အစိမ်းရောင်လမ်း
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)

စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)

စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာများ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၉) အပင်များအတွက် လိုအပ်သောရေ (Water for Plants) အပိုင်းနှင့် အမှတ် စဉ် (၂၃၁၊ ၂၃၂၊ ၂၃၃၊ ၂၃၄) စိုက်ပျိုးရေးဆိုင်ရာရေသွင်းနည်းပညာ အပိုင်း-၂, ၃, ၄ နှင့် ၅ တို့တွင် ရေးသားဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်နေသော ရေသွင်းခြင်းဆိုင်ရာအင်ဂျင်နီယာပညာ (Irrigation Engineering) ရှုဒေါင့်မှ မဟုတ်ဘဲ အပင်၏ရေလိုအပ်ချက် (Plant water requirement)၊ မြေကြီး၏ရေလိုအပ်ချက် (Soil Water Requirement)၊ မြေ-ရေ-အပင်တို့ဆက်နွယ်နေပုံ (Soil Water Plant Relationships) ကို စိုက်ပျိုးရေး ပညာရှုထောင့်မှ ဆက်လက်ရေးသားဆွေးနွေးပါမည်။

(၁-ဂ) ရေကန်ငယ်ပုံစံရေသွင်းစနစ်၏အားနည်းချက်များ (Disadvantages Basin Irrigation System)

၁။ မြေညှိခြင်းကို တိကျစွာ ပြုလုပ်ရသည် (Requires Good Land Leveling)

ရေကန်ငယ် (Basin) များကို ညီညာအောင် ပြုလုပ်ရသည်။ မြေမညီပါက ရေဖြန့်ဝေမှု မညီမညာ ဖြစ်နိုင်သည်။ မြေညှိစရိတ် မြင့်မားနိုင်သည်။

၂။ ကနဦးတည်ဆောက်မှု ကုန်ကျစရိတ်မြင့်မားသည်

ရေကန်ငယ်များနှင့် မြေတမံများ တည်ဆောက်ရန် အလုပ်သမားနှင့် စက်ယန္တရားများ လိုအပ်သည်။

၂။ ကနဦးတည်ဆောက်မှု ကုန်ကျစရိတ် မြင့်သည် (High Initial Costs)

ရေကန်ငယ်များနှင့် မြေတမံများ တည်ဆောက်ရန် အလုပ်သမားနှင့် စက်ယန္တရားများ လိုအပ်သည်။

၃။ သဲမြေများတွင် မသင့်တော်ပါ (Not suitable for Sandy Soil)

ရေစိမ့်ဝင်နှုန်း မြန်လွန်းသဖြင့် ရေကို ထိန်းထားနိုင်မှု နည်းသည်။ ရေအလေအလွင့် များလာနိုင်သည်။

၄။ ရေဝပ်ခြင်း ဖြစ်နိုင်သည် (Might be Waterlogging) 

ရေဝပ်ချိန် ကြာလျှင် မြေတွင်းလေဝင်လေထွက် လျော့နည်းသဖြင့် အမြစ်များ ထိခိုက်နိုင်သည်။ သီးနှံကြီးထွားမှု ကျဆင်းနိုင်သည်။

၅။ ဆားဓာတ်စုပုံခြင်း ပြဿနာများဖြစ်နိုင်သည် (Salinity Problems)

ရေစီးဆင်းထွက်ရန် မကောင်းသော ဒေသများတွင် မြေအောက်ရေမြင့်တက်လာပြီး ဆားဓာတ်များ စုပုံနိုင်သည်။ ဆားဓာတ်များ၍ အပင်များအတွက်မကောင်းဘဲ မြေဆီလွှာ အရည်အသွေး ကျဆင်းစေနိုင်သည်။

၆။ တောင်စောင်းမြေများတွင် မသင့်တော်ပါ (Not Suitable for Sloping Lands)

မြေပြန့်လိုအပ်သောကြောင့် တောင်စောင်းဒေသများတွင် မြေပြုပြင်မှု ကုန်ကျစရိတ် များသည်။

၇။ မြေတမံများကို ပုံမှန် ပြုပြင်ထိန်းသိမ်းရသည်

မြေတမံများ ပျက်စီးနိုင်သဖြင့် အချိန်နှင့်တပြေးညီ ပြုပြင်ရန် လိုအပ်သည်။

၈။ စက်ယန္တရား အသုံးပြုရန် အခက်အခဲရှိသည်

ရေကန်ငယ် (Basin) များနှင့် ဘောင် (Bund) များကြောင့် ထွန်စက်၊ ရိတ်သိမ်းစက်များ သွားလာရန် အခက်အခဲရှိနိုင်သည်။

၉။ ခြင်နှင့် ပိုးမွှားများ ပေါက်ပွားနိုင်သည်

ရေဝပ်နေသောနေရာများတွင် ခြင်နှင့် ရောဂါပိုး သယ်ဆောင်သော ပိုးမွှားများ ပေါက်ပွားနိုင်သည်။

၁၀။ သီးနှံအချို့အတွက် မသင့်တော်ပါ

ကြက်သွန်၊ အာလူး၊ မြေပဲနှင့် ဟင်းသီးဟင်းရွက်အချို့ကဲ့သို့ ရေဝပ်မှုမခံနိုင်သော သီးနှံများတွင် အမြစ်ပုပ်ခြင်းနှင့် အောက်ဆီဂျင်လျော့နည်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

What Is Basin Irrigation and How to Implement It in Your Garden Full guide  in the first comment 💬👀

ပုံ - ၁ ရေကန်ငယ်စနစ်ဖြင့် ရေပေးသွင်းခြင်း

(၁-ဃ) ဘေးတန်းစနစ်ရေသွင်းနည်း (Border Irrigation)

စိုက်ခင်းကို ရှည်လျားသော အတန်းများအဖြစ် ခွဲ၍ ရေကို တန်းတစ်လျှောက် စီးဆင်းစေသောနည်းဖြစ်သည်။

သင့်တော်သောသီးနှံများ  - ဂျုံ၊ မြက်မျိုးစုံ၊ စားကျက်မြက်

(၁-ဃ) ဘောင်တန်း/ဘေးတန်းရေသွင်းနည်း (Border Irrigation)

စိုက်ခင်းကို ရှည်လျားသော အတန်းများအဖြစ် ခွဲ၍ ရေကို တန်းတစ်လျှောက် စီးဆင်း စေသောနည်းဖြစ်သည်။ ဘောင်တန်းရေသွင်းနည်း (Border Irrigation) ဆိုသည်မှာ စိုက်ခင်းကို ရှည်လျားသော အကွက်များ (Border Strips) အဖြစ် ခွဲခြားပြီး၊ အကွက် တစ်ခုချင်းစီ၏ ဘေးနှစ်ဖက်တွင် မြေတန်းငယ်များ (Border Ridges) ပြုလုပ်ထားကာ ရေကို အပေါ်ဘက်မှ လွှတ်ပေး၍ မြေဆွဲအား (Gravity) ဖြင့် အောက်ဘက်သို့ တဖြည်း ဖြည်း စီးဆင်းစေသော မျက်နှာပြင်ပေါ်ရေသွင်းနည်း (Surface Irrigation)  တစ်မျိုး ဖြစ်ပါသည်။

ဤစနစ်၏အားသာချက်များ (Advantages of Border Irrigation)

၁-ဃ-၁။ ရိုးရှင်းပြီး ကုန်ကျစရိတ်သက်သာသည်။

တည်ဆောက်ရန်နှင့် ထိန်းသိမ်းရန် ကုန်ကျစရိတ်နည်းသည်။ စက်ကိရိယာများ မလို အပ်ဘဲ အသုံးပြုနိုင်သည်။

၁-ဃ-၂။ သီးနှံအမျိုးအစားများစွာအတွက် သင့်တော်သည်။

ဥပမာ- ဂျုံ (Wheat)၊ မုယော (Barley)၊ ကျွဲနွားအစာကျွေးမြက် (Forage crops)၊ စားကျက်မြက်ခင်း (Pasture)

၁-ဃ-၃။ ရေသုံးစွဲမှုထိရောက်မှု ကောင်းသည်။

စနစ်တကျ ဒီဇိုင်းရေးဆွဲထားပါက ရေသုံးစွဲမှုထိရောက်မှု ၆၀-၈၀ ရာခိုင်နှုန်း (Application Efficiency 60–80%) အထိ ရရှိနိုင်သည်။

၁-ဃ-၄။ ရေဖြန့်ဝေမှု ညီညာသည်။

မြေညှိထားမှုကောင်းလျှင် ရေသည် အကွက်တစ်လျှောက် ညီညီမျှမျှ စီးဆင်းနိုင်သည်။

၁-ဃ-၅။ မြေဆီလွှာတိုက်စားမှု နည်းသည်။

ရေသည် ပါးလွှာသော ရေပြင်အဖြစ် စီးဆင်းသဖြင့် မြေတိုက်စားမှု လျော့နည်းသည်။

၁-ဃ-၆။ လယ်ယာလုပ်ငန်းများ လုပ်ဆောင်ရလွယ်ကူသည်။

လယ်ယာသုံးစက်များ အလွယ်တကူ အသုံးပြုနိုင်သည်။

၁-ဃ-၇။ လုပ်သားလိုအပ်ချက် နည်းသည်။

အထိန်းအကွပ်မရှိ ရေလွှမ်းနည်း (Wild Flooding) ထက် လုပ်အားကုန်ကျမှုနည်းသည်။

၁-ဃ-၈။ အလယ်အလတ်မှ မြေစေးမြေဆီလွှာများအတွက် သင့်တော်သည်။

နှုန်းဆန်မြေ (Loam) နှင့် မြေစေးမြေ (Clay Soil) များတွင် ကောင်းစွာ အသုံးပြုနိုင်သည်။

၁-ဃ-၉။ စိုက်ခင်းကြီးများအတွက် သင့်တော်သည်။

စက်ယန္တရားဖြင့် လွယ်ကူစွာ စီမံနိုင်သည်။

၁-ဃ-၁၀။ စွမ်းအင်သုံးစွဲမှု နည်းသည်။

မြေဆွဲအားဖြင့် ရေစီးဆင်းသောကြောင့် လျှပ်စစ် သို့မဟုတ် ဒီဇယ်ရေစုပ်စက်စက်ပန့် လိုအပ်မှုနည်းသည်။

ဘေးတန်းရေသွင်းစနစ်၏အားနည်းချက်များ (Disadvantages of Border Irrigation)

၁-ဃ-၁၁။ မြေညှိခြင်းကို အလွန်တိကျစွာ လုပ်ရန်လိုသည် (Good Leveling)

မြေမညီပါက ရေဖြန့်ဝေမှု မညီမျှနိုင်ပါ။

၁-ဃ-၁၂။ စတင်တည်ဆောက်စရိတ် မြင့်နိုင်သည်။

ဘောင် (Border) များပြုလုပ်ခြင်းနှင့် မြေညှိခြင်းအတွက် ကုန်ကျစရိတ်ရှိသည်။

၁-ဃ-၁၃။ သဲမြေဆီလွှာများအတွက် မသင့်တော်ပါ။

ရေစိမ့်ဝင်နှုန်း မြန်လွန်းသဖြင့် ရေဆုံးရှုံးမှုများနိုင်သည်။

၁-ဃ-၁၄။ သင့်တော်သော ဆင်ခြေလျှော/မြေစောင်းမှုလိုအပ်သည် (Slope)။

ယေဘုယျအားဖြင့် ၀.၀၅-၀.၅ ရာခိုင်နှုန်း (0.05–0.5%) ခန့်ရှိသော ဆင်ခြေလျှောမြေကို လိုအပ်သည်။

၁-ဃ-၁၅။ ရေဆုံးရှုံးမှု ဖြစ်နိုင်သည်။

အောက်သို့ ရေစိမ့်ဝင်ခြင်း (Deep Percolation) နှင့် ရေစီးထွက်ခြင်း (Runoff) ဖြစ်နိုင်သည်။

၁-ဃ-၁၆။ ပုံသဏ္ဍာန် မမှန်သော လယ်ကွက်များအတွက် မသင့်တော်ပါ။

၁-ဃ-၁၇။ သီးနှံအချို့အတွက်သာ သင့်တော်သည်။

သစ်သီးခြံများနှင့် Row Crops များအတွက် မသင့်လျော်ပါ။

၁-ဃ-၁၈။ ရေပမာဏ အတော်အတန် လိုအပ်သည်။

ရေအရင်းအမြစ်နည်းသော နေရာများတွင် အဆင်မပြေနိုင်ပါ။

Flood Irrigation: A Traditional Yet Vital Irrigation Method - Namma Chennai Farms

ပုံ - ၂ မြေကြီးပေါ်မှ ရေပေးသွင်းခြင်းနည်းအမျိုးမျိုး

စာရေးသူ၏အတွေး

ရာသီဥတုပြောင်းလည်း၊ ဖောက်ပြန်မှု (Climate Change) ကြောင့် လူသားအားလုံး သာမ က စိုက်ပျိုးအပင်များ ရေကြီးနစ်မြုတ်၊ မိုးခေါင်၊ ရေမရ/အစိုဓာတ်မရှိ ဖြစ်နေသည့် အချိန် တွင် ရေသွင်း၊ ရေထုတ်စိုက်ပျိုး နည်းပညာ (Irrigation and Drainage Technology) ကို စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာခွဲ (Agricultural Engineering) တစ်ခုအနေနှင့် အထူး ပြုလေ့လာကြပြီး တောင်သူဦးကြီးများ၏ လက်တွေ့ပြဿနာများကို ကူညီကယ်ဆယ် ပေးကြရအောင်ပါ။

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Elbana, Maha (2017) Irrigation Management. Maha, India. 231p.

Majumdar, Dilip Kumar (2016) Irrigation Water Management: Principles and Practice. 2nd Ed. Prentice Hall, India.  557p.

 

Michael, A. M. (2007) Irrigation: Theory and Practice.  2nd Ed. Noida India. 762p.

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....