ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများတဲ့ ဗုံလုံသီး
ရာသီစာတစ်မျိုးဖြစ်တဲ့ ဗုံလုံသီးကို ကြိုက်နှစ်သက်တဲ့ သူတွေရှိပါသလား။ တချို့ကလည်း ဗုံလုံသီးကို ပဲလင်းမြွေသီးလို့ ခေါ်ဆိုကြပါတယ်။ ဗုံလုံသီးဟာ နွယ်ပင်တစ်မျိုးဖြစ်ပြီး အချို့သောမျိုးစိတ်တွေဆိုရင် အရှည် ၅ ပေလောက်အထိ ပေါက်ရောက်နိုင်တာ ဖြစ်ပါတယ်။

ဗုံလုံသီးရဲ့ မူရင်းဒေသတွေကတော့ မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ သီရီလင်္ကာတို့ ဖြစ်ကြပြီး ဩစတြေးလျနဲ့ အာဖရိကရဲ့ အချို့သော ဒေသတွေမှာလည်း ပေါက်ရောက်ကြတာ ဖြစ်ပါတယ်။ ဗုံလုံသီးကို ဩစတြေးလျနိုင်ငံမှာတော့ ရိုးရာလေမှုတ်တူရိယာတစ်မျိုးဖြစ်တဲ့ ဒစ်ဂျရီဒူး (Didgeridoo) ပြုလုပ်ရာမှာလည်း အသုံးပြုကြတာ တွေ့ရပါတယ်။
ဗုံလုံသီးဟာ ကမ္ဘာတစ်ဝန်းမှာ လူသိများတဲ့ ဟင်းသီးဟင်းရွက် မဟုတ်ပေမယ့်လည်း ထူးခြားပြီး အကျိုးများစေတာတော့ အမှန်ပါပဲ။ အသီးသာမက၊ အညွှန့်၊ အရွက်နဲ့ အစေ့တွေဟာလည်း အသုံးဝင်တာ ဖြစ်ပါတယ်။
ဗုံလုံသီးကို ပါးပါးလှီးပြီးတော့ သူ့ချည်းသတ်သတ် ကြော်စားနိုင်သလို ပုဇွန်ခြောက်နဲ့လည်း နှပ်ပြီးတော့ စားနိုင်ပါတယ်။ ဒါ့အပြင် ပုဇွန်ဆိတ်၊ ပုဇွန်ထုပ်၊ ဝက်သား၊ ငါးဖယ် စတဲ့ အသားတွေနဲ့လည်း အစာသွပ်ပြီးတော့ စားသုံးနိုင်ပါတယ်။ ကြာဇံနဲ့ရောပြီး ဟင်းချိုအနေနဲ့ သောက်သုံးမယ်ဆိုရင်လည်း အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်စေမှာပါပဲ။ တချို့ကတော့ ဗုံလုံသီး စစ်ထုတ်ရည်ကို ဆေးဖက်ဝင်ဖျော်ရည်အနေနဲ့ သောက်သုံးကြတာမျိုးအထိ ရှိပါတယ်။
ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ ဗုံလုံသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ပါဝင်သော အာဟာရဓာတ်များ
ဗုံလုံသီးမှာဆိုရင် လူတွေအတွက် အကျိုးများစေတဲ့ အာဟာရဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဗီတာမင် အေ၊ ဘီ၊ စီ၊ အီး တို့အပြင် မဂ္ဂနိစ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်၊ အိုင်းယွန်း၊ ပိုတက်စီယမ်၊ သိုင်ယာမင် (thiamin)၊ ရီဘိုဖလက်ဗင် (riboflavin)၊ ကယ်ရိုတင်း (carotene) နဲ့ အိုင်အိုဒင်း စတဲ့ဓာတ်တွေ ပေါပေါများများ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်၊ ကယ်လ်လိုရီ အနည်းငယ်နဲ့ ပရိုတင်းဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အကျိုးများစေတဲ့ ဟင်းသီး ဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။
နှလုံးကျန်းမာရေး ကောင်းစေခြင်း
ကိုလက်စထရော ပါဝင်မှုနည်းတဲ့ ဗုံလုံသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဗုံလုံသီးဟာ သွေးလည်ပတ်မှုကိုကောင်းစေပြီး နှလုံးကြွက်သားတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အထောက်အကူပြုစေပါတယ်။ ဒါ့ကြောင့် ဗုံလုံသီး စားသုံးခြင်းဖြင့် ရင်တုန်ခြင်း၊ စိတ်ဖိစီးမှု နဲ့ နှလုံးအောင့်ခြင်း တို့ကို သိသိသာသာ လျော့နည်း သက်သာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗုံလုံသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးကြောကျဥ်းတာမျိုးတွေကို ကာကွယ်ပေးနိုင်သလို သွေးတိုးခြင်းနဲ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
အဆိပ်အတောက်များ ဖယ်ရှားပေးနိုင်ခြင်း
