သစ်ကြံပိုးခေါက်ကို အပင်တွေအတွက် အသုံးပြုနည်း (၆) ချက်
အင်္ဂလိပ်အမည် - Cinnamon
သိပ္ပံအမည် - Cinnamomum verum
သစ်ကြံပိုးခေါက်လို့ ဆိုလိုက်ရင် ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် အဖြစ်နဲ့ လူသိများပါတယ်။ သစ်ကြံပိုးပင်ဟာ မျိုးစိတ်ပေါင်း ရာနဲ့ချီရှိပြီး အပူပိုင်းဒေသတွေမှာ ရှင်သန်ပေါက်ရောက်ကြတာ ဖြစ်ပါတယ်။ မျိုးစိတ်ပေါ်မူတည်ပြီး အပင်ပုံသဏ္ဍာန် ကွဲပြားမှုရှိကာ အချို့ကို မြင့်မားတဲ့သစ်ပင်အဖြစ်နဲ့ တွေ့ရသလို အချို့ကိုတော့ သေးငယ်တဲ့ချုံပင်တွေအနေနဲ့ တွေ့ရတတ်ပါတယ်။ မျိုးအပေါ်မူတည်ပြီး မြင့်မားတဲ့ အပင်တွေဆိုရင် ၃ ပေ ကနေ ပေ ၆၀ လောက်အထိ ကြီးထွားနိုင်တာ ဖြစ်ပါတယ်။ သစ်ကြံပိုးရဲ့ မူရင်းဒေသတွေက သီရိလင်္ကာ၊ အိန္ဒိယကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာနိုင်ငံတို့ပဲ ဖြစ်ပါတယ်။
မီးဖိုချောင်မှာ အသုံးပြုနေကြတဲ့ သစ်ကြံပိုးခေါက်တွေဟာ ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင် အဖြစ်နဲ့သာမက မှိုသတ်ဆေး အာနိသင်ပါရှိနေတယ်ဆိုရင် ယုံကြည်နိုင်ပါမလား။ ဒါ့အပြင် သစ်ကြံပိုးခေါက်တွေကို အပင်စိုက်ခင်းတွေထဲမှာ နည်းလမ်းအမျိုးမျိုးနဲ့လည်း အသုံးပြုလို့ရပါသေးတယ်။ ဒါ့ကြောင့် သစ်ကြံပိုးခေါက်ကို အပင်နဲ့ စိုက်ခင်းတွေမှာ ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာကို ယခုဆောင်းပါးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ယခုဆောင်းပါးမှာ ရေးသားထားတဲ့ သစ်ကြံပိုးခေါက်ဆိုတာ သစ်ကြံပိုးခေါက် အမှုန့်ကို ရည်ညွှန်းရေးသားထားတာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။
(၁) ပျိုးပင်များ သေဆုံးမှုမှ ကာကွယ်နိုင်ခြင်း
ဟင်းသီးဟင်းရွက်နဲ့ ပန်းပင်တွေစိုက်ပျိုးတဲ့အခါ ပျိုးပင်ဘဝမှာ ခါးရိရောဂါ (damping-off) ကျရောက်ဖျက်ဆီးလေ့ရှိပါတယ်။ ခါးရိရောဂါဟာ မြေဆောင်မှိုရောဂါဖြစ်ပြီး မျိုးစေ့အဆင့်မှာရော ပျိုးပင်အဆင့်မှာပါ ထိခိုက်သေဆုံးစေနိုင်တာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာစေတဲ့ အဓိကအကြောင်းရင်းတစ်ခုက စိုစွတ်မှုများတဲ့ မြေဆီလွှာအခြေအနေကြောင့် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သစ်ကြံပိုးခေါက်အမှုန့်တွေကို မြေဆီလွှာထဲထည့်ပေးခြင်းအားဖြင့် ထိခိုက်လွယ်တဲ့ ပျိုးပင်တွေကို မှိုရောဂါကျရောက်ဖျက်ဆီးမှုကနေ ကာကွယ်တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပင်တွေကို ကိုင်းဖြတ်မျိုးပွားခြင်း (cutting) ပြုလုပ်တဲ့အခါ ပိုင်းဖြတ်ထားတဲ့ အပင်အစိတ်အပိုင်းတွေကို သစ်ကြံပိုးခေါက်အမှုန့်ကို သုတ်လိမ်းပေးခြင်းဖြင့် မှိုရောဂါတွေမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အပင်အိုတွေမှာ မှိုသတ်ဆေးအနေနဲ့ ဖျန်းမယ်ဆိုရင် ပထမဆုံးအနေနဲ့ သစ်ကြံပိုးခေါက်အမှုန့် ၁ ဇွန်း (သို့မဟုတ်) ၂ ဇွန်းကို ရေအနည်းငယ်နဲ့ တစ်ညနှပ်ထားရမှာ ဖြစ်ပါတယ်။ အသုံးမပြုခင်မှာ ဆန်ကာခပ်စိတ်စိတ် (သို့မဟုတ်) ပိတ်စအပါးကို အသုံးပြုပြီး အရည်ကို စစ်ယူရမှာ ဖြစ်ပါတယ်။ အရည်ရပြီဆိုပါက အပင်ရဲ့ထိခိုက်မှုရှိနေတဲ့ အရွက်၊ ပင်စည်နဲ့ အခြားသော အစိတ်ပိုင်းတွေကို ပက်ဖျန်းနိုင်ပါတယ်။ အကယ်လို့ မြေဆီလွှာမှာ မှိုရောဂါ ပြဿနာတွေရှိနေမယ်ဆိုရင်လည်း မြေဆီလွှာပေါ် ပက်ဖျန်းပေးနိုင်ပါတယ်။
