်ခဲ့သော ၄ နှစ် ကဘယ်နယ်ကလဲ အကိုရေ။
Kyaw Thu Naing
လွန်ခဲ့သော ၄ နှစ် ကအမ မေဇင်ထွန်းရေ ရေဆင်းမတ်ပဲမျိုးလေးလိုချင်တယ် ဗျာ ကူညီလို့ရမလား
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး