တောင်သူလယ်သမားကြီးများအတွက် နှိုးဆော်ချက် (ဒီဇင်ဘာလ၊ ၂၀၁၉) (အပိုင်း ၂)
နွေစပါးသီးနှံများ အတွက်
မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နွေစပါးစိုက်ပျိုးသင့်သည့် စိုက်ချိန်မှန်ဖြစ်သည်။၊ အပင်ပေါက်(၈၀)ရာခိုင်နှုန်း အထက်ရှိသည့် မျိုးသန့်စပါးတစ်မျိုးမျိုးကို အသုံးပြုရန်ဖြစ်သည်။ ရေမြေဒေသကိုက်ညီဖြစ်ထွန်းပြီး ဈေးကွက်ရှိသည့် သက်လျင် အထွက်ကောင်းစပါးမျိုး(HYV) ဖြစ်သင့်ပါသည်။
နွေစပါးစိုက်လာတာကြာပြီ။ ၁၉၉၂-၁၉၉၃ ခုနှစ်က စသည်ဆိုပါစို့။ ပန်းပန်လျက်ရှိတာက သီးထပ်ရင်ပါ။ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးမှာပါ။ ဒေသအလိုက် အကြိုက်နှင့်ဖြစ်ထွန်းမှုအရ စစ်ကိုင်းတိုင်းဒေသကြီးမှာ ရွှေသွယ်ရင်၊ မန္တလေးတိုင်းဒေသကြီးတို့မှာ ရွှေသွယ်ရင်နှင့် မနောသုခ၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှာ ရတနာတိုး၊ ရန်ကုန်တိုင်းဒေသကြီးမှာ ရက်(၉၀)နှင့် ဆင်းသုခ၊ ကရင်ပြည်နယ်မှာ ဆင်းသုခ၊ နေပြည်တော်မှာတော့ နှံကောက်-စသည်ဖြင့် ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။
စပါးမျိုးသစ်များကို စဉ်ဆက်မပြတ် သုတေသနပြုဖေါ်ထုတ်လျက်ရှိရာ ယခုအခါသက်လျင် အထွက်ကောင်းစပါးမျိုးသစ်များ တစ်မျိုးပြီးတစ်မျိုးပေါ်ထွန်းလာလျက်ရှိသည်။ လက်ရှိစိုက်ပျိုးနေကြ စပါးမျိုးများနေရာတွင် ပို၍ပို၍ကောင်းမွန်သည့် အရည်အချင်းများနှင့်ပြည့်စုံသောမျိုးများကို ပြောင်းလဲစိုက်ပျိုးရမည်သာဖြစ်သည်။ မိမိဒေသရေမြေတွင် ဖြစ်ထွန်း အထွက်ကောင်းသည်နှင့်အမျှ ကျယ်ပြန့်စွာ ဆက်လက်စိုက်ပျိုးရန်သာ ဖြစ်ပါသည်။
ရွေးချယ်စိုက်ပျိုးသောမျိုးသစ်သည်ဒေသအတွင်း ရောင်းဝယ်ဖောက်ကားရန် ဈေးကွက်ဝင်သော ဆန်အရည်အသွေးရှိခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ ပိုးမွှားရောဂါနှင့် ပေါင်းမြက်ဒဏ်ကိုခံနိုင်ခြင်း၊ အပင်ယိုင်လဲလွယ်မှုမရှိခြင်း၊ လေလွင့်ဆုံးရှုံးမှု နည်းပါးခြင်း-စသည့် မျိုးကောင်းအင်္ဂါရပ်များနှင့် ကိုက်ညီပါက လယ်သမားများ လက်မလွတ်တမ်းစိုက်ပျိုးသင့်သည့်မျိုးဟု ဆိုနိုင်ပါသည်။
စိုက်နည်းစနစ်အနေဖြင့် စိုက်ပျိုးရေကိုချွေတာရာရောက်ပြီး ကုန်ကျစရိတ်သက်သာလွယ်ကူကာ လျင်မြန်စွာပြီးစီးနိုင်သော စိုက်ပျိုးနည်းစနစ် ဖြစ်သင့်ပါသည်။
တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးမည်လား၊ အတန်းလိုက်မျိုးစေ့ချမည်လား၊ မျိုးစေ့ချကရိယာ အသုံးပြုမည်လား၊ ပျိုးထောင်ကောက်စိုက်မည်လား၊ သင့်တော်ရာကို ရွေးချယ်နိုင်သည်။ မည်သည့်စနစ်က မိမိလယ်မြေအတွက် ကောင်းသည်၊ မကောင်းသည်ကို လယ်သမားကိုယ်တိုင် သုံးသပ်ဆုံးဖြတ် ရွေးချယ်ရန်ဖြစ်သည်။ စိုက်ပျိုးနည်းစနစ်တိုင်းမှာ အားသာချက်နှင့် အားနည်းချက်များရှိသည်ကိုတော့ သိထားသင့်ပါသည်။
တစ်ဧကစပါးထွက်နိုင်စွမ်းမှာ သုတေသနရလဒ်တွေအရ စနစ်အလိုက် မှန်ကန်စွာ လိုက်နာလုပ်ကိုင်ပါက ကွာခြားမှုမရှိပါ။ မည်သည့်စနစ်ကို အသုံးပြုစိုက်ပျိုးသည်ဖြစ်စေ အားနည်းချက်များကို ကြိုတင်သိရှိပြီး လိုအပ်သည်ကို မူလကပင် စီစဉ်ဆောင်ရွက်ဖို့သာလိုပါသည်။ ဥပမာ။ စပါးတိုက်ရိုက် မျိုးစေ့ချစနစ်တွင် ပေါင်းမြက်ပြဿနာရှိသည်။ ထိုစနစ်၏ အားနည်းချက်ဟုမှတ်ယူရမည်။ အားသာချက်မှာ စိုက်ပျိုးကုန်ကျစရိတ်သက်သာသည်။ ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းမှု မဖြစ်စေရန် ပေါင်းမြက်ကာကွယ်နှိမ်းနင်းမှုလုပ်ငန်းများကို အလေးထား လုပ်ကိုင်ရန်ဖြစ်ပါသည်။
မည်သည့်ဒေသရေမြေသဘာဝတွင် စိုက်ခြင်းဖြစ်သည်၊ ရာသီဥတုပြောင်းလဲမှုမည်သို့ ဖြစ်ပေါ်နိုင်သည်၊ လူမှုစီးပွားရေး အခြေအနေအရပ်ရပ်မည်သို့ရှိသည်၊ လုပ်သားလုပ်အားခက်ခဲမှု၊ လွယ်ကူမှု မည်သို့ရှိသည်၊ ထိုအမျိုးမျိုးသော အခြေအနေတို့အပေါ်မူတည်ပြီး လယ်သမားတစ်ဦးချင်း၊ လယ်ကွက်တစ်ကွက်ချင်းအတွက် သင့်တော်ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်ကို ရွေးချယ်အသုံးပြုရန်သာ ဖြစ်ပါသည်။
ကျရောက်နိုင်သည့်ပေါင်းမြက်များကို၊ ထွန်ရေးတမန်းကောင်းခြင်းဖြင့် ကာကွယ်နိုင်သည်။ ပေါင်းသတ်ဆေးသုံးစွဲခြင်း(Pre-emergence Herbicides(သို့)Post-emergence Herbicides)တို့ဖြင့် နည်းစနစ်မှန်စွာ သုံးစွဲကာကွယ်နိုင်သည်။ ရေထိန်းသိမ်းမှုဖြင့် ကာကွယ်နိုင်သည်။ နည်းမျိုးစုံဖြင့် ပေါင်းမြက်ကို ကာကွယ်နှိမ်နင်းဖို့ အသိပေးနှိုးဆော်လိုပါသည်။
ဆင်းသီဟ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....