(၂) အမြစ်ထွက်စေရန် ကူညီပေးနိုင်ခြင်း
အပင်စိုက်ပျိုးရာမှာ အမြစ်ထွက်ဟော်မုန်းဆေးတွေ ဝယ်ယူအသုံးပြုနေရတယ်ဆိုရင် သစ်ကြံပိုးခေါက်ကိုလည်း ထည့်သွင်းစဥ်းစားဖို့ အကြံပြုလိုပါတယ်။ အပင်တွေကို ကိုင်းဖြတ်မျိုးပွားတဲ့အခါ သစ်ကြံပိုးခေါက်အမှုန့်ကို အသုံးပြုခြင်းဖြင့် အမြစ်တွေကြီးထွားဖွံ့ဖြိုးလာဖို့ လှုံ့ဆော်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ သစ်ကြံပိုးခေါက်အမှုန့် ထမင်းစားဇွန်း ၁ ဇွန်းကို စာရွက်တစ်ရွက် (သို့မဟုတ်) အခင်းတစ်ခု ပေါ်မှာ ပုံထားရပါမယ်။ ပြီးလျှင် ကိုင်းဖြတ်ထားတဲ့ အပင်အစိတ်အပိုင်းတွေကို ရေစွတ်ပြီးနောက် သစ်ကြံပိုးခေါက်အမှုန့်နဲ့ သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ ပြီးပါက ကိုင်းဖြတ်ထားတဲ့ အပင်အစိတ်အပိုင်းတွေကို မိမိစိုက်ပျိုးမယ့် အိုး (သို့မဟုတ်) မြေထဲကို ထည့်ပြီးစိုက်ပျိုးနိုင်ပါတယ်။ ထို့နောက် သစ်ကြံပိုးခေါက်အမှုန့်ကနေ အပင်ရဲ့ကြီးထွားဖွံ့ဖြိုးမှု အသစ်ဖြစ်ပေါ်လာဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ ဤနည်းလမ်းကို အပင်အမျိုးအစား အားလုံးမှာလည်း အသုံးပြုနိုင်ပါတယ်။
(၃) သံချေးရောဂါ ကာကွယ်ပေးနိုင်ခြင်း
အပင်တွေမှာ မကြာခဏ တွေ့ရတတ်တဲ့ သံချေးရောဂါဟာလည်း မှိုကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မြေဆောင်မှိုရောဂါတစ်မျိုးဖြစ်တဲ့ သံချေးရောဂါဟာ Puccinia distincta လို့ခေါ်တဲ့ မှိုရဲ့ မှိုစပိုးတွေကတဆင့် ကူးစက်ပြန့်ပွားတာလည်း ဖြစ်ပါတယ်။ သံချေးရောဂါရဲ့ ဆိုးရွားတဲ့အချက်တစ်ချက်က ပန်းပွင့်အပါအဝင် အပင်ရဲ့ အစိတ်အပိုင်းအားလုံးကို ထိခိုက်ပျက်စီးစေနိုင်တာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို သစ်ကြံပိုးခေါက်က ကူညီပေးနိုင်ပါတယ်။ သံချေးရောဂါ ကျရောက်လေ့ရှိတဲ့စိုက်ခင်းတွေမှာ အပင်စိုက်ပျိုးတဲ့အချိန် မြေခံမှာ သစ်ကြံပိုးမှုန့်အနည်းငယ်ကို ထည့်သွင်းအသုံးပြုခြင်းဖြင့် သံချေးရောဂါကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၄) အပင်ရဲ့ ထိခိုက်ဒဏ်ရာများ သက်သာစေခြင်း
