တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (ဇန်နဝါရီလ)
ဆောင်းသီးနှံစိုက်ပျိုးသူများနှင့် နွေစပါးစိုက်တောင်သူများအတွက် ဆောင်ရွက်သင့်သည်များ နှင့် လယ်ယာထွက်ကုန် အရည်အသွေးမြင့်မားရေးဆိုင်ရာများကို ယခုလအတွက်နှိုးဆော်လိုပါသည်။
ဆောင်းရာသီစိုက်ပျိုးသီးနှံများ
မြေကောင်း၊ အစိုဓာတ်ကောင်းလို့ စိုက်ပျိုးထားသော ဆောင်းသီးနှံတွေ အောင်မြင်ဖြစ်ထွန်းတာ ကြည့်ပြီး အားရနေလို့ မဖြစ်ပါ။ ဆက်လက်သီးပွင့်ရင့်မှည့်စေဖို့လိုအပ်သည်များကို လုပ်ပေးရဦး မည်။ ပြည်တွင်းပြည်ပက မြေသြဇာအာဟာရ အရည်တွေဝယ်ယူသုံးစွဲပြီး မကောင်းလျင်ကောင်းအောင် လုပ်နေကြတာတွေ့မြင်နေရပါသည်။
မြေသြဇာအာဟာရအရည်တွေလိုပဲ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး စိုက်ပျိုးရေးဆေးဝါးတွေ အလွယ်တကူ ဝယ်ယူသုံးစွဲ နိုင်သည်။ တစ်ခုတော့ပြောလိုပါသည်။ ကြိုတင်ကာကွယ်ရန်ဖြစ်သည်။ ဆောင်းသီးနှံအမျိုးအစားအပေါ်မူတည်ပြီး ကျရောက်လေ့ရှိသည့်ပိုးမွှားရောဂါ၊ ကျရောက်လေ့ရှိသည့် အချိန်တို့ကိုသိဖို့လိုသည်။ သိရုံဖြင့်မပြီးသေး ကြိုတင်ကာကွယ်ဖို့၊ ကျရောက်လျင်ကျရောက်ချင်း ထိထိရောက်ရောက်နှိမ်နင်းဖို့လိုပါသည်။
သီးနှံအလိုက်အပင်ဖြစ်ထွန်းစဉ် ကျရောက်တတ်သောပိုးမွှားရောဂါများကို ကင်းထောက် စစ်ဆေးသင့်ပါသည်။ လိုအပ်ပါက ကျရောက်သည့်ပိုးမွှားရောဂါအမျိုးအစားနှင့် ကာကွယ်နှိမ်နင်းနည်း စနစ်မှန်တို့ကိုသိဖို့၊ နီးစပ်ရာ စိုက်ပျိုးရေးပညာပေးရေး ဝန်ထမ်းများထံ မေးမြန်းဆွေးနွေး နည်းပညာ ရယူရန် ဖြစ်ပါသည်။
နွေစပါးသီးနှံ
မြန်မာနိုင်ငံအောက်ပိုင်းနှင့် အထက်ပိုင်း နွေစပါးစိုက်ပျိုးကြတာ မတူပါ။ မြန်မာနိုင်ငံအထက်ပိုင်းဒေသ တွေမှာ အချို့က မိုးစပါးကိုတောင် ရိတ်သိမ်းဆဲဖြစ်သည်။ အချို့က ဆောင်းသီးနှံစိုက်ထားသည်။ နွေစပါး အတွက် အလှည့်မပေးနိုင်သေးသလို ရာသီဥတုကလည်း အေးလွန်းနေသေးသည်။
