အစိမ်းရောင်လမ်း
စိုက်ပျိုးသုတ ဇန်နဝါရီလ

စိုက်ပျိုးသုတ ဇန်နဝါရီလ

ဆင်းသီဟ
ဆင်းသီဟ 01/01/2023

ဆောင်းသီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် အရေးကြီးသည့်လ ဖြစ်သည်။ နွေစပါးစိုက်ပျိုးရေးအတွက် စတင်သင့်သည်လလည်း ဖြစ်သည်။ မည်သည့်သီးနှံကို စိုက်ပျိုးသည်ဖြစ်စေ စိုက်ပျိုးသည့်အတိုင်း အောင်မြင်ဖို့လိုသည်။ သီးပွင့်ရင့်မှည့်သမျှလည်း သီးနှံအထွက်ရရှိဖို့လိုသည်။ သို့ဖြစ်၍ ယခုလအတွင်း စိုက်ပျိုးပြုစုထိန်းသိမ်းသင့်သည့် လုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် လိုပါသည်။

ဆောင်းသီးနှံများ

စိုက်ချိန်မှန်၊ အစိုဓာတ်ကောင်း၊ မြေဆီလွှာကောင်းလို့ အောင်မြင်ဖြစ်ထွန်းသည့် ဆောင်းသီးနှံများကို ဆက်လက်ပြုစုထိန်းသိမ်းစောင့်ရှောက်ရပါမည်။ ပြည်တွင်းပြည်ပက စိုက်ပျိုးရေးဆေးအမျိုးမျိုးတွေ ယခုအခါအလွယ်တကူ ဝယ်ယူသုံးစွဲ ပက်ဖျန်းနိုင်သည်ကို တွေ့မြင်ရသည်။ အပင်အားကောင်းပြီး ပိုမိုသီးပွင့်အောင်လုပ်ရပါမည်။ 

ပဲမျိုးစုံသီးနှံများသည် ပွင့်သီးချိန်များတွင် နိုက်ထရိုဂျင်နှင့် ဘိုရွန်အာဟာရဓာတ်များ လိုကြောင်းသိရသည်။ အဆိုပါဓာတ်များသည် ပဲမျိုးစုံအစေ့အဆန်ပြည့်ဝစေရန်နှင့် အပွင့်များမှ ရွက်ကြွေခြင်းများကို ကာကွယ်နိုင်ပါသည်။

သီးနှံပင်များ၏ သီးပွင့်ရင့်မှည့်သမျှမှ အထွက်ရရှိဖို့လိုပါသည်။ သို့ဖြစ်၍ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ရပါဦးမည်။

ပဲမျိုးစုံသီးနှံများတွင် အပင်ငယ်စဉ်၌ ပင်စည်ထိုးယင်၊ ပန်းပွင့်ချိန်၊ အသီးသီးချိန်နှင့် ပင်ပိုင်းကြီးထွားချိန်တစ်လျှောက်တွင် ငမြှောင်တောင်၊ ပဲတောင့်ထိုးပိုး စသည့်ပိုးများ ကျရောက်နိုင်ကြောင်း သိရှိရသည်။

စိုက်ပျိုးသီးနှံပင်များတွင် ပိုးမွှားရောဂါသာမက ကြွက်ဖျက်ဆီးမှုအန္တရာယ်လည်း ရှိနိုင်သေးသည်။ ကြွက်ဖျက်ဆီးသဖြင့် သီးနှံအထွက်ဆုံးရှုံးနိုင်သေးသည်။ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို လုပ်ကိုင်ရန်လည်း လိုပါသည်။

သို့ဖြစ်၍ ဆောင်ရွက်သင့်သည်များကို ဖေါ်ပြလိုပါသည်။

  • ၁။ သီးနှံပင်၏ အပင်အသွင်အပြင်လက္ခဏာကိုကြည့်ပြီး အာဟာရလိုအပ်မှုရှိမရှိနှင့် လိုအပ်သည့်အာဟာရကိုခန့်မှန်းပါ။ ထို့နောက် လိုအပ်သည့်အာဟာရပါသော မြေသြဇာရည်ကိုသာ ပက်ဖျန်းသုံးစွဲပါ။
  • ၂။ အသင့်စိုက်ပျိုးရေးသုံးဆေးများကို ဝယ်ယူရရှိနိုင်ခြင်းမရှိပါက ပဲမျိုးစုံသီးနှံများတွင် ပန်းပွင့်ချိန်မှစ၍ သီးကင်းစတင်ဝင်ချိန်ထိ နိုက်ထရိုဂျင်အာဟာရရရှိစေရန် ယူရီးယား ဓာတ်မြေသြဇာနှင့် ဘိုရွန်အာဟာရရရှိစေရန် လက်ချားကို တစ်ကြိမ်မှ နှစ်ကြိမ် ဖျန်းပက်ပေးပါ။
  • ၃။ ပိုးမွှားရောဂါနှင့်ပတ်သက်၍ သီးနှံအလိုက် ဒေသအလိုက် ကျရောက်လေ့ရှိသည့် ပိုးမွှားရောဂါကို သီးနှံအပင်ဖြစ်ထွန်းစဉ်တွင် စဥ်ဆက်မပြတ် ကင်းထောက်စစ်ဆေးပါ။ အကယ်၍ ပိုးမွှားရောဂါလက္ခဏာတွေ့ရှိပြီး ဆေးပက်ဖျန်းသင့်ပါက နှိမ်နင်းနည်းစနစ် မှန်စွာဖြင့် ထိထိရောက်ရောက်နှိမ်နင်းပါ။ ကျရောက်သည့်ပိုးမွှားရောဂါအမျိုးအစားနှင့် ကာကွယ်နှိမ်နင်းသည့်ဆေး ကိုက်ညီရေးကို အထူးသတိပြုပါ။
  • ၄။ ရေသွင်းစိုက်ပျိုးသည့် စိုက်ခင်းများတွင် ပန်းစပွင့်ချိန်နှင့် အသီးကင်းဝင်စအချိန်များတွင် အစိုဓာတ်လုံလောက်စွာရရှိရန် ဆောင်ရွက်ပါ။
  • ၅။ ကြွက်ကာကွယ်နှိမ်နင်းရေးသည် တစ်ဦးချင်းဆောင်ရွက်ရုံဖြင့် အောင်မြင်မှုနည်းနိုင်သည်။ လယ်ယာနီးချင်း တောင်သူလယ်သမားများတစ်ချိန်တည်းတစ်ပြိုင်တည်း ကြွက်သတ်ဆေးကို စနစ်တကျသုံးစွဲပြီး ပြိုင်တူဆောင်ရွက်ပါ။ 