ဗုံလုံသီးကနေ စစ်ထုတ်ယူထားတဲ့ ဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အစာချေဖျက်မှုကိုလည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အရွက်ဟာဆိုရင်လည်း အသီးကဲ့သို့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ပါရှိသလို အူလမ်းကြောင်းတွေကိုလည်း သန့်စင်ပေးနိုင်တာ ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်တဲ့အခါမျိုးတွေမှာ အရွက်ကနေ စစ်ထုတ်ယူထားတဲ့ အရည်ကို သောက်သုံးပေးခြင်းဖြင့် အော့အန်ခြင်းဖြစ်ပြီး သက်သာစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖျော်ရည်ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့မဟုတ်) ၂ ဇွန်းကို ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကောင်းကျိုးရရှိစေမှာ ဖြစ်ပါတယ်။ ၎င်းဖျော်ရည်ထဲကို ပျားရည်၊ ဆေးခါးကြီးအရွက် (chiretta) စတာတွေနဲ့ ထည့်သွင်းသောက်သုံးပေးခြင်းဖြင့် ဖျားနာခြင်းတွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗုံလုံသီးရဲ့ အစေ့တွေဟာဆိုရင်လည်း ဝမ်းချုပ်ခြင်းအပြင် အသည်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုလည်း လျော့နည်းအောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ လျော့နည်းစေခြင်း
ဗုံလုံသီးဟာ အသက်ရှူလမ်းကြောင်းမှာရှိနေတဲ့ အကျိအချွဲ သလိပ်တွေနဲ့ အနာအဖုတွေကို လျော့နည်းသက်သာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် နှာခေါင်းပိတ်တာမျိုးတွေနဲ့ အသက်ရှူရ ခက်ခဲတာမျိုးတွေကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။ ဗုံလုံသီးမှာ ပါဝင်နေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ခန္ဓာကိုယ်တွင်း အဆုတ်ရဲ့လုပ်ဆောင်ချက်တွေကို များစွာ အကျိုးပြုနိုင်ပြီး ဓာတ်မတည့်တာမျိုးတွေနဲ့ ပန်းနာရင်ကြပ် ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗုံလုံသီးဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
အသားအရေ ကောင်းမွန်စေခြင်း
ဗုံလုံသီးမှာ ဗီတာမင် စီနဲ့ ဗီတာမင် အီး ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို စိုပြေကျန်းမာစေနိုင်ပါတယ်။ ဒါ့အပြင် ဗုံလုံသီးဟာ သခွားမျိုးရင်းဝင် အပင်ဖြစ်တာကြောင့် အရေပြားအတွက် ကောင်းမွန်စေပြီး အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်တာ ဖြစ်ပါတယ်။ ၎င်းရဲ့အနှစ်ကို နေလောင်ဒဏ်ရာတွေနဲ့ ခြောက်သွေ့ယားယံတဲ့ နေရာတွေမှာ လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်မှာ ဖြစ်ပါတယ်။ သခွားသီးကို အသုံးပြုသလိုမျိုး အချပ်လိုက် လှီးပြီးတော့ မျက်နှာအရေပြားပေါ်မှာ အသုံးပြုမယ်ဆိုရင် မျက်ကွင်းညိုတာမျိုးတွေနဲ့ မျက်လုံးတဝိုက် ရောင်ရမ်းတာမျိုးတွေကို သက်သာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗုံလုံသီးအစေ့ကနေ ရရှိတဲ့ အနှစ်ကိုလည်း ထိခိုက်ဒဏ်ရာတွေ ရရှိတဲ့ အခါမျိုးမှာ အုံပေးထားခြင်းဖြင့် သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
ဇင်ထူးနိုင်
Ref: https://www.organicfacts.net/
https://www.healthifyme.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဝင်းအောင်
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါခဗျာ
ဇင်ထူးနိုင်
လွန်ခဲ့သော ၄ နှစ် က<a href="https://greenwaymyanmar.com/posts/cultivation-of-snake-gourd">ပဲလင်းမြွေသီး စိုက်ပျိုးနည်း</a> လေ့လာနိုင်ပါတယ်
ဦးဝင်းအောင်
လွန်ခဲ့သော ၄ နှစ် ကမည်သည့်ရက်လတွင်စိုက်ပျိုးရပါသလဲခဗျာ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026