မြန်မာနိုင်ငံအောက်ပိုင်းဒေသများအတွက်တော့ နွေစပါးစိုက်ပျိုးရန်ုအသင့်တော်ဆုံးအချိန်ဟု ပြောလိုပါ သည်။ ဒီဇင်ဘာလအတွင်း စတင်စိုက်ပျိုးသူများ စိုက်သည်။ မစိုက်ရသေးသူများ အချိန်မနောက်ကျမီ အမြန် စိုက်သင့်ပါသည်။ ပြောလိုသည်များကို ဒီဇင်ဘာလတွင် ပြောခဲ့ပြီးဖြစ်သည်။ အဓိကမှာ မျိုးကောင်းမျိုးသန့်ကို အသုံးပြု ရေး၊ စိုက်ပျိုးရေကိုချွေတာရေး၊ စိုက်ပျိုးကုန်ကျစရိတ်သက်သာရေးနှင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးတို့ ဖြစ်ပါသည်။
လယ်ယာထွက်ကုန်များအရည်အသွေးမြင့်မားရေး
စိုက်ပျိုးထွက်ရှိသော သီးနှံထွက်ကုန်များ အရည်အသွေးအဆင့်အတန်းမြင့်မားဖို့လိုသည်။ ပြည်တွင်းရောင်းချရန်ပဲဖြစ်ဖြစ်၊ ပြည်ပတင်ပို့ရန်ပဲဖြစ်ဖြစ် ဈေးကွက်ဝယ်လိုအားကို ဆွဲဆောင်မှုရှိဖို့လို ပါသည်။
ပြည်တွင်းရောင်းမည့် စားနပ်ရိက္ခာထွက်ကုန်ဖြစ်ပါက စားသုံးသူများကြိုက်နှစ်သက်ဖို့လိုသည်။ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းအနည်းအများရှိတတ်သည်။ ပြည်ပတင်ပို့မည့် လယ်ယာ ထွက်ကုန်သည် ကမ္ဘာ့ဈေးကွက်ကြိုက် အရည်အသွေးရှိဖို့ လိုသည်။ သို့မှသာတင်ပို့နိုင်ပါမည်။
ရောင်းဝယ်ဖေါက်ကားမှုတွင် စိုက်ပျိုးထုတ်လုပ်သူအဆင့်မှ စားသုံးသူအဆင့်အထိ စိတ်ဝင်စား မှုအမျိုးမျိုးရှိပါသည်။ ဖေါ်ပြရလျင်(၁)စိုက်ပျိုးထုတ်လုပ်သူသည် သီးနှံဈေးနှုန်းအမြင့်ဆုံးကိုရရှိလိုသည်။ ဈေးနှုန်းမြင့်မားပါက အကန့်အသတ် မရှိထုတ်လုပ်လိုသည်။ (၂)လယ်ယာထွက်ကုန်များကို အခြေခံ သော စက်မှုလက်မှုလုပ်ငန်းရှင်များကမူ ဈေးနှုန်းနည်းနည်းဖြင့် ဝယ်ယူလိုသည်။ အရည်အသွေး ကောင်းကောင်းကိုလည်းရယူလိုသည်။ (၃)ကုန်သည်နှင့် လက်လီရောင်းဝယ်ဖောက်ကား သူများက လည်း ဈေးနှုန်းနည်းနည်းဖြင့် အရည်အသွေးကောင်းကို ရယူလိုကြသည်။ (၄)စားသုံးသူများကလည်း ထို့အတူပင်။ ဈေးနှုန်းနည်းနည်းဖြင့် အရည်အသွေးကောင်းကောင်းစားသုံးလိုကြပါသည်။
စိုက်ပျိုးထုတ်လုပ်သူလယ်သမားများအနေဖြင့် အရည်အသွေးကောင်းသီးနှံထွက်ကုန်များကို စိုက်ပျိုးထုတ်လုပ်နိုင်မှသာ ဈေးကွက်တွင်ယှဉ်ပြိုင်ရောင်းချနိုင်ပြီး ဈေးကောင်းရရှိနိုင်မည့် အခြေအနေ ဖြစ်ရာ မိမိစိုက်ပျိုးသည့်သီးနှံအလိုက် ထွက်ကုန်အရည်အသွေးမြင့်မားရေးကိုလည်း ဦးတည် ဆောင်ရွက်သင့်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
ဆင်းသီဟ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....