နွေစပါးသီးနှံ

မြန်မာနိုင်ငံအောက်ပိုင်းနှင့် အထက်ပိုင်းဒေသများ နွေစပါးစိုက်ချိန် မတူကြပါ။ အထက်ပိုင်းဒေသများတွင် အချို့က မိုးစပါးကိုရိတ်သိမ်းဆဲဖြစ်သည်။ အချို့က ဆောင်းသီးနှံများကို မိုးစပါးအပြီး စိုက်ထားသည်။ နွေစပါးစိုက်ချိန်မရောက်သေးပါ။ ဆောင်းသီးနှံ စိုက်ပျိုးနိုင်ခြင်းမရှိလျှင်လည်း အချို့ဒေသများတွင် နွေစပါးအတွက် ရာသီဥတုက အေးလွန်းနေသေးသည်။

မုတ်သုန်မိုးစတင်ရွာသွန်းလေ့ရှိသည့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများအနေဖြင့် စိုက်ချိန်နောက်မကျရေးသည် အရေးကြီးသည်။ ပုံမှန်စိုက်ပျိုးလေ့ရှိသည့် စပါးမျိုးများမှာ သီးထပ်ရင်၊ ရက်-၉၀၊ ဆင်းသုခ၊ ပခန်းရွှေဝါ၊ မနောသုခ၊ ရွှေသွယ်ရင်၊ ထွန်းသီရိ-စသည့် မျိုးများဖြစ်ကြောင်းနှင့် စိုက်ပျိုးနည်းစနစ်မှာ အများအားဖြင့် တိုက်ရိုက်မျိုးစေ့ချနည်းစနစ်ဖြစ်ကြောင်း သိရသည်။

နွေစပါးစိုက်ပျိုးရေးအတွက် အောက်ပါတို့ကို ဆောင်ရွက်သင့်ပါသည်။

  • ၁။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဒီဇင်ဘာလအတွင်းစိုက်ပျိုးခြင်းမပြုရသေး ပါက ဇန်နဝါရီလအတွင်းအပြီး စိုက်ပျိုးပါ။                                                    
  • ၂။ ဒေသအလိုက်ဖြစ်ထွန်း စျေးကွက်ကောင်းသည့် မျိုးကောင်းမျိုးသန့်စပါးမျိုးကို ရွေးချယ်စိုက်ပျိုးပါ။
  • ၃။ စိုက်ပျိုးရေချွေတာရေး၊ ကုန်ကျစရိတ်သက်သာ‌စေရေးကို အလေးထားပြီး သင့်တော်သည့်စိုက်ပျိုးနည်းစနစ်ကို အသုံးပြုပါ။                                              
  • ၄။ ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးကို အထူးဂရုစိုက်ပါ။

နိုင်ငံတစ်ဝန်းစိုက်ပျိုးထားသည့် ဆောင်းသီးနှံများဖြစ်သော ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ နှံစားသီးနှံနှင့် အခြားသီးနှံများ အောင်မြင်ဖြစ်ထွန်းခြင်းဖြင့် သီးနှံထုတ်လုပ်မှုတိုးတက်စေလိုပါသည်။ စတင်စိုက်ပျိုးမည့်နွေစပါးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေလိုပါသည်။ စိုက်ပျိုးကုန်ကျစရိတ်သက်သာပြီး သီးနှံအထွက်ဝင်ငွေတိုးမြှင့်ရရှိအောင် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

ဆင်းသီဟ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နိုင်ကို

နိုင်ကို

လွန်ခဲ့သော ၃ နှစ် က

nsk

You

ဆက်စပ်မေးခွန်းများ

ငါးစုံ

မောင်ရဲသူအောင် • ဖြေကြားချက် 0 ခု

ဂျင်း50သား.ကြက်သွန်ဖြူ50.အရက်ဆိ.5လိတာက...နဲ့စိမ်ထားတဲ့အရည်ကဘယ်လိုရောဂါပိုးနိင်လဲဗျ...အထူးသဖြင့်မှိုနဲ့ပတ်သက်တဲ့ရောဂါကာကွယ်နိင်လဲဆရာတို့..အဲဆေးမှိုကာကွယ်တယ်စိုပြီးသုံးနေကြလို့ပါ...

သန်းထိုက်အောင် • ဖြေကြားချက် 2 ခု

အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

TunThein • ဖြေကြားချက် 1 ခု

စပါးမှာကျရောက်တတ်တဲ့ရောဂါနှင့်ပိုးအကြောင်းလေးသိချင်လို့ပါရှင့်

Ma Tin Nilar Htun • ဖြေကြားချက် 1 ခု

ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား

ဝင်းမင်းအောင် • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....