အစိမ်းရောင်လမ်း
ထောပတ်သီး အမြန်မှည့်အောင်လုပ်နိုင်တဲ့နည်း ၅ မျိုး

ထောပတ်သီး အမြန်မှည့်အောင်လုပ်နိုင်တဲ့နည်း ၅ မျိုး

မြတ်စုဝေ
မြတ်စုဝေ 05/11/2021

၁) သဘာဝအတိုင်း မှည့်အောင်လုပ်နည်းကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။ အချိန်တော့ကြာနိုင်ပါတယ်။ ထောပတ်သီးလေးတွေကို ခွက်တစ်ခုထဲထည့်ပြီး မီးဖိုချောင်ရဲ့ နေပြောက်လေးတွေပဲရနိုင်တဲ့နေရာမှာထားပါ။ နေရောင်ခြည်နွေးနွေးလေးက အသီးမြန်မြန်မှည့်အောင်ကူညီပါလိမ့်မယ်။ 

၂) အသီးက နေရောင်ခြည်‌နဲ့ မှည့်ဖို့ခက်ခဲပါက စက္ကူအိတ်ထဲထည့်ပြီး မှည့်အောင်လုပ်လို့ရပါတယ်။ 

အညိုရောင်စက္ကူအိတ် (သို့) စက္ကူအိတ်ထဲမှာ ထောပတ်သီးတွေထည့်ပြီး လေဝင်လေထွက်‌ကောင်းတဲ့ခြင်း (သို့) တောင်း (သို့) ဂျပ်ပုံးထဲအုပ်ပါကလဲ အသီးအမြန်မှည့်နိုင်ပါတယ်။ ဒါဟာ အသီးကထွက်တဲ့ အီသိုင်လင်းဂက်စ် ethylene gas ကို သူကိုယ်တိုင်ပြန်ရစေပြီး အမှည့်မြန်စေပါတယ်။ 

၃-၄ ရက်လောက်ထည့်ပြီး အုပ်လို့ရပါတယ်။ တစ်ရက်တစ်ခါတော့ ထုတ်ကြည့်ဖို့မမေ့ပါနဲ့။ အမှည့်လွန်ပြီး ပျက်စီးပါလိမ့်မယ်။ နေရာဒေသပေါ်လည်း မူတည်ပါလိမ့်မယ်။ အပူပိုင်းဒေသဆို အမှည့်လွယ်ပီး အေးတဲ့ဒေသဆိုရင်တော့ သူ့ရဲ့ဖြစ်စဉ်အရ မှည့်ဖို့ကြာပါတယ်။ 

၃) အခြားအသီးတွေဖြစ်တဲ့ ပန်းသီး၊ မှည့်နေတဲ့ငှက်ပျောသီးနဲ့ရောပြီး စက္ကူအိတ်ထဲထည့်ပြီး မှည့်အောင်အုပ်ပါက ၃-၄ ရက်အတွင်း မှည့်ဖို့လွယ်ပါတယ်။ အသီးများများအုပ်ပါက ပန်းသီး၊ ငှက်ပျောသီး ၂-၃ လုံးထည့်ပြီးအုပ်ပါ။ ဒါပေမဲ့လည်း ကိုယ့်အသီးရဲ့ အခြေအနေပေါ်လည်း မူတည်ပါတယ်။ 

၄) ဆန်ထည့်ထားတဲ့ခွက်ထဲမှာ ထောပတ်သီးထည့်ပြီး အုပ်လို့ရပါသေးတယ်။ ဆန်က အသီးတွေမြန်မြန်မှည့်ဖို့လို‌တဲ့ ethylene gas များများထွက်အောင် လုပ်ပေးနိုင်ပါတယ်။ အစိုဓာတ်များသလို အသီးချွေးပြန်ခြင်းလည်း မဖြစ်‌စေဖို့ ဆန်က တားဆီးပေးပါတယ်။ 

၅) Microwave oven ထဲထည့်ပီး ၁၀ မိနစ်အတွင်း မြန်မြန်မှည့်အောင်လုပ်လို့ရပါတယ်။ စားချင်သလောက်လေးပဲ စမ်းပြီး လုပ်ကြည့်ပါ။ ဒီနည်းကတော့ အရသာအပြည့်အဝကောင်းဖို့တော့ တာဝန်မယူပါဘူး။ ဒါပေမဲ့ ထောပတ်သီးကို အရမ်းကြိုက်တဲ့သူတွေအတွက်ကတော့ အဆင်ပြေပါလိမ့်မယ်။

    ထောပတ်သီးကို ငွေရောင်စက္ကူထဲထည့်ပြီးထုပ်ပါ။ နောက်ပြီး မုန့်ဖုတ်တဲ့ဗန်းပေါ်တင်ပြီး အပူချိန် 200 'C မှာ ၁၀ or ၁၅ မိနစ် အပူပေးပါ။ အပူပေးပြီးရလာတဲ့ နူးညံ့တဲ့ထောပတ်သီးကို အအေးခံမယ် (သို့) ရေခဲသေတ္တာထဲခဏထားပြီး စားသုံးလို့ရပါပီ။ စမ်းသပ်ကြည့်ကြပါနော်။

    သိုလှောင်မယ်ဆိုပါက ထောပတ်သီးအခြမ်းလိုက်လေးတွေကို ပလတ်စတစ်ဇစ်အိတ် သို့ တစ်ခါ‌သုံး ပလတ်စတစ်လေးနဲ့ သေချာထုပ်ပြီး ရေခဲသေတ္တာထဲမှာ ၁-၂ ရက်လောက်ထည့်စားလို့ရပါတယ်။

Reference

https://www.catalyticgenerators.com/blog/avocado-ripening-handling/

https://www.thepioneerwoman.com/food-cooking/cooking-tips-tutorials/a36079339/how-to-ripen-avocado/

https://www.foodiecrush.com/how-to-ripen-avocados-perfectly/

https://loveonetoday.com/how-to/pick-buy-fresh-avocados/

You

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....