အပင်တွေကို ကိုင်းဖြတ်ခြင်း (Pruning) ပြုလုပ်တာဟာ အရေးပါတယ်ဆိုတာကို သိပြီးသား ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် သစ်သီးပင်တွေမှာဆိုရင် အသီးအထွက်နှုန်းကောင်းဖို့နဲ့ အသီးအရည်အသွေးကောင်းဖို့အတွက် ကိုင်းဖြတ်ခြင်းကို မဖြစ်မနေ ပြုလုပ်ကြရတာ ဖြစ်ပါတယ်။ အပင်တွေကို ကိုင်းဖြတ်တောက်တဲ့အခါမှာ ထိခိုက်ဒဏ်ရာရနိုင်သလို အသုံးပြုတဲ့ ပစ္စည်းတွေရဲ့ သန့်ရှင်းမှုအပေါ်မူတည်ပြီး ဒဏ်ရာတွေကနေတစ်ဆင့် ရောဂါပိုးတွေ ဝင်ရောက်ပျံ့နှံ့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ပြဿနာမျိုးကိုလည်း သစ်ကြံပိုးခေါက်က ကူညီပေးနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ် ထိခိုက်ဒဏ်ရာရတဲ့ အပင်အစိတ်အပိုင်းတွေကို သစ်ကြံပိုးခေါက်အမှုန့် သုတ်လိမ်းပေးခြင်းဖြင့် အနာကျက်မြန်စေဖို့အားပေးပြီး မှိုရောဂါတွေ ကူးစက်ပြန့်ပွားနိုင်မှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၅) အဖျက်ကောင်များကို ကာကွယ်ပေးနိုင်ခြင်း
စိုက်ခင်းတွေထဲမှာ ကြွက်ကဲ့သို့ အမွှေးထူပါရှိတဲ့ အဖျက်ကောင်တွေရဲ့ ပြဿနာရှိနေတယ်ဆိုရင် သစ်ကြံပိုးခေါက်ကို အသုံးပြုကြည့်ဖို့ အကြံပြုလိုပါတယ်။ အနောက်နိုင်ငံတွေမှာတော့ စိုက်ခင်းတွေထဲမှာ ကြွက်အပါအဝင်၊ ယုန်၊ ရှဥ့် စတဲ့ အကောင်တွေရဲ့ ပြဿနာရှိတာကြောင့် ဒီနည်းလမ်းကို အသုံးပြုကြလေ့ရှိပါတယ်။ စိုက်ခင်းရဲ့ ပတ်ပတ်လည်မှာ သစ်ကြံပိုးခေါက်အမှုန့်ကိုဖြစ်စေ ရေနဲ့ရောစပ်ပြီးတော့ဖြစ်စေ ပက်ဖျန်းထားခြင်းဖြင့် ထိရောက်မှုရှိစေမှာ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း သစ်ကြံပိုးခေါက်ဟာ အနံ့ အလွန်ပြင်းတဲ့အတွက် အဖျက်ပိုးတွေ နောက်ထပ်မလာအောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၆) အိမ်တွင်း အလှစိုက်အပင်များမှာ အသုံးပြုနိုင်ခြင်း
အိမ်တွင်း အလှစိုက်အပင်တွေမှာလည်း သစ်ကြံပိုးခေါက်အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ပါတယ်။ သစ်ကြံပိုးခေါက်ဟာ အိမ်တွင်း အလှစိုက်အပင်တွေမှာ ကျရောက်ဖျက်ဆီးတတ်တဲ့ မွှားပင့်ကူ၊ မှက်၊ ယင်ဖြူနဲ့ အခြားသော အဖျက်ပိုးတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ အပင်ခြေအနီးတဝိုက် မြေမျက်နှာပြင်ပေါ်မှာ သစ်ကြံပိုးခေါက်အမှုန့်ကို ဖျန်းပေးထားဖြင်းအားဖြင့် အင်းဆက်အဖျက်ပိုးတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်ကြံပိုးခေါက်ရဲ့ မူလအာနိသင်အတိုင်း အိမ်တွင်းအလှစိုက်အပင်တွေမှာ ကျရောက်တတ်တဲ့ မှိုရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဇင်ထူးနိုင်
Ref: https://morningchores.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒို့ဦးလေး
လွန်ခဲ့သော ၄ နှစ် ကမျိုးစေ့ချစိုက်ချိန် သိူ့မဟုတ် ပျိုးပင်ချစိူက်ချိန်မှာ မြေထဲကို သစ်ကြပိုးမှုန့် ဖြူးပြီး စိူက်ပေးပါ။ မြေဆောင်မိှုတွေကို ကာကွယ်ပေးပါတယ်။ အပင်ထွက် သဘာဝပစ္စည်းမို့၊ နုန်းထားများလည်းဘေးထွက်ဆိုးကျုိးနည်းပါတယ်။ တကယ့်လက်တွေ့အနေနဲ့ မြန်မာနိုင်ငံစိုက်ပျိုးရေးမှာ ၊တွင်တွင်ကျယ်ကျယ် မသုံးကြသေးပါ။
ဦးသုရှိန်ဝင်း
လွန်ခဲ့သော ၄ နှစ် ကမြေထဲမှာရောမယ်ဆိုရင် ဘယ်လောက်အချိုးလောက် ထည့်ရမလဲဗျ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026